Monday, May 10, 2021

poetry

စကားလုံးလေးတွေကို အနုပညာအဖြစ်ပြောင်းလဲတာ ကဗျာပါ။
နေ့စဉ် ပြောနေကျစကားတွေက မဖေါ်ပြနိုင်တာကို ကဗျာက စိတ်ဝိညာဉ် ကိုတနည်းအားဖြင့်ပြောပြပါတယ်။
ကဗျာဟာ နာကျင်မှုကိုပေးနိုင်သလို ကုစားမှုကိုလည်းပေးနိုင်ပါတယ်။
အလွန်အမင်း ပျော်ရွှင်နေတဲ့အခါ ဒါမှမဟုတ် ပူဆွေးသောကရောက်နေတဲ့ အခါများရဲ့စိတ်လှုပ်ရှားမှုတွေကိုတောင် ကဗျာက
ဖော်ပြနိုင်ပါတယ်။
ကြော်ကြားတဲ့ ကဗျာအများအပြားဟာ
ခုလို အရည်အသွေးတွေကြောင့် ကြော်ကြားတာပါ။
တခါတလေမှာ ချစ်ရမ္မက်ပြင်းပြပြီး တခါတလေမှာ ထိခိုက်ကြေကွဲဖွယ်စကားလုံးတွေရဲ့ ကဗျာရှင်တွေဖြစ်ကြတဲ့ အဂ္ဂါအယ်လင်ပိုး မာယာအိန်ဂျလို နဲ့ အီမလီဒစ်ကင်ဆန်တို့ကို ဘယ်သူများမေ့ပစ်နိုင်မှာလဲ။ ဖြတ်သန်းခဲ့တဲ့ကာလတွေမှာ သူတို့ဟာ ငါတို့ရဲ့ နှလုံးသားနဲ့ အမြင်တွေကို
ဖွင့်လှစ်ပေးခဲ့ပြီး လူသားဆိုတာ ဘယ်ခေတ် ဘယ်အခါ ဘယ်အချိန် ဘယ်နေရာမှာနေနေ မရှိမဖြစ်အခြေခံသဘောသဘာဝတွေချင်း ကတော့ အားလုံးအတူတူပဲဆိုတာ ကို သိစေခဲ့ပါတယ်။

(familyfriendpoems.com ထဲက ကဗျာဖွင့်ဆိုချက်လေး သဘောကျလို့ နားလည်ခံစားရသလို ဘာသာပြန်လိုက်တာပါ၊
မှားတယ်ဆိုရင် ပြန်ဆိုသူညံ့လို့ပေါ့)