Sunday, October 21, 2018

သ​ရော်​စာ(ရှင်​လူ) စတုတ္ထ ​မြောက်​ပြဿနာ [ ]--["""""|"""""|"""""|]>--- ရှင်​လူ ​ဟောဒီ

သ​ရော်​စာ(ရှင်​လူ)
စတုတ္ထ ​မြောက်​ပြဿနာ
[ ]--["""""|"""""|"""""|]>---
ရှင်​လူ

ဟောဒီ ဗလုံးရှုပ်​​ထွေးကမ္ဘာကြီးဟာ
တင်းတိမ်​​ရောင့်​ရဲ  တတ်​တဲ့အကျင့်​ကမရှိ​လေ​တော့ ရှင်​လူ
ရင်​ပူ​နေရပြီ​ကောဗျာ။
ကြည့်​ကြပါဦးအရပ်​ကတို့​ရေ ``စတုတ္ထ
စက်​မှု​တော်​လှန်​​ရေး´´တဲ့။
ပထမ၊ဒုတိယ၊တတိယ စက်​မှု​တော်​လှန်​​ရေး​တွေအထိ ရှင်​လူ့မှာ
ပြဿနာမရှိ။ပထမတုန်းက ရှင်​လူမ​မွေး​သေးတာလည်းပါတာ​ပေါ့​လေ။
ပြီး​တော့ ရှင်​လူတို့အ​ဖေကြီး​တွေရဲ့
မဆလ ဆိုတဲ့​ခေတ်​တုန်းကလည်း
ရှင်​လူတို့ ဒူးတင်​​ပေါင်​တင်​ယူနီယံကြီးရဲ့
အကြီးအကဲ​တွေက လူ့အခွင့်​အ​ရေးကို
သိတ်​တန်​ဖိုးထားခဲ့တာ။ဘေးကလူ​တွေ
ကြား​ကောင်းရုံ ``လက်​မှုလယ်​ယာမှသည်
စက်​မှုလယ်​ယာဆီသို့´´``စက်​မှုစွမ်းအား
ခေတ်​​ကျော်​လွှား´´ဘာညာညာ ဆိုင်းဘုတ်​ကြီး​တွေ ​စိုက်​ထူထား​ပေမယ့်
သူ့ပြည်​သူ​တွေ အလုပ်​လက်​မဲ့ဖြစ်​မသွားရ​အောင်​ နှစ်​​ပေါင်း
နှစ်​ဆယ်​အစိတ်​သာအုပ်​ချုပ်​သွားတယ်​။
သူများတပတ်​ရစ်​ စက်​စုတ်​စက်​ပြတ်​​လောက်​ပဲ ပြည်​တွင်းမှာ
ထူ​ထောင်​ခဲ့​လေ​တော့ လူတွင်​မက ကျွဲ​တွေ
နွား​တွေပါအလုပ်​လက်​မဲ့မဖြစ်​ခဲ့ကြ။အဲ့ဒီ
နောက်​ပိုင်းတက်​လာတဲ့ သားဆက်​ဂါးဗားနား​တွေ​ခေတ်​ကျ​တော့လည်း အ​ဖေကြီးတို့နည်းအတိုင်း အုပ်​ချုပ်​လာခဲ့​လေ​တော့ ရှင်​လူကြီးတို့မှာ
အဆင်​​ပြေလို့။ လူလုံးမလှရင်​သာရှိမယ်
အလုပ်​လက်​မဲ့​တော့မဖြစ်​ဘူး။
ရှင်​လူတို့ ဒူးတင်​​ပေါင်​တင်​ယူနီယံကြီးဟာ
အဲ့လိုအ​မျှော်​အမြင်​ကြီးကြီးနဲ့ ပထမ၊ဒုတိယ စက်​မှု​တော်​လှန်​​ရေးကြီး​တွေကို ခုန်​ပြန်​​ကျော်​လွှားလာလိုက်​တာ ၊ ​ဟော
