Saturday, March 26, 2022

story

မန်းတောင်ရိပ်ခို ရှင်လူ
    🤧🙄😠👺😕😎🤗🤔

    တက္ကစီကို တထောင့်ငါးရာနဲ့ ငှားလိုက် ပြီး MD အမ အိမ်ကို မောင်းခိုင်း လိုက်တယ်။ပေတူးတူး အရက်ဖောနေတဲ့ ဒရိုင်ဘာက
 ကားထဲကFM ရေဒီယိုကိုဖွင့်ထားရင်း ၄ ရပ်ကွက်ဘက်မောင်းလာခဲ့တယ်။
      သ င်္ကြန် နီး ပြီဆိုတော့
FM က သ င်္ကြန်ဒိုးဆစ်သံတွေ မြိုင်နေ ပြီ။
       "မြနန္ဒာ နေညိုရစ်ခါသန်းတော့ ရွှေမန်းတောင်ရိပ်
တူတူခိုမယ် ပျို ဖြူတွေရယ်"
        ရှင်လူကကိုယ့်ပေါင်ကိုယ်ပုတ်ရင်း သီချင်းဆိုနေတော့ ရှင်လူ့ ပါတနာ ညစောင့်ရဲဘော် ကြီးကလည်းသံယောင်လိုက် ပြီး လိုက်ဆိုလေရဲ့။ 
      အင်း...ခုချိန် ငိုနေလို့ လည်း အပိုပါပဲလေ။ မထူးဇာတ်ခင်း ပြီး ပျော်ပျော်နေတာပဲကောင်းတယ်။
      အမှန်တော့ MD အမဆီ ငွေတသိန်းလိုလို့ ဖုန်းဆက် ပြီးလာနေတာပါ။
       အခုပဲ "တက်လန်း"ဆေးရုံက အထွေထွေ အထူးကု သမားတော် ကြီး ဦးဇော်မင်းထွန်း နဲ့ ပြ ပြီးပြန်လာတာပါ။ခုတလော ရှင်လူ့ ကျန်းမာရေးက တနေ့ ရွှေ တနေ့ ငွေ။ဒီနေ့ ကောင်းရင်နောက်နေ့ မကောင်း၊ ကတုန်ကယင်နဲ့ ချိနဲ့မောပန်းနေတာများတယ်။ ဗာဟီရ ‌ကြောက်တတ်သူမို့  လမ်းထိပ်က လူရှင်းတဲ့ ဆေးခန်းပဲဝင် ပြ ပြနေတာ။ဆေးထိုးရလွန်းလို့ ဖင်တွေလည်းကျိန်းလှ
ပြီ။ အဲဒါ ဖွေးအဖေမောင်ဝင်းက သူ့ ဆရာ ပြနေတဲ့ "တက်လန်း"က အထွေထွေသမားတော် ကြီးနဲ့  ပြရင်ကောင်းမယ် အ ကြံပေးတာနဲ့
"ပိုက်ဆံ ဘယ်လောက်လောက် ကုန်မလဲ"မေးတော့
"တခါသွား နှစ်သောင်း သုံးသောင်းပေါ့ ဆေးကနှစ်ပတ်စာလောက်တခါထဲ ပေးလိုက်တာ"ဆိုတာနဲ့  စုထားတဲ့ပိုက်ဆံလေးထည့် ပြီး သွားလိုက်တာ၊ ကောင်တာမှာငွေရှင်းမယ် လုပ်မှ ပြဿနာက ကြီးသွားတယ်။ဆေးဖိုး ၊စမ်းသပ်ခ၊အာထရာဆောင်း၊ဓါတ်မှန်၊အီးစီဂျီ၊ စီတီ၊
သွေးစစ်ခ အရပ်ရပ်အတွက်တသိန်းကျော်နေ ပြီ။ပါတာက ငွေလေး ‌ခြောက်သောင်းလောက်။ ကဲမထူးဘူး
နောက်နေ့ မှ ကျန်တာ လာစစ်မယ် ဆို ပြီး သွေးတမျိုးထဲစစ် ပြီး ပါတဲ့ငွေနဲ့ရှင်းလိုက်တာ ငါးသောင်း ‌ခြောက်ထောင်နဲ့နှစ်ရာ။ အဲဒါ မနက်ဖြန် ၈ နာရီမှ အာထရာဆောင်း ဓါတ်မှန်နဲ့ အီးစီဂျီစစ်ဖို့ ဘွတ်ကင် လုပ်ထား ပြီး အမဆီကငွေတသိန်း လှမ်းတောင်းရတာ။ ချို ပြုံးရွှင်သောနှမပျိုငယ် တကိုယ်လုံးပင် ချောအလှပိုတယ် မြို့ မနဲ့ 
အဲလေ ။မနက် ဖြန် အာထရာဆောင်း၊ အီးစီဂျီ၊ရင်ဘတ်ဓါတ်မှန် သွေး အ‌ဖြေတွေရလို့ ရောဂါ ကြီးနေခဲ့ရင် ရှင်လူ ကြီး မတွေးရဲတော့ ၊
အင်း မန်းတောင်ရိပ်ခို သီချင်းကတော့ အင်မတန် မင်္ဂလာ ကျက်သရေရှိတဲ့သီချင်း။
