စီနီယာနဲ့ ဂျူနီယာ စပါယ်ဦးမှာဆုံခဲ့ကြ
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ရှင်လူကြီး မနက်ခင်း အလုပ်ကအပြန်
အောင်ဇေယျ အိမ်ရာ သုခုမလမ်းနဲ့ 
ရွှေပြည်အေးလမ်းထောင့်က ``စပါယ်ဦး´´
လက်ဖက်ရည် ဆိုင်မှာထိုင်လေ့ရှိတယ်။
ဒီမနက်တော့ သိတ်မဆာတာနဲ့ ဘာမှမစားဘဲ လက်ဖက်ရည် တခွက်မှာသောက်နေတုန်း ရှင်လူ့စားပွဲကို
မြေးအဖိုးနှစ်ယောက် ဝင်ထိုင်ပါတယ်။
မြေးမလေးက တနှစ်ခွဲလောက်ရှိပြီး
ဖွေးဖွေးသိမ့်လိုပဲ အမွှေစိန်ရုပ်မျိုးပါ။
ရှင်လူကြီးကလည်း အဲ့ အမွှေစိန်လေးတွေ
တွေ့ရင် မရိုက်ဘဲမနေနိုင်တာကြောင့်တပုံ
ရိုက်လိုက်ပါတယ်။ သူ့အဖိုးကို အသေအချာ
ကြည့်မိမှ မြင်ဖူးသလိုရှိတာကြောင့်
``မြင်ဖူးသလိုပဲ ကျနော့ကိုသိသလား´´
ဆိုတော့ ရှင်လူ့ကိုပြန်ကြည့်ရင်း``ဘယ်မှာနေလဲ´´လို့
မေးပါတယ်။ ရှင်လူက ``တောင်ဥက္ကလာ´´
ဆိုတော့``ကျနော် တောင်ဥက္ကလာက
အမွေဆိုင်အိမ်ရောင်းအမွေခွဲပြီး ဒီမှာအိမ်ပြန်ဝယ်ထားတာ ဆယ်နှစ်ကျော်
ပြီ´´ လို့သူပြောကာမှ ရှင်လူက ``ဟုတ်ပါပြီ
ဆရာကြီးက ဘောလုံးနည်းပြ မဟုတ်လား´´
ဆိုတော့ ``ဟုတ်တယ် ´´တဲ့။အားကစား
ဘောင်းဘီ ဘော်လုံးအင်္ကျီ နဲ့ စက်ဘီးစီးသွားတဲ့သူ့ကို အရင်က တောင်
ဥက္ကလာထဲမှာ အမြဲမြင်ဖူးနေတာပါ။
အသက်ခပ်ကြီးကြီးပေမယ့် ဖြတ်ဖြတ်လတ်လတ်နဲ့ လူတွေ့ရင် ပြုံးပြီး
လက်ပြနှုတ်ဆက်လေ့ရှိပါတယ်။ခု သူက
နားတော့ အတော်လေးနေပုံရပါတယ်။
``ကျနော်က ယဉ်ကျေးမှုတက္ကသိုလ် ရှေ့ပေါက်နားကလမ်းမှာ လုံခြုံရေးလာလုပ်နေတာပါ´´လို့ပြောတော့
``တနေ့က ယဉ်ကျေးမှုတက္ကသိုလ် ထဲမှာ
ဘောပွဲတွေတောင်စီစဉ်ပေးလိုက်သေးတယ်၊ အမျိုးသမီးပွဲရော အမျိုးသားပွဲရော´´
တဲ့။ ``အသက်ဘယ်လောက်ရှိသွားပလဲ´´
မေးတော့ ``၈၁ နှစ်´´တဲ့။ သူ့ကြည့်ရတာ
ကျန်းမာဖြတ်လတ်နေတုန်း။မြေးပေါက်စ
လေးကို စက်ဘီးပေါ်တင်ပြီး လက်ဖက်ရည်လာသောက်ကြတာ။
``၄ရပ်ကွက်သုတ ၆ လမ်းအလယ်
လောက်မှာ ကျနော့နှမရှိတယ်၊ ယောက်ဖက ကျော်ဝေ´´``အာ သိတာပေါ့
ကျနော်နဲ့တလမ်းထ၊ဲကိုကျော်ဝေက တိုင်းရင်းသမားတော်၊ကျနော်နဲ့ နိုင်ငံရေး ဘာသာရေးဆွေးနွေးဘက်တွေ´´။
နှစ်ယောက်သား စကားလက်ဆုံကျပြီး သူပြန်ခါနီးတော့
``ကြုံရင် ဝင်လည်ပါ၊ကျနော့အိမ်ကရှေ့က
ဘုန်းကြီးကျောင်းနောက်နားလေးတင်၊
ဘောလုံးနည်းပြလို့မေးရင်သိပါတယ်´´
ရှင်လူ့ကိုနှုတ်ဆက်ရင်းစားပွဲထိုးလေးကို
ခေါ်ပြီးရှင်လူ့လက်ဖက်ရည်ဖိုးပါအတင်းရှင်းသွားတယ်။ပြီးတော့ မြေးအဖိုးနှစ်ယောက်
စက်ဘီးလေးနဲ့လစ်ရော။သူ့ကိုနာမည်လည်း
မမေးလိုက်မိ၊ဓာတ်ပုံလည်းမရိုက်လိုက်ရ။
အားကစားသမားကြီးဆိုတော့ ဆေးလိပ်မသောက်၊ကွမ်းမစား။ ၈၁နှစ်ရှိနေ
တာတောင် သန်မာဖြတ်လတ်ဆဲ။ ခု ၆၅နှစ်
အရွယ်ရှင်လူ့မှာတော့ ဆေးလိပ် ကွမ်းယာ
အရက် ရဲဆား တခုမှမလွတ်။လက်ရှိ သူ့
အသက်တမ်းကိုမောင်ရှင်လူလေးမှန်းနိုင်ပါ့မလား မသေချာ။ နောက်တခါတွေ့မှ
စီနီယာအကိုကြီးကို လက်ဖက်ရည်တိုက်
အင်တာဗျူးပြီး ဓာတ်ပုံလေးဘာလေးရိုက်
တင်ရမယ်။
story#observation#shinlhu