Sunday, January 31, 2016

ဆရာ​မောင်​​သော်​ကမှတ်​စု ******************* (fbမှ ချမ်းငြိမ်းရဲ့ စာနဲ့

ဆရာ​မောင်​​သော်​ကမှတ်​စု
*******************
(fbမှ ချမ်းငြိမ်းရဲ့ စာနဲ့ ​ပေါင်းစပ်​ထားပါ​ကြောင်း)
ဆရာ​မောင်​​သော်​က ရဲ့ ``ကဗျာ့ ဘူ​ကေး´´ ပထမအကြိမ် ​ထုတ်​​ဝေ​တော့ ထုတ်​​ဝေသူက ဆရာ့စာမူခကို ပို့​ပေးဖို့ ရှင်​လူ့ကို တာဝန်​​ပေးပါတယ်​ ၊ဒါနဲ့ရှင်​လူ လည်း ကြည့်​မြင်​တိုင်
ပန်းပင်​ကြီးလမ်း (ထင်​ပါတယ်​)ဆရာ့အိမ်​သွားပြီး စာမူခ​ပေး​တော့ ပိုက်​ဆံထပ်​ကို မ​ရေပဲ ဆရာ ​မောင်​​သော်​က က စားပွဲ​ပေါ်အမှတ်​မဲ့ တင်​လိုက်​ပါတယ်​ ၊ ဒီ​တော့ ရှင်​လူက ဆရာ ပိုက်​ဆံ ​ရေ ကြည့်​ပါဦး ဆို​တော့
ဆရာက သူ့ စတိုင်​လ်​ အတိုင်း ဇက်​​က​လေး
စောင်းလျက်​နဲ့ (ပိုက်​ဆံ​ရေဖို့ ဝါသနာမပါဘူး)လို့ ပြန်​​ပြောပါတယ်​ ။မဟုတ်​ဘူးဆရာ ကျ​နော့ မှာတာဝန်​မကင်းလို့ပါဆို​တော့ ၊ရပါတယ်​ ဆိုပြီး ဒီအတိုင်းပဲ ထားလိုက်​ပါတယ် ။ ရှစ်​​လေးလုံး ​နောက်​ပိုင်းမှာ ထုတ်​​ဝေသူ ဦးဝင်းတင်​(EFA) ယ္ခု ဘာသာပြန်​စာ​ရေးဆရာ မင်း​ကျော်​စွာ က ``မင့်​ ဆရာ
မောင်​​သော်​ကကြီး တလ ငါး​ထောင်​​လောက်​ရ​နေတဲ့ သ​င်္ဘောသား သင်​တန်းကိုပစ်​ပြီး
NLD ထဲဝင်​သွားပြီ ´´လို့​ပြော​တော့ ၊ အင်းဆရာက ပိုက်​ဆံ​ရေတာ ဝါသနာမပါဘူး လို့ ​ပြောခဲ့တာ သတိရမိပါတယ်​။ အဲဒီ​နာက်ပိုင်း
တ​နေ့မှာ ​ရွှေဘုန်းလူ (တာရာမင်း​ဝေ )ရဲ့`` ​ကျောင်းဖွင့်​ချိန်​´´ကဗျာကို တနည်းနည်းနဲ့ အသုံးပြုနိုင်​ဖို့
သူ့ အကို ​အောင်​ဒင်​ရှိရာ NLD ရုံး(​ဒေါ်​အောင်​ဆန်းစုကြည်​ အိမ်​)အဲဒီအချိန်​က ​ရွှေဂုံတိုင်​ရုံး
မရှိ​သေးဘူးထင်​ပါတယ်​...ကို ​ရောက်​​တော့ ​အောင်​ဒင်​ အစည်းအ​ဝေး ထိုင်​​နေတဲ့ အတွက်
တဘက်​က လက်​ဖက်​ရည်​ဆိုင်​(Ever Green)
မှာ နှစ်​​ယောက်​သား ထိုင်​​စောင့်​ကြပါတယ်​။
အမှတ်​မထင်​ တဖက်​က စားပွဲကိုကြည့်​လိုက်​​တော့ ဆရာ​မောင်​​သော်​ကနဲ့ လူကြီးအချို့
ထိုင်​ပြီးစကား​ပြော​နေတာ ​တွေ့လိုက်​ရပါတယ်​။ သွားပြီးနှုတ်​ဆက်​ရင်​လည်း မှတ်​မိချင်​မှမှတ်​မိမှာပဲ​လေ ဆိုပြီး နှုတ်​မဆက်​ဖြစ်​ခဲ့ပါ။ မတရားတဲ့ အမိန့်​ အာဏာဟူသမျှ တာဝန်​အရ ဆန့် ကျင်ကြ ဆိုတဲ့ကာလဖြစ်​ပါတယ်​။
စစ်​အစိုးရရဲ့ ဖိနှိပ်​မှု အမျိုးမျိုးကို အံတုရင်း ဆရာ​မောင်​​သော်​က တ​ယောက်​ ​ထောင်​ထဲမှာ ကျဆုံးတဲ့သတင်းကြား​တော့ တနိုင်​ငံလုံးက လူ​တွေနည်းတူ ရှင်​လူလည်းစိတ်​ထိခိုက်​ခဲ့ရပါတယ်​။ ဒီကြားထဲ သူ​နောက်​ဆုံး
ကြုံးဝါးသွားတဲ့ ကဗျာ​လေးက ဘာတဲ့...
မောင်​​သော်​ကဆိုတဲ့ မီးခြစ်​ဆံ​လေး တ​ချောင်းက မီးဟုန်းဟုန်း​တောက်​မယ်​ဆိုလား...
ခု​တော့ ပြည်​သူ့ အင်​အား မီး​တောက်​ကြီးက
တနိုင်​ငံလုံး ထိန်​ထိန်​ညီး ​နေပါပြီ​ကော...
ဆရာကြီးခင်​ဗျာ......