ခုလို မထိတ်သာ မလန့် သာအ‌ခြေအနေမှာ "မန်းတောင်ရိပ်"ပဲ အားကိုးရတော့မှာပဲ။ ဒီလိုနဲ့ အမတို့ အိမ်ရှေ့ တက္ကစီရပ်တော့ အမက အိမ်ရှေ့ ကပန်းပင်တွေကို ပြု
ပြင်နေရင်း ငွေတသိန်းနဲ့ အသင့် စောင့်နေတယ်။
       အမဆီကငွေတသိန်းကို ပါတနာရဲဘော် ကြီးလက်ထဲအပ်ထားလိုက်တယ်။ခုချိန်တော့ သူကလက်ထောက် ပဲ။ဆေးရုံလည်းသူပဲလိုက်ပို့ နေတာ။
      ဒီလိုနဲ့  မြနန္ဒာ.....
နောက်နေ့ မနက် ၈နာရီမှာ
ဘွတ်ကင် လုပ်ထားတဲ့ "တက်လန်း"ဆေးရုံဆီ နှစ်ယောက်သား ချီတက်ခဲ့ ကြတယ်။ရှင်လူ့ တသက် ခုလို ပြည့်
ပြည့်စုံစုံ Medical chack up လုပ်ဖူးတာ ဒီတ ကြိမ်ပါပဲ။ရင်ဘတ် ဓါတ်မှန်ရိုက်တော့ သူတို့ ပေးတဲ့ စိမ်းပြာရောင် အင်္ကျီ ကြီး‌ပြောင်းပြန်ဝတ်ရ ပြီး ၊ရိုက် ပြီးတော့ ချွတ်
ပြီး အမှိုက်အိတ်ထဲထည့်ခဲ့ရတယ်၊ နှမျောစရာ ၊အဲဒါ ကိုယ့် ပိုက်ဆံတွေ။
       ဒီလိုနဲ့ အီးစီဂျီရိုက်တော့ ရင်ဘတ်ကို စုပ်ခွက်တွေနဲ့ကပ်၊လက်ေ တွ‌ခြေတွေကို ‌ခြေထိပ် လက်ထိပ်တွေခတ်နဲ့ အတဲယားလိုက်ထှာ။
       အာထရာဆောင်းရိုက်တော့ ဘိုက်ကို ကရင်မ်တွေလူး ပြီး ကော်သုတ်တန်လိုဟာ ကြီးနဲ့ မွှေ့ တော့တာပဲ။ ဗုေ ဒ္ဓါ...ကိုယ်ဝန်ဆောင်တွေအာထရာဆောင်းရိုက်တယ်ဆိုတာ ဒလိုပါလားပေါ့။
       ကဲ အားလုံး ပြီးတော့၊
သွေးအ‌ဖြေပါ စာအိတ်လေးနဲ့ ယူ ပြီး ဆရာ ကြီးအခန်းဝမှာ ထိုင်စောင့်......
        ကိုယ့်နာမည်ခေါ်တော့ စိတ်ထဲက မြနန္ဒာ ရွတ်ရင်း ဆရာ ကြီးအခန်းထဲဝင်ပေါ့။ "ဒီပေါ်မှာလှဲ"ဆို ပြီး
ဆရာ ကြီးနဲ့ နာ့စ် လေးကရှင်လူ့ ကို ခုတင်ပေါ်လှဲခိုင်းတယ်။ ပြီးမှ နာသေးလားဆို ပြီးနားကြပ်နဲ့ ရင်ဘတ်အနှံ့လိုက် ထောက်တယ်။ပို က်ဆံ
မရှိလို့ လားမသိ ရင်ဘတ်နာတာတွေ ပျောက်နေရဲ့ ။
"ပါးစပ်ဟ ပြီး အသက်ရှူဆို
ပြီး "ဆရာ ကြီးက ရှင်လူ့ ကိုထိုင်ခိုင်း ပြီး ကျောတွေ ရင်တွေပါနားကြပ်ထောက်လေရဲ့ ။ ပြီးတော့ ဆရာ ကြီးက ရှင်လူယူလာတဲ့  ဓါတ်မှန်ကိုပရိုဂျက်တာနဲ့ ထိုးလိုက် ပြီး
အင်း အားလုံးကောင်းတယ်။"အဆုတ်လည်းကောင်းတယ်၊
ေ သွးအားလည်း ကောင်းတယ်၊ နှလုံးသွေး‌ကြောလည်းမကျဉ်းဘူး၊ ကျောက်ကပ်လည်းကောင်းတယ်။"
    "ဒါ ဖြင့် ဘာ ဖြစ်တာလဲဆရာ"
     "သည်း‌ခြေမှာ ကျောက်ကလေး မဆိုစလောက်တည်နေတာ"
     "ခင်ဗျာ ၊ဆေးသောက်လို့  ပျောက်ပါ့မလား"
     "ပျောက်တာပေါ့ ကျနော် ဆေးနှစ်ပတ်စာပေးလိုက်မယ်၊ ကောင်းသွားရင် ပြန်မလာနဲ့တော့"
       ထွန်းသစ်စလရောင်နှယ် ခိုင်ညှာတန် တပွင့်ပန်း
လန်းသလိုနှယ်
        ကောင်တာမှာငွေရှင်းတော့ သုံးသောင်း လေးထောင့်လေးရာ ၊ဆေးက နှစ်ပတ်စာ 
        ချစ်လိုက်ရတာ မြနန္ဒာရယ်။