Sunday, February 13, 2022

story



    အပိုင်း(၄)
     
       ဘာရယ်မဟုတ် ရှင်လူကြီး ၂၀၂၁ သြဂုတ်လကစ ပြီး ကျန်းမာရေး ချူချာ လာလိုက်တာ ခုမှ နည်းနည်းနှာလှန် ထစ ပြု ပြီး မနည်း အား ပြန်မွေးနေရတယ်။မိမိကျန်းမာရေးမကောင်းချိန်နဲ့တိုက်ဆိုင်ပြီး ကိုဗစ် အိုမီခရွန် ရော နိုင်ငံရေးလှိုင်းတွေပါပေါင်းစပ်ပါဝင်လာခဲ့‌တော့
ဖိအားအမျိုးမျိုးဒဏ်က ရှင်
လူ့စိတ်နှလုံးအပေါ်ပါ Stress တွေဝင်လာခဲ့တယ်။ ဒါ‌ကြောင့် အဘိဓမ္မာ
မဟာကုသိုလ်စိတ် ၈ ပါးထဲက သောမနဿ သဟဂုတ်
ညာဏသမ္ပယုတ် အသင်္ခါရိက စိတ်တပါး ထဲက သောမနဿသဟဂုတ် ဝမ်း‌မြောက်ဝမ်းသာ ရွှင်လန်းတဲ့စိတ်မျိုး ယှဉ်ဖို့ နေနေသာသာ
ဒေါမနဿ ဆိုတဲ့ ဆုတ်နစ်အားငယ်တဲ့ စိတ်တွေသာထင်ကျန်ရစ်တော့တယ်။စိတ်ရဲ့အညစ်အ‌ကြေးတွေကိုစိတ်နဲ့သာ ဆေး‌ကြောရမှာဖြစ်‌လေတော့ တတ်သမျှမှတ်သမျှ အသိလေးနဲ့ သမထ ဝိပဿနာ နှလုံးသွင်းခဲ့ပေမယ့် ပါရမီနည်းတဲ့ ရှင်လူ ကြီးအဖို့ခရီးသိတ်မတွင်လှဘူးပေါ့။ ဒီတော့ တနေ့ပြီးတနေ့တွယ်မိတွယ်ရာ အခန်းနီးချင်း ဖွေးဖွေးသိမ့်တို့ အပေါ်ပဲ
အာရုံက ရစ်ဝဲနေပါတယ်။
မွေးကင်းစကတည်းက တွယ်လာခဲ့တဲ့ ဒီ‌မြေးအရွယ်အာရုံ ရုပ်ကလေးကလည်း ခုတော့ ၇ နှစ်ကျော် ၈နှစ်ထဲဝင်လာ ချိန်မှာ လူက အရွယ်ကြီးလာတာနဲ့အမျှ ကျူရှင်
အင်္ဂလိပ်စပိကင် စတာတွေအ ပြင် ကစားဖေါ်ကစားဘက် သံယောဇဉ်နဲ့ ဖုန်းပွတ်တဲ့ဗာဟိရတွေပါ များလာတော့ ရှင်လူ့နားသိတ်မကပ်ချင်တော့။သူ့ကို ‌ပြော ပြချင်တာတွေ သင်ပြပေးချင်တာတွေကရှင်လူ့ရင်ထဲမှာ အ ပြည့်။သူမ ကြာခဏ ဝယ်စားနေတဲ့ ရယ်ဒီမိတ်သွားရည်စာတွေ ရှင်လူ အားမပေးချင်။
ကြက်အူချောင်းတဲ့ တချောင်းတရာတန်။အင်တာနက်ထဲမှာ အဲဒါမျိုးက အစာအဆိပ်သင့်တဲ့အ‌ကြောင်းဖတ်ရတော့ စိတ်ပူမိ ပြန်တယ်။သူ ဖုန်းနဲ့ YouTube ကြည့်တော့လည်း ပုံ ပြင် ၊လက်မှု ပညာသင်ခန်းစာတွေက ကောင်းပေမယ့် စရိုက်မကောင်းတဲ့ ရုပ်ရှင် ဗွီဒီယိုတွေထဲက ရုန့်ရင်းနိမ့်ကျတဲ့ အသုံးအနှုန်းနဲ့ အမူအယာတွေအတွက် စိုးရိမ်ရ ပြန်တယ်။