(ဆရာ့အ​ကြောင်း သီးသန့်​မ​ရေးနိုင်​ပဲ scrabble ဆက်​သလို လုပ်​လိုက်​ရတဲ့အတွက်
အားလုံးကို​တောင်းပန်​အပ်​ပါတယ်​ ခင်​ဗျာ)
ရှင်​လူ.Sat,30 jan 2016
ယုံကြည်ချက်ကို အသက်နှင့် လဲသူ (သို့မဟုတ်) တိုက်ရေယာဉ် ၁၀၃................................လွန်ခဲ့သော (၂၇) နှစ်ကျော် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်သို့ ပထမဆုံး မိန့်ခွန်းပြောကြားနေစဉ်။ (ရန်ကုန်ဆေးရုံကြီး နှလုံး ကုသဆောင်ရှေ့တွင် ၁၉၈၈ သြဂုတ်လ ၂၄ ရက်၌ အဆိုပါ မိန့်ခွန်းပြောကြားရာတွင် ဆရာမောင်သော်ကနှင့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်သီတာထွန်းတို့က ထိုသို့နံဘေးမှ ၀န်းရံပေးခဲ့သည်။ ဆရာမောင်သော်ကသည် ထိုအချိန်က စာနယ်ဇင်း သမဂ္ဂဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။) (ဓာတ်ပုံ − ဆန်နီညိမ်း).......................................မျက်နှာက တင်းမာခက်ထန်နေသည်။ မျက်လုံးများက ထီမထင်၊သရော်အပြုံးနှင့် လေးထောင့်ကျကျ မေးရိုးကလာမည့်ဘေးပြေးတွေ့မည့်သဏ္ဌာန်၊ ကျန်းမာရေး ချို့ယွင်းနေပုံရသော်လည်း ကိုယ်နေဟန်မတ်မတ်က ဘာကိုမျှ မကြောက်ရွံ့သည့်ဟန်၊ အမှန်တရားအတွက် မတရားမှုများအတွက် သေသေကျေကျေ အဆုံးစွန်အထိ တိုက်ဖျက်သွားမည့် သဏ္ဌာန် . . ။လွန်ခဲ့သော (၂၇)နှစ်က အစိုးရသတင်းစာကျောဖုံးတွင်ပါ လာသည့် ထိုဓာတ်ပုံကို ယနေ့တိုင် မမေ့နိုင်သေး။ ဓာတ်ပုံနှင့်ယှဉ်တွဲပါလာသည်က ဗိုလ်မှူးဟောင်းဘသော် (စာရေးဆရာ မောင်သော်က) အား နိုင်ငံတော်အပေါ်အကြည်ညိုပျက်စေမှု၊ အရေးပေါ် စီမံမှုအက်ဥပဒေဖြင့် ထောင်ဒဏ်နှစ် (၂၀) ချမှတ်လိုက်ခြင်းသတင်း။မနက် မနက်ဆို ဖရုသဝါစာ အပြည့်ရောက်လာတတ်သော စစ် အစိုးရ၏ဝါဒဖြန့်သတင်းစာပါ ထို ဓာတ်ပုံနှင့်သတင်းက ကြည်လင်သာယာသော မနက်ခင်းကို ကျက်သရေကင်းမဲ့စွာ ဖြိုခွဲလိုက်ပါသည်။(၁)ဗြိတိသျှဘုရင်မကြီးအယ်လိဇဘက်လက်ဆောင်ပေးသည့် မေယုစစ်သင်္ဘောကိုဗိုလ်ချုပ်အောင်ဆန်းလက်ခံယူရာတွင် ဂုဏ်ပြုတပ်ဖွဲ့၌ပါဝင်ခဲ့သူ၊ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ နေအိမ်တွင်နေထိုင်ရင်း တပ်မတော်ထဲ ဝင်ရောက်ခဲ့သူ၊ လက်ဝှေ့ကျော်ကျားဘညိမ်းနှင့် ညီအစ်ကိုတော်စပ်သူ၊ တိုက်ရေယာဉ်၁၀၃ နစ်မြုပ်ရာ၌ စစ်ရေယာဉ်မှူးအဖြစ် ခေါင်းဆောင်ပီသစွာ ဦးစီးဆောင်ရွက်ခဲ့ပြီး ပင်လယ်ပြင်ထဲ ၁၃ရက်ကြာမျောပါနေရာမှ ရဲဘော်များအား ကြံ့ကြံ့ခံနိုင်အောင် တွန်းအားပေးခဲ့သူ၊ သတင်းစာ၊ ဂျာနယ်များတွင်သရော်စာ အရေးကောင်းသူ၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း စာနယ်ဇင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး သတင်းစာများတွင်လှုံ့ဆော် ရေးသားခဲ့သူ၊ ဒေါ်အောင်ဆန်းစု ကြည် နိုင်ငံ့အရေးဆောင်ရွက်ပေး ရန် တွန်းအားပေးခဲ့သူ သုံး၊ လေးဦး တွင်ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစု ကြည်တိုင်းပြည်သို့ ပထမဆုံးမိန့်ခွန်းပြောရာ၌ နံဘေးမှ ဝိုင်းရံပေးခဲ့သူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူ၊ ထောင်ဒဏ်ချမှတ်ခံ ရပြီး ကြိုးတိုက်အတွင်းနေရကာ နှိပ်စက်ခံရသူ၊ ထို့နောက်ထောင်အာဏာပိုင်များက အပြစ်လွတ်အောင် ဆေးရုံတင်ပို့ရာမှ ကွယ် လွန်ခဲ့သူ ဆရာမောင်သော်က သည် ရွှေဘိုဇာတိဖွားဖြစ်ပါသည်။ ဗမာ-မွတ်စလင်တစ်ဦးဖြစ်ပြီး အမည်ရင်းမှာ ဘသောင်းဟုတွင်လေသည်။၁၉၄၇ တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အာဇာနည် ဦးရာဇတ်၏ဇနီးဒေါ်ခင်ခင်၏ ကူညီမှုဖြင့် တပ်မတော်(ရေ)ထဲသို့ တပ်သားအဖြစ် ဝင်ရောက်ခဲ့သည်။ထို့နောက် ဗိုလ်ရွေးအဖွဲ့သို့ အကြိမ်ကြိမ်ဝင်ရောက်ဖြေဆိုရာမှ အရာရှိဖြစ်လာပြီး ရခိုင်နှင့်မြစ်ဝကျွန်းပေါ် ဒေသတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ လွတ်လပ်ရေးရ ပြီး ပေါ်ပေါက်လာသည့် ပြည်တွင်းစစ်၌ တပ်မတော်(ရေ)အရာရှိတစ်ဦးအဖြစ် သောင်းကျန်းမှုများကို နှိမ်နင်းခဲ့ရသည်။ တိုက်ပွဲများကဆက်နေပြီး ၁၉၅၆ တွင် တိုက်လေယာဉ် ၁၀၃၏ ဦးစီးမှူး (စစ်ရေယာဉ်မှူး)အဖြစ် ခန့်အပ်ခံရသည်။ ထို့နောက် တိုက်ရေယာဉ် ၁၀၃ သည် မြိတ်သို့သွားရောက်ရာမှ လောင်းလုံးကျွန်းစုအနီး လေပြင်းမုန်တိုင်း ကျရောက်မှုကြောင့် နစ်မြုပ်ခဲ့ရသည်။ ကံကောင်းထောက် မ၍ အသက်မသေသော ရေတပ်သားတစ်စုကိုဦးဆောင်၍ အသက်ကယ်ဖောင်ဖြင့် ပင်လယ်ထဲမျောပါခဲ့ကြသည်။ ၁၃ ရက် ကြာမျောပါနေရာမှ'အိစန်မန်ဂူ' အမည်ရှိ ဂျပန်သင်္ဘောတစ်စီးက တွေ့ရှိကယ်ဆယ်သဖြင့် အသက် ရှင်ခွင့်ရခဲ့သည်။ ဗိုလ်မှူးဘသော်သည် ထိုသို့ အသက်ရှင်ခဲ့သော်လည်း ထိုအချိန်ကစ၍ ကျန်းမာရေး မကောင်းတော့၊ထို့ကြောင့် ၁၉၆၉တွင် တပ်မတော်မှ မကျန်းမာမှုပင်စင် (ဆေးပင်စင်)ဖြင့် အငြိမ်းစားယူခဲ့သည်။ ၁၉ နှစ်အရွယ်ကစ၍ တပ်မတော်ထဲဝင်ခဲ့သော ဗိုလ်မှူးဘသော်သည် ပင်စင်ယူချိန်၌ လုပ်သက် (စစ်သက်)နှစ်ပေါင်း ၂၀ ကျော်ရှိခဲ့သည်။(၂)တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကပင် ၁၉၄၉ ၌ ပဒေသာမဂ္ဂဇင်းတွင် ရွှေကျောက်ဆူးကလောင်အမည်ဖြင့် ဝတ္ထုတို စတင်ဖော်ပြခံရသည်။ ထို့နောက် ဗိုလ်ဘသော် (ရေတပ်)ကလောင်ဖြင့် ရေကြောင်းစာပေများရေးသားခဲ့သည်။ မောင်သော်က ကလောင်အမည်ကို ၁၉၅၆ သြဂုတ်လထုတ် မြဝတီမဂ္ဂဇင်းပါဆောင်းပါး၌ စတင်အသုံးပြုခဲ့သည်။ ထိုမြဝတီမဂ္ဂဇင်း၌ပင် ဝတ္ထုနှင့်ဆောင်းပါးများရေးသားခဲ့ရာ အတန်ငယ် ထင်ရှားလာပါသည်။ထို့နောက် တပ်မတော်မှထွက်ပြီး အစိုးရပြန်ကြားရေးဝန်ကြီးဌာန ကထုတ်ဝေသော ရှေ့သို့နှင့် Forwards စာစောင်များ၌ စာတည်းချုပ်အဖြစ် ထမ်းဆောင်ခဲ့ပြီး စာပေရေးသားခြင်းအလုပ်ကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သည်။ မဆလအစိုးရ အာဘော်စာစောင်တွင် လုပ်ကိုင်နေသော်လည်း ဆရာမောင်သော်ကသည် ပြည်သူ့အတွက် မလစ်ဟင်းခဲ့။ ရေးခွင့်သာလျှင်သာသည့်အလျောက် ပြည်သူများ နေ့စဉ်ကြုံတွေ့နေသော အခက်အခဲ၊ အကျပ်အတည်းများကို ကလောင်စွမ်းပြ၍ ရေးခဲ့သည်။ ပင်ကိုသရော်ဉာဏ်ရှိသူဖြစ်ပြီး အာဝဇ္ဇန်းရွှင်သူတစ်ယောက်ဖြစ်၍ ဆရာမောင်သော်က၏ စာများကို နေ့စဉ်စောင့်ဖတ်သူ မနည်းခဲ့။ ထိုကာလက ပုဂ္ဂလိကသတင်းစာ ဟူ၍မရှိတော့ဘဲ အစိုးရကချုပ်ကိုင်ထားလေရာ သုံး၊ လေးစောင် မျှသာရှိသော သတင်းစာများ၌ ဆရာမောင်သော်က လှည့်ပတ်ရေးလေသည်။ စာရေးရာ၌ လက်သံပြောင်လွန်း၍ ဆရာမောင်သော်က ၏ဆောင်းပါးများ၊သရော်စာများမှာ လူထုကြား ပြောစမှတ်တွင်ခဲ့သည်။လုပ်သားပြည်သူ့သတင်းစာတွင် ဖော်ပြခဲ့သော တာဆာဒေးဟေ့တို့မြန်မာ သရော်ဆောင်းပါးသည် မဆလအစိုးရလက်ထက်ဆပ်ပြာဝယ်မရအောင်ရှားပါးလွန်းသည့် အခြေအနေကို ဖော်ပြထားပြီး ညစ်ပတ်သောလူများသာ ဆပ်ပြာသုံးကြကြောင်း၊ သန့်ရှင်းပြီး လူများအနေဖြင့် ဆပ်ပြာသုံးရန် မလိုကြောင်း၊ ထို့ကြောင့် မိမိအိမ်တွင် ဆပ်ပြာအသုံးပြုခြင်းကို တားမြစ်ထားကြောင်း ရေးထားရာ လူထုကြား အုန်းအုန်းကျွက်ကျွက် ဖြစ်သွားသည်။ ထို့အတူ ထိုခေတ်က ဂဠုန်စီမံချက်ဆိုသည့် ပလက်ဖောင်းဈေးသည်များကို မကြာခဏ ဖမ်းနေခြင်းနှင့် ပတ်သက်၍ ပလက်ဖောင်းများရှိနေ၍သာ ဈေးရောင်းနေကြသဖြင့် ထိုပလက်ဖောင်းများဖျက်လိုက်ပါက ဈေးသည်များအလိုလို ပပျောက်သွားမည်ဖြစ်ကြောင်း အချိန်ကုန်လူပန်း သက်သာစေမည့်အကြောင်း တစ်တစ်ခွခွရေးလိုက်ရာ စာဖတ်သူပြည်သူများ မနောခွေ့ခဲ့ကြသည်။တစ်ဖန် မဆလခေတ်တွင် အစစအရာရာရှားပါးပြီး နေရာတကာအတုနှင့်အရောအနှောများသာကြုံနေရခြင်းကိုဓာတ်ဆီထဲရေ ရောထားခြင်း၊ ရေနံဆီထဲရေရော ထား၍ မီးမွှေးမရခြင်း၊စိတ်ညစ်ညစ်ဖြင့်အရက်သောက်ခါမှ အရက်ထဲရေရောထားခြင်း၊ နောက်ဆုံး ချစ်တီးထမင်းဆိုင်သွားစားရာ၌ စိတ်ပေါက်ပေါက်ဖြင့် ငါ့ကိုရေနွေးရောထားတဲ့ စွပ်ပြုတ်တစ်ခွက်နဲ့ ပဲမှုန့်နဲ့ဂျုံမှုန့် ရောဖုတ်ထားတဲ့ နံပြားနှစ်ချပ်ချပေးဟုရေးထားရာ အလွန်လူကြိုက်များခဲ့သည်။ ထိုသို့သတင်းစာများတွင် သရော်စာ ရေးသားခြင်းနှင့် ပတ်သက်၍ ''အခြေအနေ အကျဉ်းအကျပ် တစ်ရပ်ကို ရင်ဆိုင်ရတဲ့အခါဟာသဓာတ်ခံရှိတာဟာ အကောင်းဆုံး ရင်ဆိုင်ရဲတဲ့သတ္တိကိုပေါက်ဖွားစေတယ်။ပေါက်ကွဲတော့မယ့် ဘွိုင်လာအိုးကြီးတစ်လုံးကို ရေနွေးငွေ့ထုတ်ပေါက် Safety Valve (ဘား) ဖွင့်ပေးတာနဲ့အတူတူပဲ။ လူတွေရဲ့ ရင်မှာခံစားချက်၊ မျိုသိပ်ရတဲ့ခံစားချက်တို့ကို တစ်ဆို့ပေါက်ကွဲမတတ်ဖြစ်ရာက သက်သက်သာသာနဲ့ ထွက်ပေါက်ပေးလိုက်တာဟာ Satire ပါပဲတဲ့ဗျာ''ဟု အဓိပ္ပာယ် ရှင်းလင်းခဲ့သည်။အချို့က ဆရာမောင်သော်က အစိုးရသတင်းစာများတွင် ရေးသားနေခြင်းနှင့်ပတ်သက်၍ နှာခေါင်းရှုံ့ကြသည်။ ထိုသို့မရေးစေလိုကြ၊ သို့သော် ဤသည်ကိုသိသော ဆရာမောင်သော်ကက ''ကိုယ်ကတော့ ကိုယ့်ရေးသားချက်တွေကို လူတစ်စုလက်ခံတာ၊လက်မခံတာထက် အများပြည်သူ လက်ခံတယ်၊ လက်မခံတယ်က ပိုအရေးကြီးတယ် ထင်တယ်။ မကြိုက်ကြလို့ ဆဲကြလည်းမမှုဘူး''ဟုပြောခဲ့သည်။ သတင်းစာတွင်ရေးရခြင်းနှင့် စပ်လျဉ်း၍လည်း'သတင်းစာရဲ့အရှိန်အဝါက အင်မတန်ကြီးတယ်။စာဖတ်ပရိသတ် ပိုပြီးကျယ်ပြန့်တယ်။ သတင်းစာမှာပါတဲ့ဆောင်းပါးကို လူတွေကဖတ်ကြတယ်။စိတ်ဝင်စားကြတယ်။ ဆွေးနွေးကြတယ်။ အဲဒီတော့ သူကပိုပြီး ထိရောက်တယ်'ဟူ၍ ဆိုပါသည်။ ဆရာမောင်သော်ကသည်ပြောသည့်အတိုင်းပင် ကြေးမုံ၊ လုပ်သားအစရှိသည့် သတင်းစာများ၌ တွင်တွင်ကြီး ရေးခဲ့သည်။ သို့သော် သူရေးလေသမျှ ဖားတာဘာတစ်ခုမှမပါ။ အများပြည်သူအတွက်သာ ရေးခဲ့ခြင်းဖြစ်သည်။၁၉၈၇ မတ်လမှ ဇူလိုင်လ အတွင်း ပေဖူးလွှာမဂ္ဂဇင်းတွင်တိုက် ရေယာဉ် ၁၀၃ ကိုယ်တွေ့ဝတ္ထုရှည် ကြီးပါလာသောအခါ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ စာနယ်ဇင်း လောကသာမက အုပ်စိုးသူစစ် တပ်အသိုင်းအဝိုင်းအထိပါ ဂယက်ရိုက်ခတ်သွားသည်။ အုတ်အော်သောင်းတင်း ဖြစ်သွားသည်။ အမှန်မှာ နှစ်များစွာကြာ တအုံနွေးနွေးဖြစ်ခဲ့သော ကိုယ်တွေ့အဖြစ်အပျက်များကို ဇီဝဇိုးငှက်တစ်ကောင်လို ထွေးထုတ်လိုက်ခြင်း၊ တစ်သက်လုံး သိမ်းဆည်းခဲ့သောအကြောင်းအရာကို ဖွင့်ချလိုက်ခြင်း၊ တိုက်ရေယာဉ် ၁၀၃ မှာ မူရင်းနာမည် မဟုတ်၊ မူရင်းနာမည်က ငရဲသို့တစ်ခေါက်ဟု ပေးထားသည်။ ဆိုင်ရာကပြော၍ ပြောင်းလဲပေးခဲ့ရခြင်း၊ ထိုပြောင်းလဲသည့် တိုက်ရိုက်အမည် 'တိုက်ရေယာဉ် ၁၀၃'က ပင် သတင်းပိုဆန်နေပြီး ပိုမိုရှင်သန်နေသည်။ 'တိုက်ရေယာဉ်၁၀၃'အောင်မြင်မှုဖြင့် မောင်သော်က ကလောင်သည်လည်း ပိုမိုအရှိန် အဝါကြီးလာသည်။ လူကတော့ ကျန်းမာရေး မကောင်းတော့၍ ပေစောင်းပေစောင်း၊ ခေါင်းငဲ့မရ၍ ခန္ဓာကိုယ်ပါလှည့်လှည့်ကြည့်ရသည်။ ခြေတစ်ဖက်က သိပ်မသန်ချင်။ သို့သော် ဇွဲနှင့်မာန်ကားတစ်ပြားသားမှမလျှော့။ တိုက်ရေယာဉ် ၁၀၃ နှင့်ပတ်သက်၍ မလိခအညွှန်း ရေးသူဆရာနတ်နွယ်က - တိုက်ရေယာဉ် ၁၀၃ လိုဝတ္ထုမျိုး မြန်မာစာပေလောကတွင်မရှိသေးပါ။ မပေါ်သေးပါ။ ထိုမျှမကပြောရလျှင် ဤဝတ္ထုသည် အကြောင်းအရာအရရော၊ ရေးသားတင်ပြမှု အတတ်ပညာ အရရော နိုင်ငံတကာ အဆင့်မီဝတ္ထုတစ်ပုဒ်ဆိုလျှင် လွန်အံ့မထင်။ ချီးမွမ်းထိုက်သူကို ချီးမွမ်းအပ်ရာ၏ဟု ရေးသားခဲ့ပါသည်။(၃)၁၉၈၈ တွင် ကျောင်းသားများ ဦးဆောင်သော ရှစ်လေးလုံးဒီမို ကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာသောအခါ ဆရာမောင်သော်ကသည် ရှေ့တန်းမှ ပါဝင်လှုပ်ရှားခဲ့သည်။ အရေးတော်ပုံကာလအတွင်း လွတ်လပ်စွာ ထုတ်ဝေသည့် သတင်းစာများတွင်ကလောင်စွမ်းပြသည်။ နဂိုကတည်းက ချုပ်နှောင်မှုအောက်တွင် လူးလွန့်ဖောက်ထွက် ရေးသားခဲ့ရသည့် ဆရာမောင်သော်ကသည် အချုပ်အနှောင်ကင်းကင်း ရေးခွင့်သာသောအခါ အင်တိုက်အားတိုက် ရေးလေသည်။ သို့သော် အတော်များများမှာ နာမည်မခံ။ သို့ရာတွင် စာဖတ်သူက သိလေသည်။ ထိုကာလက သတင်းစာဆရာ၊ သတင်းသမားအစစ်များသည် အရေးတော်ပုံသတင်းစာများ၌ လက်စွမ်းပြကြသည်။ထိုအထဲတွင် ဆရာအထောက်တော်လှအောင်၊ ဆရာဦးဝင်းတင်၊ ဆရာစိန်ခင်မောင်ရီနှင့် ဆရာမောင်သော်ကတို့သည် အင်ပြည့်အားပြည့် ရေးသားခဲ့ကြသည်။သတင်းခေါင်းပေးပုံတွေကလည်း အားပါလှသည်။ ဥပမာ ဒီမိုကရေစီအရေး တောင်းဆိုအုံကြွကြရာ မဟာပထဝီမြေကြီး နိမ့်စောင်းသွားခြင်းမျိုးဖြစ်သည်။ မဖြစ်နိုင်မှန်းသိသော်လည်း သတင်းခေါင်းစီးကလူကိုဖမ်းစားသွားပြီး စိတ်ဓာတ်ခွန်အားကို ရရှိစေသည်။ သတင်းစာဖတ် ပြည်သူများ၏ စိတ်နှလုံးကို သိမ်းကျုံးညှို့ငင်ဆွဲယူလိုက်သော အရေးအသားမျိုး။ ထို့ကြောင့်ပင် ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ ပိုမို ကျယ်ပြောလာခဲ့သည်။စာနယ်ဇင်းသမဂ္ဂဖွဲ့စည်းသောအခါ ဆရာမောင်သော်ကကဥက္ကဋ္ဌ၊ ဟံသာဝတီဦးဝင်းတင်က ဒု-ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးက မောင်ကိုယု ဖြစ်လာသည်။ ထိုပုဂ္ဂိုလ်သုံးဦးသည် နောင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းသောအခါ ဦးဆောင်သူများလည်း ဖြစ်ခဲ့သည်။ သူတို့နှင့် မခွဲမခွာ ပါလာသူက ယခု ဘကြီးမိုးဟုခေါ်ကြသော ဆရာမောင်မိုးသူဖြစ်သည်။ ဆရာမောင်သော်က အပါအဝင် သတင်းစာဆရာ၊ စာရေးဆရာများက သတင်းစာစောင်များမှနေ၍ပြည်သူလူထုကို သတင်းတွေပေးသည်။သတိတွေပေးသည်။ ရှေ့ဆက်လုပ်ရမည့်လုပ်ငန်း တာဝန်တွေကို ချပြသည်။ ဒီမိုကရေစီ တောင်းဆိုနေသော ရဟန်းရှင်လူများကလည်း ထိုသတင်းစာစောင်များကို အလုအယက် ဖတ်ကြသည်။ လူထုက တစ်သွေးတစ်သားတည်း ရှိသည့်သဘော၊ သတင်းနေ့စဉ်မှနေ၍ ဆရာမောင်သော်ကက အချိန်ကို တိုင်းဆခြင်းဆိုသည့် ခေါင်းကြီးကို ရေးသည်။ နိုင်ငံရေးသမားများ သတိထားရန်မှာ မည်သည့်နိုင်ငံတွင်မဆို စကားလုံးရွေးချယ်သုံးနှုန်းမှု (Choice of Word)နှင့် အခွင့်အခါ၊ အချိန်အခါကို အချိန်ကိုက် မှန်းဆတတ်ခြင်းပင် ဖြစ်သည် အစရှိသည့် ခေါင်းကြီးက ထိလှသည်။ထိုသို့ လှုပ်ရှားနေရင်းနိုင်ငံရေးအတွင်းဒေါ်အောင်ဆန်းစုကြည် ပါဝင်လာရေး သူတို့သုံးဦး (ဆရာဦးဝင်းတင်၊ မောင်သော်ကနှင့်မောင်မိုးသူ) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို့ အခေါက်ခေါက် သွားရောက်ကာ တိုက်တွန်း အကူအညီ တောင်းခံသည်။ မိခင်ကြီးဒေါ်ခင်ကြည် မကျန်းမာ၍ မြန်မာပြည်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်ထံ ဒီမိုကရေစီအရေးတွင် ပါဝင်ပေးရန် ပန်ကြားကြသည်။ အမှန်မှာ ဒေါ်အောင်ဆန်းစုကြည်သည် လူရွေးနေခြင်းဖြစ်သည်။ ၎င်း၏အနားတွင် ဦးထွေးမြင့်နှင့် သခင်တင်မြလည်း ရှိနေ၏။ ဤသို့ဖြင့်သြဂုတ် ၂၄ ရက်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်သို့ ပထမဆုံး မိန့်ခွန်းပြောလေသည်။ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ လူထုရဲ့အင်အားဆိုတာ အင်မတန် အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီအင်အားကို အမှန်တရားနဲ့အတူတူ မကိုင်ထားနိုင်ဘူးဆိုရင် ဒီအင်အားတွေဟာ ကိုယ့်အတွက်ပြန်ပြီးတော့ အန္တရာယ် ဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့လို့ ပြည်သူလူထုရဲ့ စွမ်းအားကို အမှန်တရားနဲ့ ထိန်းထားကြပါ အစချီသော မိန့်ခွန်းကိုပြောကြားခဲ့သည်။ အလျဉ်းသင့်၍ ဆိုရပါလျှင် တစ်လောက ယဉ်ကျေးမှုဒုဝန်ကြီး ဦးသန်းဆွေ (စာရေးဆရာမောင်သန်းဆွေ-ထားဝယ်) ပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို တင်ခဲ့သူမှာ မင်းသားကြီးဦးထွန်းဝေ မဟုတ်။ထိုကာလက လှည့်လည်သွားလာရာ၌ မည်သူမည်ဝါ မကွဲပြားလျှင် အန္တရာယ်ကြီးလွန်း၍ ထင်ရှားသည့် အနုပညာရှင်များကဒေါ်အောင်ဆန်းစုကြည်အား ဝန်းရံပေးခဲ့ခြင်းသာဖြစ်ပါသည်။ မင်းသားကြီးဦးထွန်းဝေကဲ့ သို့ပင်ရုပ်ရှင်သရုပ်ဆောင်ဦးအောင်လွင် (စံရွှေမောင်)နှင့် ဒေါ်ခင်သီတာထွန်းတို့က ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်၍ စောင့်ရှောက်ရမည်ဆိုသော