Thursday, February 26, 2015

ဒီဝဋ်​​ကြွေးဆို အကြိုက်​ဆုံး~~~~~~~

ဒီဝဋ်​​ကြွေးဆို အကြိုက်​ဆုံး~~~~~~~
ရှင်​လူ
~~~~~~~~
ပြင်​​သစ်​နိုင်​ငံက အပတ်​စဉ်​ထုတ်​ သ​ရော်​စာ
မင်္ဂဇင်းတိုက်​ ချာလီဟဘ်​ဒို ကို အကြမ်းဖက်​​သမားများကဝင်​​ရောက်​ တိုက်​ခိုက်​တဲ့သတင်းကြားရ​တော့ရှင်​လူတ​ယောက်​ အလိုလို​နေရင်း ​သွေးနားထင်​​ရောက်​မိရဲ့။ တိုက်​တိုက်​ဆိုင်​ဆိုင်​ ၂၀၁၅ ဇန္နဝါရီလထဲမှာ
နှင်း ဆီဖြူဂျာနယ်​ တာဝန်​ခံအယ်​ဒီတာကြီးကဒီလထဲ မှာစတင်​ထုတ်​​ဝေမယ့်​ နှင်းဆီဖြူဂျာနယ် အတွက်
သ​ရော်​စာ​ရေးခိုင်းလာတယ်​။ တ​နေ့ကပဲ သူခရီးမသွားခင်​ဖုန်းဆက်​ပြီး စာမူမပြီး​သေးဘူးလား လှမ်​​မေး​နေ​လို့​​ရေးနေပါပြီ​ပြောလိုက်​ရတယ်​။ ​ပြောသာ​ပြောလိုက်​ရတယ်
တကယ်​က တလုံးမှကိုချမ​ရေးနိုင်​​သေး။ ရှင်​လူ့ရင်​ထဲမှာ
အများကသ​ရော်​စာဆိုလို့သာလိုက်​ပြီးသ​ရော်​စာလိုက်​ရတယ်​။ဒီ​နေ့ ဂျာနယ်​ ​တွေ သတင်းစာ​တွေမှာ​ရေး​နေတာ​တွေကို ရှင်​လူက ဟာသ joke ​တွေလို့ပဲထင်​တယ်​။
ရှင်​လူ သိထားတဲ့သ​ရော်​စာက ဆရာ​မောင်​ထင်​ရဲ့
``ငဘ´´တို့ ရုရှားက အက်​တွမ်​ ချက်​​ကော့ဗ်​တို့ အ​ရေးအသားမျိုးမှ satire လို့ထင်​တယ်​။ ထားပါ​တော့​လေ ၊ကိုယ့်​အယူအဆ​တွေ။ အများက သ​ရော်​စာ​ဆိုလည်း သ​ရော်​စာပဲ​ပေါ့၊ ခုချိန်​မှာ ဒီကိစ္စက အ​ရေးမကြီးပါဘူး။အ​ရေးကြီးတာက အဲဒီသ​ရော်​စာ​ရေးတဲ့၊
ရုပ်​​ပြောင်​​ရေးတဲ့နာမည်​ကြီးကာတွန်းဆရာ​တွေ ​သေနတ်
မှန်​ပြီး​ စု​တေခဲ့ရ​တော့ ဘယ်​ဘုံ ဘယ်​ဘဝမှာ ဘာသွားဖြစ်​မလဲ သိချင်​စိတ်​က ရင်​ထဲမှာ ဖုန်း Ring tone မြည်​သလို မြည်​လာတယ်​။ ​နောင်​ဘဝမှာဝဋ်​လိုက်​မယ်​ဆိုလည်း ဘယ်​လိုဝဋ်​မျိုးလဲ ပေါ့။ ရှင်​လူတို့ဒူးတင်​​ပေါင်​တင်​ရပ်​ဝန်းက သ​ရော်​စာ​ရေးသူ​တွေ ၊ရုပ်​​ပြောင်​​ရေးသူ ကာတွန်းနစ်​​တွေရဲ့​ရေးကွက်​ပစ်​မှတ်​က သမ္မတကြီးနဲ့အစိုးရ အပါအဝင်​ လွှတ်​​တော်​ရယ်​ ၊ စစ်​တပ်​ရယ်​ ၊ ခရိုနီ​တွေရယ်​ ။ ရုပ်​ရှင်​၊သဘင်​၊စာ​ပေ၊ဂီတ