         ဒီမနက် မိမိနဲ့ပါတနာနေ့စောင့် ဆီက ဖုန်းဝင်လာတယ် ၊ သူနှာစီးချောင်းဆိုး ပြီး ဖျားနေလို့ဆေးခန်းသွား မယ် တဲ့။ ခဏနေတော့ နောက်တခါ ပြန်ဆက်တယ်၊
ချောင်း‌ခြောက်သံ တဟွတ်ဟွတ်နဲ့ သူပါရာဇီတမောသောက် ပြီး အလုပ်လာဆင်းမယ်တဲ့။ သူ့အသံကဟန်ပုံမရဘူး။ခင်ဗျား ဖျားနေလည်း နားလိုက်တော့ ဆိုတော့ ရပါတယ် အလုပ်မှာ လာအိပ်နေမယ် တဲ့။ ခင်ဗျား အိုမီခရွန် ဖြစ်နေရင် ဒီကလူတွေကူးကုန်မယ် မလာနဲ့တော့ ၊အိမ်မှာပဲနေလိုက်တော့ လို့။သူနားရင်တော့ သူ့အစားမိမိပဲနေ့ပိုင်းအစားဆက်ဝင်ပေးရတော့မပေါ့။ဒီလိုနဲ့မနက်ပိုင်း ပန်းပင်တွေရေလောင်း၊စိမ်ထားတဲ့အဝတ် တွေ‌လျှော်၊
ရေချိုးပြီး နေ့လယ် ၁၂ နာရီထိုးတော့ စက်ဘီးလေးနဲ့ အိမ်ဘက် ထမင်းစားဖို့ ထွက်ခဲ့တယ်။၅ ရပ်ကွက်ထဲ ဖြတ်နင်းလာရင်း ဆိုက္ကားသမားတွေ အပါအဝင် လူတချို့ ခေါင်းချင်းဆိုင် တွတ်ထိုးနေပုံတွေက မသင်္ကာစရာ။(နောက်မှ သိရတာက ဈေးနားမှာ
ဗုန်းတွေ့လို့ လမ်းပိတ်ထားတယ် တဲ့)။
 ဒီလိုနဲ့ အိမ် ပြန်ရောက်တော့ အိတ်တွေဘာတွေ အခန်းထဲထည့် ပြီး ဖွေးဖွေးသိမ့်တို့အခန်းဘက်ကူးခဲ့တယ်။ခဏနေတော့ ထမင်းဝင်စားပေါ့။
ဖွေးကတော့ ဖုန်းတလုံးနဲ့ ချောင်ကပ်နေရဲ့။
         "ဒီကောင်မလေး ဖုန်းကို လျှော့သုံးဖို့ငါ‌ပြောတာဂရုမစိုက်ဘူး၊ အစားအစာတွေလည်း တွေ့ကရာစားလို့့ခု ချောင်းတွေဆိုးနေ ပြီမဟုတ်လား"ဆိုမိပေမယ့် ဖွေးကဂရုမစိုက်။
       "ဒီကောင်မလေး ငါ့ကိုမှ ချစ်သေးရဲ့လား"ဆိုတော့
        "ဘာလို့လဲ"တဲ့
        "ငါ့ကိုမချစ်ရင် ဘဒိတ်မှောက်(သပိတ်မှောက်)မလို့"ဆိုတော့ 
         "လာ ပြန်ပြီ ဘဒိတ်မှောက်ဖို့ပဲ"ဆို ပြီး ဖုန်းကိုဆက်ပွတ်နေတယ်။
         ရှင်လူ သူ့ကို ချစ်မချစ် မေးနေတာက ရှေ့ဆက် ပြီး သူ့ကို ကူညီ သင်ပြ ဆုံးမလို့ရပါ့အုံးမလားဆိုတဲ့ သံသယ ‌ကြောင့်ပါ။ကလေးများ အတတ်ကျူးလာရင်၊လြူကီး စကားကိုမှ လက်ခံ ‌ပြန်ကြားမ ပြုတော့ရင် သွားပြီ။
ရှင်လူက ဒါကိုသံသယရှိတာ။စိတ်ထဲလည်းသိတ်မကောင်းဘူးပေါ့။
        ခဏနေတော့ ဖွေးကဘောပင်နဲ့ စာရွက်တွေယူလာ ပြီး တစုံတခုကိုရေးနေတယ်။
         "နာမည်...."