အသိဖြင့်ဝန်းရံခဲ့ခြင်းသာ ဖြစ်ပါ၏။ သမိုင်းသုတေသီလည်းဖြစ်၊ ဝန်ကြီးတစ်ပါးလည်း ဖြစ်သော ဦးသန်းဆွေသည် အကြောင်းအရာတစ်ခုကို ဂဃနဏ သေချာစွာမသိဘဲ ဤသို့ လက်လွတ်စပယ် ပြောလိုက်ခြင်းမှာ အံ့သြဘနန်း ဖြစ်စေခဲ့သည်။ ထိုစကားကို ၎င်းမည်သို့တာဝန်ယူမည် မသိ။ ဆိတ်ဆိတ်နေသွားမည်သာ ထင်ပါသည်။ ဧကန်စင်စစ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည် ပြန်မလာခင် ပြည်ပတွင် ရှိစဉ်ကတည်းက မြန်မာ့နိုင်ငံရေးထဲ အနှေးနှင့်အမြန်ပါဝင်ရတော့မည့်အရေး ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။ သူ့ကိုမည်သူကမျှတင်,ပေးခဲ့ခြင်းမရှိပါ။သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းသာ ဖြစ်ပါ၏။၁၉၈၈ သြဂုတ် ၂၈ ရက်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂနေရာ၌ ကျင်းပသော ဗကသ(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား သမဂ္ဂများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်သည့်အခါ ဆရာမောင်သော်ကက စာပေအနုပညာရှင်များ ကိုယ်စားတက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့သည်။ဤသို့ဖြင့် ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးသည် နိုင်ငံတစ်ဝန်းရက်ပေါင်း ၄၀ မျှကြာ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ခြိမ့်ခြိမ့်သဲဆင်နွှဲနေစဉ် စက်တင်ဘာ၁၈၊ ၁၉ ရက်များတွင် စစ်တပ်ကရက်စက်စွာ နှိမ်နင်းဖြိုခွဲခဲ့လေသည်။(၄)စစ်အာဏာသိမ်းပြီးမကြာ၊ ဖွဲ့စည်းတည်ထောင်သော အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဆရာမောင်သော်ကအပါအဝင် တတ်၊ သိပညာရှင်များ ပါဝင်လာကြသည်။ ဒီချုပ်ကို ပါတီအဖြစ် တရားဝင် ဖွဲ့စည်းတည်ထောင်သည့်အခါ ဆရာမောင်သော်ကသည် ဗဟိုဦးစီးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းစည်းရုံးရေးမှူးတာဝန်ခံအဖြစ် တာဝန်အပ်နှင်းခံရပြီး စစ်အစိုးရ၏ နှိပ်ကွပ်မှုကြားက ဒေါ်အောင်ဆန်းစုကြည်၏ အထက်မြန်မာပြည် ခရီးစဉ် အောင်မြင်အောင် ကူညီပံ့ပိုးပေးခဲ့သည်။ ဖိနှိပ်မှုများ ပိုများလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်၊ မောင်သော်က၊ မောင်ကိုယု၊ မောင်ဝံသ၊ စမ်းစမ်းနွဲ့(သာယာဝတီ) အစရှိသူတို့နှင့် တိုင်ပင်၍ အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူ သမျှ တာဝန်အရဖီဆန်ကြ ကြွေး ကြော်သံကို တစ်တိုင်းပြည်လုံး ပျံ့နှံ့သွားအောင် စီစဉ်ဖြန့်ဝေခဲ့လေသည်။ထို့နောက် ၁၉၈၉ အာဇာနည်နေ့အလွန်တွင် ဦးဝင်းတင်၊ မောင်သော်ကနှင့်ဒီချုပ်ခေါင်းဆောင်များ ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးခံရပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့လည်း ထိန်းသိမ်းခံရကာအထက်ဖော်ပြပါအတိုင်း ဆရာမောင်သော်ကအား ထောင်ဒဏ်နှစ် ၂၀ ချမှတ်ပြီး အင်းစိန်ထောင် အထူးတိုက်သို့ ပို့ဆောင်လိုက်သည်။ ထိုမှတစ်ဆင့် သေဒဏ်ကျပြီးသား အကျဉ်းသားများသာထားရာ ကြိုးတိုက်သို့ ထပ်မံပို့ဆောင် ခံရသည်။ ထိုအချိန်တွင် ဆရာမောင်သော်ကမှာ ကျန်းမာရေး ချို့ယွင်းနေပြီဖြစ်သည်။ ထိုသို့သော အခြေအနေ ၁၉၉၀ စက်တင်ဘာတွင် ထောင်အတွင်း အစာငတ်ခံဆန္ဒပြရာမှ ရိုက်နှက်ခံရပြီးထောင်ကြမ်းပြင်သမံတလင်းပေါ် ပစ်ချခံရကာ လေဖြတ်သလို ဖြစ်သွားသည်။ နီးစပ်သူအချို့ကဆရာဝန်များဖြင့်ကြပ်မတ်ကုသပေးပါရန် တင်ပြသော်လည်း အာဏာပိုင်များက ခွင့်မပြုခဲ့။ ကြိုးတိုက်အတွင်းနေရစဉ် အပြင်လောက၌ ဇနီးနှင့်သားတို့ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခြင်းကလည်း သံမဏိလိုမာကျောသော စိတ်ဓာတ်ကို ရိုက်ချိုးသလို ဖြစ်ခဲ့သည်။ တစ်ဦးတည်းသောသားဆုံးရှုံးရခြင်းဖြစ်၍ ပိုမိုခံစားရပုံပေါ်လေသည်။ ထို့နောက် ကြိုးတိုက်ထဲဝင်မူးလဲကာ ထောင်ဆေးရုံသို့တင်ပို့ခဲ့ရသည်။စစ်အာဏာပိုင် စစ်ထောက်လှမ်းရေးကမူ ဆရာမောင်သော်က အနှေးနှင့် အမြန်သွားတော့မည်ဟု တွက်ထားကြသည်။တကယ်တမ်းကျ စစ်အာဏာရှင်များသည် ဆရာမောင်သော်ကကို အမှုန့်ချေပစ်လိုသည်အထိ အမုန်းကြီးမုန်းနေကြသည်။ဤနည်းဖြင့်မသေလည်း အခြားတစ်နည်းနည်းဖြင့် သေဖို့ရာ လုပ်ဆောင်ကြဦးမည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီ အရေးတော်ပုံအတွင်း စစ်ရေးအကူအညီပေးရန် အမေရိကန်အစိုးရထံ အဓိကတောင်းခံသူမှာ ဆရာမောင်သော်က သာလျှင် ဖြစ်၏။ ထို့ကြောင့် အငြိုးကြီးကြီးထားကာ တစ်နည်းနည်းဖြင့် သုတ်သင်မည်သာဖြစ်ချေ၏။ သူတို့ မသုတ်သင်ရဘဲ သူ့စရိတ်ဖြင့်သူသွားပါက အတိုင်းထက်အလွန်ဝမ်းမြောက်ကြပါမည်။အမှန်တကယ်တွင်မူဆရာမောင်သော်ကသည် တိုင်းပြည်ကို ဆယ်စုနှစ်များစွာကြာ လက်နက်ဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့သည့် စစ်အစိုးရကို ဖြုတ်ချရန်ဖြစ်နိုင်သမျှသော နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေလုပ်ကိုင်ခဲ့ခြင်းသာ ဖြစ်ပါသည်။ သူ၏ အဓိကရည်ရွယ်ချက်မှာ မည်သည့်နည်းနှင့်ဖြစ်စေ စစ်အစိုးရကို ဖြုတ်ချရေးသာ ဖြစ်ပါသည်။ ထို့ကြောင့်ပင် စစ်အစိုးရကဆရာ မောင်သော်ကအပေါ် ဤမျှအာဃာတကြီးမားခဲ့ခြင်းဖြစ်သည်။ သူတို့ မျှော်လင့်ထားသလိုလည်းဖြစ်ခဲ့ပါ၏။၁၉၉၁ ဇွန်လ ၁၁ ရက်တွင် ဆရာမောင်သော်က ကွယ်လွန်သွားပါသည်။ ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း ဒေါ်အောင်ဆန်းစုကြည်အား ပထမဆုံး ဝန်းရံပေးခဲ့သောရန်ကုန်ဆေးရုံကြီး၏ အချုပ်ခန်းအတွင်း ကွယ်လွန်သွားပါသည်။ ဒီမိုကရေစီဘက်တော်သား ခေါင်းဆောင်တစ်ဦးကျဆုံးခြင်း။ တစ်နည်းဆိုရလျှင် ကြယ်ဖြူပါ ခွပ်ဒေါင်းအလံအောက်၌ ရဲရဲဝံ့ဝံ့ ကျဆုံးသွားခြင်း။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဆရာမောင်သော်က အပါအဝင် ခရမ်းဦးတင်မောင်ဝင်း၊ ဦးမောင်ကို၊ ဦးတင်ရွှေ (မုံရွာ တင်ရွှေ)၊ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလှသန်း၊ ဧရာဝတီတိုင်းလေးမျက်နှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစီမောင် အပါအဝင် ထောင်အတွင်း အကျဉ်းချခံရပြီးကွယ်လွန်သူများ၊ထွက်ပြေးတိမ်းရှောင်ရင်း ကွယ်လွန်သွားသူများ၏ သွေးတို့ ခက်ခက်ခဲခဲဖြင့်တည်ဆောက်ခဲ့ရသောအဖွဲ့ကြီးဖြစ်သည်။ သူတို့၏ သွေးများကား နှလုံးသားတွင် မခြောက်သေး ..။ သမိုင်းပေးတာဝန်ကိုသာ မိမိတို့ကျေပွန်ရန်လိုပါ သည်။ အမှန်နှင့်အမှား၊ ဓမ္မွနှင့်အဓမ္မကတော့ ယှဉ်တွဲရှိနေမည်သာ။ အဆုံး၌ ဓမ္မကသာ အောင်ပွဲခံပါမည်။(၅)ရန်ကုန်မြို့ ဆွန်နီသင်္ချိုင်းရှိ အုတ်ဂူတစ်ခုတွင်ယခုလို ရေးထိုးထားခဲ့သည်။ဗိုလ်မှူးဘသော်၊တပ်မတော်(ရေ) (၃၀၅၀)ငြိမ်း၊ နူရ်းအာမက်၊ အသက် (၆၂)နှစ်၊ စာရေးဆရာ မောင်သော်က၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်၊ NLD ပါတီစတင်ဖွဲ့စည်းဦးဆောင်ခဲ့သူ။ ၁၁.၆.၁၉၉၁ နေ့တွင် အင်းစိန်အကျဉ်းထောင်တွင် အလ္လာအသျှင်မြတ်၏အမိန့်တော်ကိုခံယူသည်ဟူ၍ . . .အချိန်အားဖြင့် နှစ်ပေါင်း (၂၄) နှစ်ကျော်လွန်လာပြီ ဖြစ်သော်လည်း မနေ့တစ်နေ့ကလိုသာ ဖြစ်ပါသည်။ ယခုတော့ နိဂုံးတစ်ခုကို ချုပ်ရပေတော့မည်။ 'အားလုံး .... သတိ'Writer: ချမ်းငြိမ်း
အဖိုးတန်သမိုင်းအတ္ထု ပတ္တိ တစ်ခု လေ့လာသင်ယူခွင့်ရခြင်း အပေါ် မူရင်းရေးသားသူ နှင့် ထပ်ဆင့်ဝေမျှသူတို့အားအထူးပင်ကျေးဇူးတင်ရှိပါသည် ။2 mins·Privacy: Public·More

Sunday, January 24, 2016

နှစ်​​ပေါင်း ၄၀ ​ရေးခဲ့တဲ့ကဗျာ ______________________ ဘာမှမရှိတာ​တွေရှိ​နေပြီး အိပ်​မ​ပျော်

နှစ်​​ပေါင်း ၄၀ ​ရေးခဲ့တဲ့ကဗျာ
______________________
ဘာမှမရှိတာ​တွေရှိ​နေပြီး
အိပ်​မ​ပျော်​ ည​တွေကိုနှစ်​ခြိုက်​အိပ်​​မောကျ​စေလျက်
ခံတပ်​​တွေ လဝန်း​တွေ စိမ့်​စမ်း​ရေတံခွန်​​တွေနဲ့
ယုံကြည်​စိတ်ချ ​အပ်​နှံခြင်း​တွေ ရှိတဲ့ ​နေရာ..