စသဖြင့်​ဟို​လောက ဒီ​လောက ၊ ​လောက​တွေကများသမို့
ရေးကွက်​​တွေကလည်းများပါဘိ။ ဒါ​ကြောင့်​ရှင်​လူ​တွေးမိတာက ငါတို့သ​ရော်​စာသမားဆိုတာမျိုးက အန္တရာယ်​နဲ့နီးတယ်​၊စ​လေဦးပုညဆိုလည်း လက်​သံ​ပြောင်​လွန်းလို့ ပြင်​သစ်​သ​ရော်​စာသမား​တွေထက်​ နှစ်​​ပေါင်းများစွာ​စောပြီး ဦးဦးဖျားဖျားလုပ်​ကြံခံရတယ်​။
ဗန်း​မော်​ဆရာ​တော်​ကြီး​တောင်​ ဘုန်းကြီးမို့ မသတ်​ရဲလို့ဗန်း​မော်​ပြန်​ပို့ပြီးနယ်​နှင်​ခံခဲ့ရ​သေးတယ်​။ ဒီ​တော့သ​ရော်​စာ​ရေးတဲ့သူဆိုတာ အသက်​နဲ့ရင်းပြီး​ရေးရတာဆိုပြီး
(​သွေးနားထင်​​ရောက်​မိရဲ့)တကယ်​ဆို သူရရှင်​လူ၊
သီဟသူရရှင်​လူစသဖြင့်​​ပေါ့​လေ။ ထားပါ​တော့​လေ ရှင်​လူတို့ကတိုင်းပြည်​ချစ်​လို့ အသက်​စွန့်​ပြီးသ​ရော်​စာ​ရေး​နေတာ ၊ဘွဲ့ထူး ဂုဏ်​ထူး​တွေလိုချင်​လို့မှမဟုတ်​ဘဲ။
အဲ ..ဒါ​ပေမယ့်​​နောက်​ဘဝ လည်​မယ့်​ဝဋ်​အတွက်​​တော့စဉ်းစားထားသင့်​တယ်​။အလှဖန်​တီးရှင်​​တွေကိုသ​ရော်​မိတဲ့လူက အလှဖန်​တီးရှင်​ဖြစ်​မယ်​၊ ​မော်​ဒယ်​​တွေကိုသ​ရော်​မိတဲ့လူက​မော်​ဒယ်​ဖြစ်​မယ်​။ မင်းသား မင်းသမီး ဒါရိုက်​တာ​တွေကိုသ​ရော်​မိတဲ့လူက မင်းသား မင်းသမီး ဒါရိုက်​တာပြန်​ဖြစ်​ပြီး တပြန်​တလှည့်​သ​ရော်​ခံတဲ့
ဝဋ်​ပြန်​ခံ။ ရှင်​လူ ​ခေါင်​စားသွားမိ​ပေါ့(အမြီး​တော့မစားပါ)
ဒါ​တွေကသိတ်​မဟန်​​သေးပါဘူး။ ဝဋ်​လိုက်​ခံရမယ့်​တူတူ
တော့ အဆင့်​မြင့်​မြင့်​ပဲခံလိုက်​ချင်​တယ်​။
တည်းခိုခန်းပိုင်​ရှင်​၊ လူ​မှောင်​ခို၊ ​နေ့စားလူမိုက်
၊တက္ကစီ ဒရိုင်​ဘာ ၊ အိမ်​ပွဲစား..၊ တခုမှ မမိုက်​​သေးပါဘူး။
တာဝန်​ခံအယ်​ဒီတာကြီး​ရေ ကူပြီးစဉ်းစားစမ်းပါဦး။ ခင်​ဗျားဂျာနယ်​ဆို​တော့ အကြမ်းဖက်​ ဗုံးခွဲခံရမှ ရှင်​လူ့အ​ပေါ်ချည့်ပုံမချနဲ့ ၊ ရှင်​လူ့အရင်​ သ​​ရော်​စာ​ရေး​နေကျလူ​တွေက စာမူခရရင်​ပြီး​ရောဆိုပြီး ​တွေ့ရာမြင်​ရာ ​ရေးစရာလို့ချည်းထင်​ကြတာ။ ရှင်​လူက​တော့ စာမူခအပြင် ရုတ်​တရက်​ အကြမ်းဖက်​ခံရလို့​သေရင်​​တောင်​ ဝဋ်​အမျိုးအစား​ကောင်း​ကောင်းကိုလိုချင်​​နေတာ။
ဒီ​တော့ကာ သမ္မတ ကြီးကိုသ​ရော်​ရင်​ သမ္မတကြီး ပြန်​ဖြစ်​၊ လွှတ်​​တော်​ဥက္ကဋ္ဌကြီးကိုသ​ရော်​ရင်​လွှတ်​​တော်
ဥက္ကဋ္ဌကြီးပြန်​ဖြစ်​၊ တရားသူကြီး၊ ရဲချုပ်​၊ ခရိုနီ..။
ဟင့်​အင်း တခုမှဇိမ်​မရှိ ၊ဒီလိုဝဋ်​မျိုးထက်​စာရင်​ အလှဖန်​တီးရှင်​ကမှ ဇိမ်​ကျ​သေးတယ်​..၊ အဲ အဲ ရပြီ ရပြီ အိုစ​ကေ
ပြီ ခင်​ဗျ။
စာဖတ်​ပရိတ်​သတ်​ကြီးခင်​ဗျာ ရှင်​လူအလိုက်​ချင်​ဆုံးဝဋ်​ကို သင်​တို့​တွေးနိုင်​ပါက ကုဒ်​ နံပါတ်​....။
တော်​ပြီဗျာ ခင်​ဗျားတို့ အာလုံးမှန်​ကုန်​ရင်​ ရှင်​လူ့မှာဆု​ပေးစရာ ဘာစပွန်​စာမှမရှိဘူးဗျ။
အ​ဖြေမှန်​က​တော့...
 အ​ဖြေမှန်​က​တော့....
အ​ဖြေမှန်​ ...က...​တော့ ....
စစ်​...အာ....ဏာ...ရှင်​ ဖြစ်​ပါတယ်​ခင်​ဗျား ။
ေ ဖြာင်း ..​ဖြောင်း...​ဖြောင်း....
ပြေး ....ကြ....​ဟေ့..​ပြေးကြ. ။ ။

ရှင်​လူ
နှင်းဆီဖြူဂျာနယ် ၊၂၇ ​ဖေ​ဖေါ်ဝါရီ ၊၂၀၁၅

Saturday, February 14, 2015

ဗိုလ်​ချုပ်​​အောင်​ဆန်း ရာပြည့်​ပွဲမှာ ငါ​ဟေ့ငါ

ဗိုလ်​ချုပ်​​အောင်​ဆန်း ရာပြည့်​ပွဲမှာ ငါ​ဟေ့ငါ ၊ရှင်လူ​လာပြီ​နော်​သတိသာထားကြ~~~~~
~~~~~~~~~~
မြန်​မာ့ လွတ်​လပ်​​ရေးအတွက်​ တပ်​မ​တော်​ဖွဲ့ဖို့ ဂျပန်​ပြည်​မှာကွယ်​ တဲ့နယ်​တယ်​...။ ရှင်​လူတ​ယောက်
ဗိုလ်​ချုပ်​​အောင်​ဆန်း​တေးသွားကို ဆိုလိုက်​ ၊​လေချွန်​လိုက်​ဖြင့်​ ဗိုလ်​ချုပ်​​အောင်​ဆန်း ရာပြည့်​ပွဲကို ဂုဏ်​ပြုကြိုဆို​နေမိသည်​။ ရှင်​လူ့လိုပဲ ဒူးတင်​​ပေါင်​​​တင်​ရပ်ဝန်း​​​ဒေသကြီး တခုလုံး ဟိုမှာလည်း ဗိုလ်​​အောင်​ဆန်း၊
ဒီမှာလည်းဗိုလ်​​အောင်​ဆန်း ၊ ဗိုလ်​​အောင်​ဆန်းအသံ​တွေ
