Tuesday, April 9, 2024

story

(တစ်မျက်နှာ ဝတ္ထု ုတို)
ဇေယျဝတီ မင်းလွင်စိုး
   
  "သမုဒယ၏ ဖန်ရှင်များ"

    လက်ဖက်ရည်ဆိုင်ကလေးက ဘူတာ စ င်္ကြန်မှ ကန်စွန်းခင်းထဲသို့တံတားထိုးကာ ဖွင့်လှစ်ထားသ ဖြင့် အလှစိုက်ပန်းအိုးများစီချထားသော ဆိုင်မျက်နှာစာ စားပွဲမှထိုင် ကြည့်လိုက်လျှင် ဘူတာစ င်္ကြန် နှစ်ဖက်စလုံးကို
ကောင်းစွာ မြင်နေရသည်။
      ဖြတ်သွား ဖြတ်လာများနှင့် ရထားစီးရန်စောင့်ဆိုင်းနေသူများကို အမှတ်တမဲ့
ငေး ကြည့်နေဆဲ တူရူစ င်္ကြန် တဖက်ရှိ မိမိ မြင်ကွင်းထဲသို့ကျိုင်းတုံထမီရွှေဝါပွင့်ရောင်နှင့် ကိုယ်ဟန်ဖွံ့ထွားစို ပြည်ဆဲ မိန်းမပျိုတယောက်
ရောက်ရှိလာခဲ့လေသည်။မိန်းမ
ပျိုက စ င်္ကြန်ပေါ်မှာ မခို့တရို့ထိုင်ချလိုက်ပြီး သူမရဲ့
ခွာ မြင့် ကြိုးသိုင်းဖိနပ်ကို နေသားတကျ ဖြစ်အောင်ပြုလုပ်နေပုံမှာ လည်တိုင်ကျော့ရှင်းတဲ့ ကြိုးကြာငှက်လေးတစ်ကောင်ရဲ့ကဟန်လို တကယ့်ကိုကဗျာဆန် လွန်းလှပါဘိ။ မျက်နှာမလွှဲရက်နိုင်အောင်ပါပဲ။အို အရေးထဲ လက်ဝဲရစ် လော်ကယ်ရထားက
ဗြုန်းဆို ရုတ်တရက်ဝင်ရောက်လာ ပြီး မိမိ မြင်ကွင်းကို
ဆင်ဆာ ဖြတ်လိုက်ကာ စက္ကန့်ပိုင်းအတွင်းမှာပင် ဥ သြကိုသံတိုဆွဲ ပြီး ပြန်လည်ထွက်ခွာသွားခဲ့ ပြီ။
      မြင်ကွင်းဟာ လပ်ဟာ ပြီး ကျန်ခဲ့ပါတော့တယ်။
      ဘယ်ကလာသလဲ၊ ဘယ်ကိုသွားသလဲ၊ အလုပ်ကိုသွားတာနဲ့တူတယ်။ သူ့အိမ်ကို ပြန်တာလား။မိမိရင်ထဲမှာ မေးခွန်းတွေ ပလုံစီ ပြီးကျန်ခဲ့ပါတယ်။ ပြီးတော့ ပြုံးမိပါတယ်။
       ဘယ်ကလာ ပြီး ဘယ်ကိုသွားမှန်းမသိခဲ့‌သော
သမုဒယတွေ မိမိဘဝမှာ ကြုံခဲ့ဖူးပေါင်းများ ပြီပဲ။
        "ဒီအဖိုး ကြီး ဘာတွေ ပြုံးနေ ပြန်ပလဲ"
        "သမုဒယရဲ့ဖန်ရှင်များ အ‌ကြောင်းလေ"
        "ဘာသမုဒယဖန်ရှင်လဲ"
        "ရှင်း ပြလို့လည်း မင်းနားလည်မှာ မဟုတ်ပါဘူးအဘွား ကြီးရာ၊လက်ဖက်ရည်ဖိုးသာရှင်းလိုက်ပါတော့၊
အိမ် ပြန် ကြစို့"
        ဆံပင် ဖြူ ကွက် ကြားနှင့် အဘွား ကြီးက ပိုက်ဆံအိတ်ကို ဖွင့်ရင်း မိမိကို မျက်စောင်းထိုး ကြည့်နေလေသည်။ ဤအ ကြည့်မျိုးမှာ လွန်ခဲ့သော နှစ်ပေါင်းသုံ းဆယ် ကျော်ကဆိုလျှင်...။
   ဇေယျဝတီ မင်းလွင်စိုး

သ င်္ကြန်နားရက်အတွင်း လွှင့်ပစ်စရာတွေရှင်းရင်း မထင်မှတ်ဘဲ ရှင်လူ့တစ်မျက်နှာ ဝတ္ထု ုတိုပါတဲ့ "အနုပညာ‌ေ ကြးမုံမဂ္ဂဇင်း" အမှတ်(၄)
၂၀၀၃။ပြန်ေ တွ့တာနဲ့အမှတ်တရ ကူးတင်ပါတယ်။
ခုနှစ်နဲ့လ မမှတ်မိတော့တဲ့
ရှင်လူ့ရဲ့ "ပြတင်းပေါက်ကလေးတခု"ဝတ္ထ ုတိုပါ "စံပါယ် ဖြူ"မဂ္ဂဇင်းလည်းရှာမတွေ့တော့ပါ။ တွေ့တဲ့သူများ ရှင်လူ့ကို လက်တို့ပေး ကြပါရန် မေတ္တာရပ်ခံပါတယ်။
story #observation#shinlhu