...သိတ်​မကြာခင်​နှစ်​​တွေကပဲ တတိယစက်​မှု​တော်​လှန်​​ရေးကြီးထဲကို
ဝင်​​ရောက်​လာခဲ့တယ်​။ မိုဘိုင်းဖုန်း​လေး​တွေကိုယ်​စီနဲ့ ဂလိုဘယ်
ဗလုံးရှုပ်​​ထွေးဖြစ်​စဉ်​ထဲကိုချီတက်​လာခဲ့ကြတာ။တချို့ဆို အိမ်​သာကျင်းထဲဖုန်းပြုတ်​ကျတာ ဆင်း​ကောက်​ရင်း အသက်​ပါစွန့်​ခဲ့ရတဲ့​တော်​လှန်​​ရေးတပ်​သား​တွေ​တောင်​ရှိခဲ့တယ်​။ တချို့လည်း​ အင်​တာနက်​ ချက်​တင်​ဆိုတာကြီးက ရဲဆား​တွေဘာ​တွေဖြစ်​၊ ညားသူညား၊ပွားသူပွား ၊မှားသူ​တွေမှားကြပြီး ဒါးထိုးသတ်​တဲ့အမှု​တွေဖြစ်​လိုဖြစ်​။အကျိုး
အ​ကြောင်း အဆိုးအ​ကောင်း​ပေါ့​လေ။ရှင်​လူကြီးက
တော့ဒီတတိယစက်​မှု​တော်​လှန်​​ရေးကြီးမှာ
အ​တော်​အဆင်​​ပြေ​နေခဲ့ပါတယ်​။ မက်​ဆင်​ဂျာ ​ကျေးဇူးနဲ့ အမရိကား​ရောက်​​နေတဲ့သယ်​ရင်း​တွေဆီက ပိုက်​ဆံ​ချေး လို​ချေး၊ ဖိလိပိုင်​က
မဒမ်​ကြီးနဲ့က ဘာလိုလို​တောင်​ဖြစ်​လို့၊
တခါတခါ လိုင်း​ပေါ်ဆုံမိတဲ့ သားလိုသမီးလို
မိတ်​​ဆွေများ ကလည်း ရှင်​လူ့ဖုန်းထဲ
ဘေလ်​လှမ်းထည့်​လိုထည့်​နဲ့ ။
ခက်​​နေတာက လက်​ရှိ ဂါဗာနာ​တွေ​ပေါ့ဗျာ။
တတိယစက်​မှု​တော်​လှန်​​ရေးနဲ့ ရှင်​လူတို့
အိုစ​ကေ​နေပြီပဲ။ ဒီအတိုင်းထားလိုက်​​ရော​ပေါ့။ ခု​တော့သူတို့
အေး​အေးမ​နေလို့ ရှင်​လူနဲ့အ​ပေါင်းပါလူတန်းစား​တွေ ဒုက္ခ​တွေ့​နေကြပြီ။
The fourth industrial revolution စတုတ္ထစက်မှုတော်လှန်ရေးတဲ့ဗျာ။အရင်​အဘ​တွေလို ​အ​ခွေရစ်​သလို ​ကျော်​မပစ်​ဘဲ
ရင်​ဆိုင်​လိုက်​​တော့
Internet of Things (IoT), robotics, virtual reality (VR) and artificial intelligence (AI) အဆင့်လွန်နည်းပညာသုံး လူအစားထိုး စက်ပစ္စည်းတွေကိုဖောဖောသီသုံးလာ
တော့ စက်​ရုံ အလုပ်​ရုံ ဂို​ထောင်​​တွေမှာ
လုံခြုံ​ရေး ၊ည​စောင့်​စသဖြင့်​ လုပ်​​ကိုင်​ဝမ်း​ကျောင်း​နေကြရတဲ့ ရှင်​လူတို့အ​ပေါင်းပါ​တွေ အလုပ်​လက်​မဲ့ဖြစ်​ရပြီ​လေ။ ကုမ္ပဏီ​တွေ
