Tuesday, April 28, 2015

တန်ဖိုး

တန်ဖိုး
~~~
ဦးဝင်းတင် ကွယ်လွန်သွားတာ
ကြယ်တလုံးကြွေကျသွားတာမဟုတ်ဘူး၊
ကြယ်တလုံးကြွေရုံနဲ့ ကမ္ဘာတခု မှောင်မသွားဘူး၊
ခုဟာက မုသာဝါဒ မိုးမှောင်ကျနေတဲ့ ငါတို့နိုင်ငံထဲမှာ
အရေးပါတဲ့ ဂျင်နရေတာကြီးတခု ရပ်သွားတာ...

ညိုမြသွေး

Poem#Observation#ShinLhu

Monday, April 27, 2015

ပိတောက်ပြက္ခဒိန် ၊၂၀၁၅ ဧပြီလ ၂၇ ရက်

ပိတောက်ပြက္ခဒိန် ၊၂၀၁၅ ဧပြီလ ၂၇ ရက်
~~~~~~~~~~~~~~~~~~~
ပိတောက်ပင်ကြီးက မေးတယ်
မင်း နောက်ထပ် ဘယ်နှစ်ကြိမ် ပွင့်ဦးမှာလဲ ..တဲ့
သူ့ကို ပြန်ဖြေလိုက်တယ်
ငါလည်း သိပ်မသေချာဘူးကွာလို့ ..

ညိုမြသွေး

Poem#Ovservation#ShinLhu

Monday, April 13, 2015

လွမ်းတတ်သူမဖတ်ရ

လွမ်းတတ်သူမဖတ်ရ
~~~~~~~~~~
ငှက်ကလေးရေ မင်းက တကောင်တည်းလား
ငါလည်း တကောင်တည်းပဲကွဲ့
ဟောဒီ ကောင်းကင်ကြီး ဟာ
အလွမ်းတွေနဲ့ဖောက်လုပ် ထားတဲ့ အဝေးပြေး
လမ်းမကြီး တခုဆိုရင်
မင်းနဲ့ငါဟာ လွမ်းဖော်လွမ်းဖက် ခရီးသည် နှစ်ဦးပေါ့ကွယ်။

ညိုမြသွေး

Poem#Observation#Shin Lhu

Thursday, April 9, 2015

နွေအလွမ်း

နွေအလွမ်း
~~~~~
မီးလန့်​သံ​ချောင်း ​ခေါက်​တဲ့ခါ
ရတတ်​သမျှ ပစ္စည်း​တွေ အညာ​စောင်​နဲ့ထုတ်​ပြီး
ပြေးဖို့ အသင့်​ဖြစ်​​နေတတ်​တဲ့ ငါ့ရဲ့ဇနီးသည်​ ၊
သူ့အညာ​စောင်​က​လေးနဲ့ သူ့ကိုယ်​ကိုပတ်​ပြီး
ထွက်​ခွာသွားခဲ့တာ...
ခုဆို..၆ နှစ်​​ကျော်​ကြာခဲ့ပြီ။ ။

ညိုမြ​သွေး

poem#observtion#shinlhu