ဘဝဂ်​ညံ​နေ​လေ​တော့ ရှင်​လူ့အ​တွေးများက လွန်​ခဲ့​သော
အတိတ်​ကာလ များဆီ ပြန်​လစ်​ခဲ့မိ​လေ​သည်​တမုံ ။
ရှင်​လူ ၉ နှစ်​သားအရွယ်​ ၁၉၆၂ ခု မတ်​လ ၂ ရက်​​နေ့ကဖြစ်​ပါသည်​။မဟာရန်​ကုန်ြ​မို့​တော်​၏ အ​ချက်​အချာကျ​သော​နေရာများမှာ စစ်​သားအများအပြားက
အသစ်​စက်​စက်​ ဂျီသရီး​သေနတ်​များကိုင်​​ဆောင်​ပြီး
စောင့်​ကြပ်​​နေကြလျက်​။
``တပ်​မ​တော်​မှဗိုလ်​ချုပ်​ကြီး​နေဝင်းက ဦး​ဆောင်​ပြီး နိုင်​ငံ​တော်​အာဏာကို သိမ်းပိုက်​လိုက်​ပြီ ´´
ဆိုပဲ ။ ထိုအချိန်​က ရှင်​လူ​နေ​သော​နေရာနှင့်​စစ်​တပ်​ရုံးများမှာမနီးမ​ဝေးအ​နေအထားမို့ ရှင်​လူက ရုံးခန်းများထဲဘာများ​တွေ့ရမလဲဟုစပ်​စပ်​စုစု သွားပြီး​ချောင်း
လေသည်​။ အလို နံရံမှာချိတ်​ထား​သော ဓါတ်​ပုံ အကြီး
ကြီးကခန့်​သား။ ကာကီယူနီ​ဖောင်းဆင်​တူဝတ်​လျက်
ဗိုလ်​ချုပ်​​အောင်​ဆန်းနှင့်​အတူရပ်​​နေ​သောဗိုလ်​ချုပ်​​နေဝင်း
ပုံကြီးကို​တွေ့ခဲ့ရသည်​။ ​သြော်​ ..ဗိုလ်​ချုပ်​​အောင်​ဆန်း
ကား ရဲ​ဘော်​စိတ်​ရှိ​ပေစွ၊ ကျဆုံးပြီးတာ​တောင်​ ဗိုလ်​​နေဝင်းကို ရဲ​ဘော်​အချင်းချင်းရိုင်းပင်းကူညီသည်​​ပေါ့၊
ဤသို့ဖြင့်​ဗိုလ်​ချုပ်​ကြီး​နေဝင်းသည်​ ဗိုလ်​ချုပ်​​အောင်​ဆန်းအကူအညီကိုယူကာ ​ဘောင်းဘီချွတ်​ ပုဆိုးဝတ်​သည့့်​တိုင်​ ၁၉၆၂ မှ ၁၉၈၈ ခုထိ ၂၅ နှစ်​တိုင်​တိုင်​ မြန်​မာပြည်
ကိုLDC ဘဝသို့ချီတက်​ပို့​ဆောင်​ခဲ့​လေသည်​။တဖန်
၁၉၈၈ တွင်​သမ္မတများဖြစ်​လာကြ​သော ဦးစိန်​လွင်​နှင့်
ဒေါက်​တာ​မောင်​​မောင်​တို့ကားမအူမလည်​များဖြစ်​ကြဟန်​တူသည်​။ဗိုလ်​ချုပ်​​အောင်​ဆန်းကိုအားကိုးတတ်​ဖို့​နေ​နေသာသာ ဗိုလ်​ချုပ်​​အောင်​ဆန်းပုံကိုင်​ပြီးဆန္ဒပြချီတက်​လာ​သောက​လေးများကိုပစ်​သတ်​သဖြင့်​ ဗိုလ်​ချုပ်​​အောင်​ဆန်းခမျာ ကျဆုံးပြီးရင်းကျဆုံးရဖြင့်​ အာဇာနည်​ဘွဲ့​တွေ
၂ထပ်​ကွန်း ၃ထပ်​ကွန်းမက အထပ်​ထပ်​ရခဲ့ပြန်​သည်​။အဲဒီအချိန်​က ၈​လေးလုံးအ​ရေး​တော်​ပုံ သပိတ်​လှိုင်းကြီး
