Monday, September 7, 2015

ဈေးကြီးကြီးပေးခဲ့ရတဲ့အိပ်မက်

ဈေးကြီးကြီးပေးခဲ့ရတဲ့အိပ်မက်
~~~~~~~~~~~~~~
ညိုမြသွေး

တမလွန်မှာ ဝိုင်နီတခွက်နဲ့
မိတ်ဆွေတယောက် က စောင့်နေမလား
ငါ့ ကို လွမ်းတတ်သူကြီးလို့ တချို့က
ထင်ကောင်းထင်လိမ့်မယ်။
ငါ့ခံတွင်းတွေ ကခပ်ပျက်ပျက်
ဖြစ်နိုင်မယ်ဆို ဇာတ်လမ်းရဲ့အလယ်စာမျက်နှာတွေဆွဲဆုတ်
စာအုပ်အသစ်တအုပ် ပုံစံနဲ့
ခပ်တည်တည် လက်မှတ်ထိုးပြီး
မိတ်ဆက်ပွဲ လုပ်ပစ်ချင်တယ်
စာမဖတ်တဲ့ ပရိတ်သတ်တွေနဲ့ပဲပေါ့။ ။

ညိုမြသွေး
Sat 5 Sep 2015
poem#observation#shinlhu