         ဖွေးမေးခွန်းက ဘယ်သူ့ကိုမှန်းမသိလို့ရှင်လူ လှမ်း ကြည့်လိုက်တော့ ရှင်လူ့ကို ဦးတည်မေးနေမှန်းသိလိုက်တယ်။ဒါနဲ့
          "ရှင်လူ"
          "အသက်"
          "၆၈"
          "အလုပ်က ဘာလုပ်လဲ"
         "TET ကုမ္ပဏီ"
         အံမယ် ၊ဘာလုပ်ပါလိမ့်၊ ရှင်လူ့ကို စစ်တမ်းကောက်နေတာ။
        "ဖုန်းနံပတ်"
        "၀၉ ၇၉၆၂၅၇၂၈၇"
         ဖွေးက သူရေးချင်ရာဆက်ရေးခြစ် ပြီး ခဏနေတော့ စာရွက်ခေါက်နှစ်ခု ရှင်လူ့ အင်္ကျီအိတ်ထဲလာထည့်တယ်။ရှင်လူ ဖွင့်ဖတ်မယ်လုပ်တော့ ပြန်လု ပြီး
         "ဟိုဘက်ခန်းထဲမှာ
သွားဖတ်ရမယ်"ဆိုတာနဲ့
         "အေးပါ ကိုယ့်အခန်းမှာ ကိုယ်သွားဖတ်ပါ့မယ်"ဆိုမှ စာရွက်ခေါက် ပြန်ပေးတယ်။
        ရှင်လူ့အခန်း ဆိုဖာပေါ်ထိုင်ပြီး စာရွက်ခေါက်တွေဖွင့် ကြည့်တော့ ရှင်လူ အံ့ သြရတယ်။ ပြီးတော့ ဝမ်းသာရတယ်။ပဌမစာရွက်ပေါ် က
သရုပ်ဖေါ်ပုံ သက်သက်ပဲ။ရှင်လူတောင် ရုတ်တရက် နားမလည်။စက်ဝိုင်းပုံထဲမှာ အမှန်ခြစ်တွေ အ ပြည့်ရေးထားတာ။ဒုတိယစာရွက်မှာက ရှင်လူ့နာမည် အသက်နဲ့ အလုပ်အကိုင်၊ ဖုန်းနံပတ်။အောက်မှာက အင်္ဂလိပ်လို
Love ❤️ တဲ့ အသဲပုံပါဆွဲပေးထားတာ။အဲ့စာရွက်ရဲ့အလယ်မှာလည်း အသဲပုံတပုံပါတယ်။
          ဖွေးဖွေးသိမ့်က မြန်မာစာ အင်္ဂလိပ်စာ နဲ့သာမက Symbol  သ‌င်္ကေတ တွေနဲ့ပါ ရှင်လူ ကြီးကိုချစ်ပါတယ်လို့ဝန်ခံတာ။
       ဒိကိစ္စဟာ သိတ်တန်ဖိုး ကြီးသွား ပြီ။ဒါ‌ ‌ကြောင့်
အရင် ဖွေးအ‌ကြောင်း ရေးရိုးရေးစဉ် မျိုး FB တင်ပုံသက်သက်မတင်ပဲ ရှင်လူ ကြီးရေးနေတဲ့ ဘဝထုပ္ပတ်
"ဘာရယ်မဟုတ် စာ‌ခြောက်ရုပ်" အပိုင်း(၄)အနေနဲ့
တင်လိုက်ပါတယ်။13/2/2022 3 : 59 PM
story#observation#shinlhu