Friday, April 5, 2024

story

ပေဖူးလွှာမှ အီးမေးလ်သို့
************************"ပေဖူးလွှာ" တဲ့။ ရှေးအခါက ပေဖူးနုနုကလေးတွေအပေါ်မှာ ကညစ်နဲ့စာရေးပြီး တနေရာနဲ့တနေရာ အမှာပါးလေ့ရှိကြတယ်။အဲ့ခေတ်က အဲ့ပေဖူးလွှာလေးတွေကို တနေရာကတနေရာ ပို့ဖို့ ဆက်သားဆိုတဲ့ စာပို့သမားတွေထားရှိကြယ်။ ရှင်လူ့အဖိုး‌ေြပာပြတဲ့ပါးစပ်ရာဇဝင်အရ
အဲ့ဆက်သားဟာ ရွှေယောက်မခါးထိုးရသတဲ့။ဆက်သားဟာ မြင်းနေရာမြင်း ၊လှေနေရာလှေ၊ မြင်း‌မပေါက်လှေမပေါက်ရင် ‌ခြေကျင်သွားရသမို့သူ့မှာ ဘုရင့်အမိန့်နဲ့ ရွှေချထားတဲ့ယောက်မလေး ခါးထိုးထားပြီး ရောက်လေရာအိမ်မှာဝင်ရောက်ခူးခပ်စားသောက်ခွင့်ရှိသတဲ့။အဖိုးရဲ့ပါးစပ်ရာဇဝင်မို့ ဘယ်လောက်မှန်တယ်တော့မသိဘူးပေါ့လေ။ကြားဖူးတဲ့အတိုင်းပြန်ရေးပြတာပါ။ပြီးခဲ့တဲ့ 1980ဝန်းကျင်နှစ်တွေအထိမှာလည်း အဲ့ပေဖူးလွှာကို အစွဲပြုပြီးထုတ်ဝေခဲ့တဲ့ "ပေဖူးလွှာမဂ္ဂဇင်း"ဆိုတာလည်းထင်ရှားလူကြိုက်များခဲ့ဖူးတယ်။ ခုတော့ မဂ္ဂဇင်းတွေမျိုးတုန်းတဲ့ထဲပါသွားပါပြီ။ရှင်လူတို့ ငယ်စဉ်ကတော့ ပေဖူးလွှာအစား ပေးစာတွေခေတ်စားနေပါပြီ။စာရေးစက္ကူ ပလာစာရွက်စတာတွေမှာ ဖေါင်တိန်(ဒါမှမဟုတ်-ခဲတန်-ဘောပင်)စတာတွေနဲ့စာရေးပြီးစာအိတ်လေးတွေနဲ့ထည့်၊ ကော်ကပ်ပိတ်ပြီးတန်ဖိုးသင့်အခွန်တံဆိပ်ခေါင်းလေးတွေကပ်ကာ နှီးစပ်ရာ စာတိုက်ပုံးလေး‌တွေထဲထည့်ပြီး စာတိုက်စာရေးတွေက သင့်ရာရထား၊ကား၊လေယာဉ်တွေနဲ့ စာပို့တဲ့စံနစ်တမျိုးပါပဲ။ပေဖူးလွှာ တုန်းက "ပျိုလေးတို့အိမ်ဦး ထိုးလာပါတဲ့ ပေဖူးလွှာ ၊ဘာစာပါလိမ့်လေး"ဆိုတဲ့ ပေဖူးလွှာဖွဲ့သီချင်းတွေရှိခဲ့သလို၊ "ငှက်ခါးလေးတွေ အခါခါနားရင် သက်ထားလေးဆီ စာလွှာပါးကာ"ဆိုတဲ့ စာပို့စံနစ်အကြောင်းဖွဲ့တဲ့သီချင်းတွေလည်းရှိခဲ့ဖူးတာပါပဲ။ခု ရှင်လူတို့ ဘူဒါးကြီးအရွယ်တွေလည်းရောက်ကရော ပေဖူးလွှာနဲ့ စာတိုက်ကြေးနန်းဆက်သွယ်ရေးစံနစ်တွေအစား
မိုဘိုင်းဖုန်းခေတ်ရောက်လာတော့ အင်တာနက် အီးမေးလ်ခေတ်ထဲဝင်ရောက်လာခဲ့ပါပြီ။သင့်အိတ်ထဲ ထည့်ထားတဲ့ မိုဘိုင်းဖုန်းထဲကို ကမ္ဘာအနှံ့ကအီးမေးလ်စာလွှာတွေ တတိန်တိန် အချိန်မရွေးဝင်ရောက်နေကြပါပြီ။တကယ်လို့များ သင့်ချစ်သူဆီ အမှာပါးရာမှာလူသိရှင်ကြားဖြစ်ချင်ရင်တောင်fbလို ဆိုရှယ်နက်ဝပ်တွေမှာ ပတ်ဘလစ်နဲ့တင်လိုက်ရုံပါပဲ။မရှက်တတ်ရင်ဆိုပါတော့လေ။
story#observation#shinlhu