ကြောင့်​ဓါတ်​ပုံဆိုင်​များပိတ်​ထားရသဖြင့်​ သမ္မတများဖြစ်​သည့်​တိုင်​သူတို့ပုံများနိုင်​ငံ​တော်​ရုံး​တွေမှာချိတ်​ခွင့့်​မသာဖြစ်​ခဲ့မည်​ထင်​ပါသည်​။သို့​သော်​သူတို့​နောက်​ပုဂ္ဂိုလ်​တို့ကား ဗိုလ်​ချုပ်​​အောင်​ဆန်းသည်​သူတို့​လောက်​အနစ်​နာခံခဲ့သူမဟုတ်​၊ငယ်​ငယ်​နှင့်​​သေခဲ့သူဖြစ်​သဖြင့်​သူတို့​လောက်​တိုင်းကျိုးပြည်​ကျိုး​ဆောင်​ချိန်​မရ။ ဒါ​ကြောင့့်​သူတို့ပုံ​တွေသာရုံးများမှာချိတ်​​လေသည်​။ထိုအချိန်​က
အနားယူထား​သောဦး​နေဝင်းလည်း​ သူ့အ​ကြောင်းသူသိသဖြင့်​သူ့ဓါတ်​ပုံများဆက်​မချိတ်​ဖို့အဆိုပြု၏။အ​ရေးအခင်းအဆက်​ဆက်​ သူ့ဓါတ်​ပုံကြီး​တွေကို ရှင်​လူ
အုတ်​ခဲကျိုးနှင့်​ထုခဲ့တာ​တွေ ရိပ်​မိသွားပုံရ၏။ သက္ကရာဇ်
၂၀၀၀ ခုတုန်းကရှင်​လူတ​ယောက်​ ​ထောက်​လှမ်း​ရေး
တပ်​ရင်းတခုသို့မထင်​မှတ်​ပဲ အလည်​အပတ်​​ရောက်​ခဲ့ဖူး၏။ တပ်​ရင်းရုံးနံရံထက်​မှာ ``လက်​​ကြောင့်​မ​သေ
နှုတ်​​ကြောင့်​​သေ´´ ၊ ``နံရံတိုင်းမှာနား​တွေရှိတယ်​´´ဟူ
သောစာတမ်း​တွေနှင့်​အတူဗိုလ်​ချုပ်​ခင်​ညွန့်​ပုံ အကြီးကြီး
တွေ့ခဲ့ရ၏။ ​သြော်​ ရှင်​လူတို့ဒူးတင်​​ပေါင်​တင်​ရပ်​ဝန်းကြီး
မှာဗိုလ်​ချုပ်​​တွေမှိုလို​ပေါက်​သ​လောက်​ နိုင်​ငံ​တော်​ရုံး​တွေကလည်း ဖက်​ရှင်​အမျိုးမျိုး​ပြောင်း​လေ့ရှိသတတ်​။
ဟော ခုကာလ ကြည့်​လိုက်​ပါဦး ။နိုင်​ငံ​တော်​သမ္မတကြီးက​ဒေါ်​အောင်​ဆန်​စုကြည်​နှင့်​​တွေ့ဆုံစဉ်​မှာ
ဗိုလ်​ချုပ်​​အောင်​ဆန်း ပုံ​နောက်​ခံကို မထင်​မှတ်​ပဲ​တွေ့လိုက်​ရ​တော့ လူ​တွေ အံ့အားသင့်​ကုန်​၏။ဗိုလ်​ချုပ်​​အောင်​ဆန်းကား နိုင်​ငံ​တော်​တာဝန်​ကိုထမ်း​ဆောင်​ရန်
ပြန်​​ပေါ်ခဲ့ပြန်​​လေပြီ။ ၁၉၉၀ ခု NLD ​ရွေး​ကောက်​ပွဲ
နိုင်​စဉ်​က ရှင်​လူတို့ လက်​ဖက်​ရည်​ဆိုင်​ ထိုင်​လျှင်
ပဲပြုတ်​နှင့်​နံပြားကို အသံကျယ်​ကျယ်​နှင့်​မှာယူစား​သောက်​​လေ့ရှိ၏။နှုတ်​မှလည်း ``တို့ဗိုလ်​ချုပ်​ကပဲပြုတ်​နဲ့နံပြားဆိုသိတ်​ကြိုက်​တာကွ ၊ဒါ​ကြောင့်​ငါလည်းပဲပြုတ်​နံပြား​နေ့တိုင်းစား​နေတာ´´။တဆိုင်​လုံးကြား​အောင်​​အော်​ချက်​ထုတ်​၏။ရင်​ဘတ်​မှာ ဗိုလ်​ချုပ်​​အောင်​ဆန်းပုံရင်​ထိုး
အကြီးကြီး ကိုမဖြုတ်​တန်းထိုးထားသဖြင့်​ရှပ်​အကျီင်္ီပင်
တွယ်​ချိတ်​မှသံ​ချေးစွန်းသဖြင့်​ချွတ်​မရ။ အဲ ..​နောက်​ပိုင်း
ဒေါ်စု ​နေအိမ်​အကျယ်​ချုပ်​ကျ၊NLD​တွေကို အပစ်​ရှာ
ဖမ်းဆီး အ​ကြောင်းအမျိုးမျိုးပြ​ထောင်​ချ၊နှိပ်​စက်​ကလူ
လုပ်​ကြပြန်​​တော့ရှင်​လူ့ခမျာ မနက်​လက်​ဖက်​ရည်​ဆိုင်​မှာ
အ​ခြေအ​နေအရ နံပြား​ထောပတ်​သုတ်​​ပြောင်းစားခဲ့ရပြီး၊ရင်​ဘတ်​ကဗိုလ်​ချုပ်​​အောင်​ဆန်းရင်​ထိုးဖြုတ်​၊ အိမ်​အမိုးကြွက်​​လျောက်​ထုတ်​တန်းကြားမှာအသာဝှက်​၊ အိမ်​​ရှေ့ဧည့်​ခန်းက ဗိုလ်​ချုပ်​ဓါတ်​ပုံကြီးဖြုတ်​ပြီး အဝတ်​​သေတ္တာ​အောက်​ဆုံးမှာ သတင်းစာနှင့်​ပတ်​ပြီးလုံလုံခြုံခြုံ
သိမ်း။
အေး​လေ..ဘာပဲဖြစ်​ဖြစ်​ ဗိုလ်​ချုပ်​​အောင်​ဆန်း
နှစ်​တရာပြည့်​အထိမ်းအမှတ်​ အဖြစ်​ ရှင်​လူကိုယ်​တိုင်
Post က​လေးတခု​ရေးပြီး ရှင်​လူ့ကတုံးပုံ(ဗိုလ်​ချုပ်​​အောင်​ဆန်းနှင့်​​ခေါင်းခွံခြင်းခပ်​ဆင်​ဆင်​ ပုံနှင့်​တွဲပြီး
ဖေ့ဘွတ်​​ပေါ်တင်​ခဲ့ပါသည်​) သ​ဘောတူသူများ Likes
ပေးကြပါ ။ဗိုလ်​ချုပ်​​အောင်​ဆန်း သာအသက်​ပြန်​ရှင်​လာမယ်​ဆိုရင်ဗိုလ်​ချုပ်​ပါးရိုက်​ခံရမယ့်​ လူစာရင်းမှာ ရှင်​လူလည်း
ရှေ့ဆုံးကပါမယ်​ထင်​တယ်​။ ဘာလို့လဲဆို​တော့ ဒီ​လောက်​မတရားလုပ်​​နေတဲ့ အစိုးရအဆက်​ဆက်​လက်
အောက်​မှာ နှစ်​​ပေါင်း​ ၆၀ ​ကျော်​ထိ အသက်​ရှည်​​နေလို့ပဲ။
တပ်​ချုပ်​ကြီးက​တော့ ၆၀ မပြည့်​​သေးလို့ ရှင်​လူ့စာရင်းမှာမပါ​သေးပါ။

အာ​​ခေါင်နီ​ ရှင်​လူ

နှင်းဆီဖြူဂျာနယ် ၊
၁၅ ဖေ​ဖေါ်ဝါရီ ၊၂၀၁၅. ..