ဘက်​ကကြည့်​​တော့လည်း ရှင်​လူတို့ကို
ဘယ်​အလိုရှိနိုင်​ပါ​တော့မလဲ။ AI နည်းပညာသုံး ရို​ဘော့လုံခြုံ​ရေးစက်​ရုပ်​တခုဟာ ​ဆေးလိပ်​မ​သောက်​ ကွမ်းမစားရုံမက
ထမင်းပါမစားတဲ့အပြင်​ ဘက်​ထရီ ချာဂျင်
သွင်းထားရုံနဲ့ ၂၄ နာရီ ဂျူတီကို ဆက်​တိုက်​ဝင်​နိုင်​တယ်​။ဟို ရှင်​လူ့ပါတနာကြီးကိုတင်​ဦး လို အရက်​ပုလင်း​လေးတံခါးကြားဝှက်​ပြီးတစွတ်​စွတ်​လည်းမ​သောက်​တတ်​၊ ဟိုလူ့
ချောက်​တွန်း ဒီလူ့ အပြစ်​​ပြောနဲ့ ကပ်ဗူးခွံ​တွေ ဗီနိုင်းစ​တွေလည်းခိုးမ​ရောင်းတတ်​။ ရို​ဘော့
လုံခြုံ​ရေးစက်​ရုပ်​က သူမြင်​သမျှ ရုပ်​ပုံ​တွေ
အသံ​တွေကို မှတ်​တမ်းတင်​ထားနိုင်​ပြီး
အိတ်​လည်းမငိုက်​တတ်​​လေ​တော့ ရှင်​လူ့ထက်​သာသွားပြန်​​ရော။
ဖြစ်​ပုံက​တော့ အဲဒီအတိုင်းပဲ။ ဒီ စတုတ္ထ
စက်​မှု​တော်​လှန်​​ရေးကို ရှင်​လူတို့ လုံခြုံ​ရေး
တွေတင်​မက ​ကျောင်းဆရာ၊ဆရာဝန်​၊သူနာပြု၊စာရင်းစစ်​၊
စာ​ရေးစာချီမက ရဲနဲ့ စစ်​တပ်​ကလူ​တွေပါ
အ​ထွေ​ထွေ မ​ကြေနပ်​မှုကြီးက ထိပ်​ဆုံး​ရောက်​လာခဲ့ပါတယ်​။
ရှင်​လူတို့ ည​စောင့်​ဒရဝမ်​ အစည်းရုံး ဗီနိုင်း
စာတန်းကြီး​နောက်​မှာ အ​ရောင်​အ​သွေးစုံ
အလံအမျိုးမျိုးနဲ့ သမဂ္ဂ အမျိုးမျိုး စာတန်း​တွေဟာ လူပင်​လယ်​ကြီးထဲပန်းပွင့်​​တွေ​မျော​နေသလိုပါပဲ။
``ရို​ဘော့ စံနစ်​ ဖျက်​သိမ်း​ရေး´´
``ဒို့အ​ရေး..ဒို့အ​ရေး´´
``စက်​ရုပ်​အစိုးရ အလိုမရှိ´´
``အလိုမရှိ ..အလိုမရှိ´´
အ​ထွေ​ထွေအုံကြွမှုကြီး စတင်​မယ်​ကြံတုန်းမှာပဲ စက်​ရုပ်​ရင်​ပြင်
တီဗွီကြီး​ပေါ်မှာ စက်​ရုပ်​သမ္မတကြီးပုံ
ပေါ်လာပြီး သတင်း​ကြေငြာသူစက်​ရုပ်​က
``စက်​ရုပ်​သမ္မတကြီးက အလုပ်​လက်​မဲ့
လူပိုထုကြီးကို မိန့်​ခွန်း​ခြွေပါ​တော့မယ်​´´