အဲ့ဒီ​နေရာ ..ခု​တော့
သားပြန်​လာခဲ့ချင်​ပြီ အ​မေ...
ညိုမြ​သွေး

ဒီကဗျာ​လေးကို နှစ်​​ပေါင်း ၂၀ က ရှင်​လူ
ရေးခဲ့မိတယ်​၊ ညသန်း​ခေါင်​​ကျော်​ ၂ နာရီ​လောက်​ မှာတ​ရေးနိုးပြီး ​ခေါင်းထဲ အလိုလို
ပေါ်လာခဲ့တာ ၊ ​မေ့သွားမှာစိုးလို့ Twenty years before အင်္ဂလိပ်​ သီချင်းစာအုပ်​​နောက်​​ကျောမှာ ​ကောက်​ခြစ်​ပြီး ပြန်​​မေ့သွားခဲ့တယ်​၊ အဲဒါ တ​နေ့မှာ နှင်းခါးမိုး
ရောက်​လာပြီး စာအုပ်​​ကောက်​လှန်​​တော့ ကဗျာကို​တွေ့ပြီး ``အကို ဒီကဗျာ​လေး​ကောင်းသားပဲ ၊အ​ချောကူးလိုက်​​လေ .´´
ဆိုတာနဲ့ ကူး​ပေးလိုက်​တယ်​ ၊ အဲဒါ မကြာခင်
ရွှေဝတ်​မှုံမဂ္ဂဇင်းမှာပါလာခဲ့တယ်​ ၊စာအုပ်​က​တော့ ခြစာမိသွားပြီ ၊ ခုနှစ်​သက္ကရာဇ်​လည်းမမှတ်​မိ​တော့ ၊ခုအသက်​ ၆၃ နှစ်​ထဲက ကဗျာ​ခေါင်းစဉ်​ပါ နှစ်​​ပေါင်း ၄၀ ကိုနှုတ်​လိုက်​​တော့
နှစ်​​ပေါင်း ၂၀ ​ကျော်​​ပေါ့​၊ အ​မေ့ကို ကဗျာနဲ့ပဲ လွမ်းတတ်​တဲ့​ကောင်​ဆို​တော့  သားဆိုးတ​ယောက်​​ပေါ့​နော်​...
story#observation #shinlhu

Friday, January 22, 2016

နိုဘယ်​ အလွမ်း ************ ရှင်​လူ က​လေးဘဝတုန်းက

နိုဘယ်​ အလွမ်း
************
ရှင်​လူ က​လေးဘဝတုန်းက ဆံပင်​ညှပ်​ ရမှာသိတ်​​ကြောက်​တယ်​၊ ဆံပင်​ညှပ်​ဆရာ ပတ်​​ပေးတဲ့ ပိတ်​ဖြူကြီးက ညစ်​လည်းညစ်​ပတ်​ ယားလည်းယား ၊​နွေရာသီဆိုပိုဆိုး ၊ပူကလည်းပူ​သေး ၊ဒီကြားထဲ ဆံပင်​ညှပ်​ဆရာ ရဲ့ စက်​ကပ်​​ကြေးက တုံး​နေရင်​ နားသယ်​စပ်​ကလှန်​ထိုးတဲ့အခါ ဆံပင်​​တွေ ဆွဲနှုတ်​ခံရသလို နာ​ပေါ့၊​နောက်​ပိုင်း​တော့ ဆံသဆရာ လက်​စွမ်းပြတာ ကြာ​လေ ရှင်​လူ
အိပ်​ငိုက်​​လေ ၊မနေ့က နိုဘယ်​_မြန်​မာစာ​ပေပွဲ​တော်​မှာ ကာတွန်းစုံတို့ ​ပေါ်ပြူလာတို့ ​မော်​ဒန်​ကာတွန်းတို့လည်း​တွေ့​ရော ရှင်​လူငယ်​စဉ်​ကဆံပင်​ညှပ်​တဲ့​နေ့​တွေကို​ပြေးသတိရမိတယ်​၊
မိတ်​​ဆွေတို့က ဆံပင်​ညှပ်​တာနဲ့ ကာတွန်းစာအုပ်​နဲ့ ဘာဆိုင်​လို့လည်းလို့ ထင်​​ကောင်းထင်​မယ်​။ ဆိုင်​တာပေါ့ဗျာ ..ဒီလို​လေ ။
ရှင်​လူငယ်​စဉ်​က ဘိုးဘွား​တွေနဲ့ အတူ​နေ​တော့ ..ဘွား​အေကြီးက``ငါ့​မြေး ဆံပင်​​တွေ ရှည်​​နေပြီ ဒီ​နေ့စမ်းကြီးသွားပြီး ဆံပင်​ညှပ်​ရ​အောင်​´´ဆိုတာနဲ့ ရှင်​လူ​လေးခမျာ ရွာလယ်
သဲလမ်း​ပေါ်လှစ်​ခနဲ ထွက်​​ပြေးပါ​လေ​ရော၊
ကိုယ်​မကြိုက်​တဲ့အလုပ်​​လေ..၊ အဲ​တော့ ဘွား​အေကြီးက ဘွား​အေပဲ ရှင်​လူ့ အထာသိတာ​ပေါ့ ``စမ်းကြီး​ရောက်​ရင်​ ငါ့​မြေးကြိုက်​တဲ့ ကာတွန်းစာအုပ်​ ဝယ်​​ပေးမယ်​...´´လည်းဆိုလိုက်​​ရော ရှင်​လူက​လေးကအ​ပြေးကို
ဘက်​ဂီယာနဲ့ ပြန်​ဆုတ်​လာပြီး ဘွား​အေကြီး
ကို လှမ်းဖက်​လိုက်​တာပဲ။ဒီလိုနဲ့ ရှင်​လူ့မှာ
ပြုံးက​လေးတို့ ၊ဦးရှံစားတို့၊ဦးစိတ်​တို ​မျောက်​ညိုတို့ပါတဲ့ ကာတွန်းစာအုပ်​​တွေ တပုံကြီး..
နိုဘယ်​_ မြန်​မာစာ​ပေ ပွဲ​တော်​ထဲက ကာတွန်းစာအုပ်​ ပုံ​တွေမြင်​​တော့ ဘွား​အေကြီးကိုလွမ်းမိ​သေး..
ဘွား​အေကြီးခမျာ ရှင်​လူ့လုပ်​စာ စားမသွားရရှာ....
story#observation#shinlhu