ဘာသာစကားရွေးချယ်ပါ
🤒☠️🤗😌😎🚷
သက္ကရာဇ် 2000 ခုလောက်တုန်းက စစ်ကြောရေး စခန်းတခုရဲ့ သံမံတလင်းပေါ်မှာ
ထိပ်တုန်းခတ်၊ မျက်နှာကို အဝတ်စီး ပြီး စစ်
ကြောခံခဲ့ဖူးတယ်။ ကုလားထိုင်ပေါ်ထိုင်နေတဲ့
ဆရာမျိုး(တပ် ကြပ် ကြီး ထင်ပါတယ်)ဆိုသူက
"ခုနေ ခင်ဗျား ရပ်ကွက် လူကြီး ဖြစ်ရင် ဘာလုပ်မလဲ"
"ကျနော် ရပ်ကွက်လူ ကြီး မ ဖြစ်နိုင်ပါဘူး"
"မဟုတ်ဘူးလေ ၊ခင်ဗျားကို ရပ်ကွက်ကလူတွေက လူ ကြီး အ ဖြစ် လုပ်ခိုင်းရင်ပေါ့"
"သူတို့ခိုင်းလည်း ကျနော် မလုပ်ပါဘူး"
"အတင်း မ ဖြစ်မနေ လုပ်ရမယ်ဆိုရင်ရော"
"မလုပ်ပါဘူး၊ ကျနော့ ဘဝမှာ လူ ကြီးလုပ်ဖို့
တခါမှ စဉ်းစားမထားပါဘူး" သူလိုချင်တဲ့ အဖြေမရတော့ ဆရာမျိုး စိတ်သိတ်မရှည်ချင်တော့။
သူလိုချင်တဲ့ဆီရောက်အောင် သွယ်ဝိုက်မနေတော့ပဲ တိုက်ရိုက်ပဲ မေးချလာတယ်။
"ခင်ဗျား လူ ကြီး ဖြစ်ရင်ကော လူတွေကို လွတ်လပ်ခွင့် ၊ပြောခွင့် ၊ဆိုခွင့် ပေးမှာလား "
"ဒါလည်း ကျနော်မသိဘူး၊ ကျနော် လူ ကြီး
လုပ်ဖို့မစဉ်းစားထားတဲ့အတွက် ၊သူတို့ကိုပေးဖို့ကိစ္စတွေလည်း ကြိုစဉ်းစားထားတာမရှိဘူး"
အဲ့ချိန်က အ ဗြင်းမခံရတာ အင်မတန် ကံ ကြီးတယ်ဆိုရမယ်။ ရှင်လူ့မှာ အားကိုးစရာ သီလပဲရှိတယ်။ သူတို့ ကို ဘာမှလိမ်ညာမုသားမပြော။ စိတ်ထဲက ခံယူထားတဲ့အတိုင်း ပြောခဲ့ ခြင်းသာ။ စာရေး ကဗျာရေး ၊အနုပညာမှန်သမျှ ဟိုစပ်စပ် ဒီစပ်စပ် တွေ လုပ်နေပေမယ့် ဘဝမှာ
ရပ်ကွက်လူ ကြီး(အုပ် ကြီး)လုပ်ဖို့စိတ်ကူးတောင် မယဉ်ခဲ့ (အဲ့ဒါ ခုထိကောင်းတုန်း)။
ဒါပေမယ့် အရပ်ကခန့်/ဆွဲခန့် လူ ကြီးမ
ဖြစ်ခဲ့ပေမယ့် ဝယဝုဒ္ဓိ ခေါ်ရမလားပဲ အသက်အရွယ် အရတော့ သေခါနီးလေ လူ ကြီးဖြစ်လေပါပဲ။ ခုလို အခြေအနေမျိုးရောက်မှ "အင်း
တသက်မှာ တခါလောက်တော့ လူ ကြီးစိတ်ကူးဝင် ကြည့်အုံးမှ လို့ တွေးမိပေါ့။ လူ ကြီးလုပ်မှတော့ဗျာ ရပ်ရွာ ဇနပုဒ် အုပ် ကြီးလောက်တော့
မမှန်းတော့ပါဘူး ။ မှန်းချင်းမှန်း သမတ ကြီးလောက်မှန်းတော့မပေါ့။ ကဲ နိုင်ငံတော် သမတ
ကြီး ရှင်လူ က ရဟန်း ရှင်လူ ပြည်သူတွေကို
မိန့်ခွန်း ပြောရတော့မယ် ဆို (သူများရေးမခိုင်းဘူး ၊ကွကိုယ်ရေးမှာ၊တသက်လုံး ကဗျာရေး/စာရေး လုပ်လာတာ ဘဝ မှာ အံတိုနေ ပြီလေ၊ ရေးတတ်ပ)
မိန့်ခွန်းက ကျစ်ကျစ်လျစ်လျစ်နဲ့ လိုရင်းတိုရှင်း၊
တိုင်းပြည်အတွက် အကျိုးစီးပွား ကိုဆောင်ရမယ်။ဒီတော့
"အို ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ ခင်ဗျာ၊
စကားလုံးတွေကို ကျည်ဆန် အ ဖြစ် ပြောင်းလဲ
ထုတ်လုပ်မလား၊ ကျည်ဆန်တွေကို စကားလုံးတွေအ ဖြစ် ပြောင်းလဲ ထုတ်လုပ်မလား၊ မိမိတို့ကိုယ်တိုင် ရွေးချယ် ကြရမှာ ဖြစ်ပါတယ်"။
ပြီးပါ ပြီ။ ။ဒါပဲ။
story#observation#shinlhu