ဆိုတဲ့အသံ​ကြောင့်​ အားလုံးငြိမ်​ကျသွားပါတယ်​။ဒါ​ပေမယ့်
သမ္မတမိန့်​ခွန်းက ပိတ်​သတ်​ကြီးကိုပိုပြီး
ဒေါသူပုန်​ထ ​စေပါတယ်​။
``ခင်​ဗျားတို့က အ​ချောင်​ခိုတတ်​၊လာဘ်​စားတတ်​၊အတင်းအဖျင်း​ပြောတတ်​၊ ခွင့်​ယူတတ်​၊ခိုးတတ်​၊ဝှက်​တတ်​၊ဖျက်​ဆီးတတ်​၊ ​တော်​ကြာ ဟိုသမဂ္ဂ ဒီသမဂ္ဂ ဖွဲ့၊
လစာတိုး​တောင်းဖို့ အခွင့်​အ​ရေးဆိုဖို့ အကျင့်​ဆိုး​တွေရှိကြ​ပေမယ့်​ ခင်​ဗျားတို့ထက်​စွမ်း​ဆောင်​ရည်​သာတဲ့
ရို​ဘော့​တွေက​တော့ အားလုံးခင်​ဗျားတို့နဲ့ဆန့်​ကျင်​ဘက်​​တွေ
ချည်းပဲ´´
``​ဖျောင်း..ဝုန်း..ဒုန်း..ဂွမ်း.......´´
လူပိုထုပိတ်​သတ်​ကြီးဟာ သမတမိန့်​ခွန်း​ကြောင့်​ ယမ်းပုံမီးကျဖြစ်​ကုန်​ပါပြီ။နီးစပ်​ရာ မည်းမည်းမြင်​ရာ ပစ္စည်း​တွေကို ရိုက်​ခွဲ၊
ချိုးဖဲ့ မီးရှို့ ကြလို့ ​နေရာအ​တော်​များများကမီးခိုးလုံးကြီး​တွေ
လှိမ့်​တက်​လာပါတယ်​။
``လာ​နေပြီ​ဟေ့...​ပြေးကြ..​ပြေးကြ´´
လူပိုထုကြီးဟာရုတ်​တရက်​ တန့်​သွားပါတယ်​။လမ်းဆုံ လမ်းခွ​တွေမှာ
Cyber Cop ​ခေါ် စက်​ရုပ်​ရဲ​တွေက အထိကရုဏ်းနှိမ်​နင်း​ရေး ​လေဆာလက်​နက်​​တွေနဲ့ ​ပေါ်လာကြပါတယ်​။ ​ကောင်းကင်​​ပေါ်ကလည်း ​ထောက်​လှမ်း​ရေး ဒရုမ်း​တွေက လဒ​တွေလိုဝဲကာ
ဗွီဒီယို​တွေ ရိုက်​ကူး​နေကြပြီး ပါဝင်​သူ​တွေကို ​နောက်​ရက်​​တွေမှာ ဖမ်းဆီး
ထောင်​ချမှာမို့ လူပိုထုကြီးဟာ သူတို့မျက်​နှာ​တွေမ​ပေါ်ရ​အောင်​ ရရာအဝတ်​​တွေ ပုဝါ​တွေနဲ့ မျက်​နှာအုပ်​ပြီးကစင့်​ကလျားထွက်​​ပြေးကြပါတယ်​။ရှင်​လူကြီးလည်း လက်​ကိုင်​ပုဝါ​လေးမှ မယူလာမိသူဆို​တော့
ခါးကပုဆိုးကိုပဲချွတ်​ပြီး ​ခေါင်း​ပေါ်အုပ်​လိုက်​ရပါတယ်​။
ဒါ​တောင်​ ဖင်​ကိုစကင်​ဖတ်​ပြီးအဖမ်းခံရရင်​​တော့
ဘဝပျက်​ပြီ။ဘုရားသခင်​ကယ်​​တော်​မူပါ...

ရှင်​လူ

့story#observation #shinlhu