Teddy Bear ရဲ့ရှေ ့နေ
🎃👺🤡💩🎃👺🤡
ညဘက် ဖွေးဖွေးသိမ့်ဆီဖုန်းဆက်တော့
သူ့အမေ ငမိုးရိပ်က ဖုန်းကိုင်တယ်။
"သားအဖတွေ အိပ်သွားပြီ ရှင်လူ"တဲ့။
"ဟ စောလှချည်လား၊ ခုမှ ၉ နာရီပဲ ရှိသေးတာ" ဆိုတော့ ငမိုးရိပ်က "ဟုတ်တယ် စောစောက သားအဖတွေ ငြင်းကြခုံ ကြနဲ့ ၊သူ့အရုပ်လေး နှာခေါင်း ဘာ ဖြစ်သွားလို့ ဆိုလား ၊အငိုအယိုတွေနဲ့"
ငမိုးရိပ်စကား ကြောင့် ရှင်လူ ပြုံးလိုက်မိပါတယ်။ ပြဿနာက ဒီနေ့ နေ့ခင်း ဖွေးအဖေ မောင်ဝင်း နဲ့ ရှင်လူ တောင်ဒဂုံက ပြန်ရောက်ရောက်ချင်း ဖွေးမတွေ့တာနဲ့မောင်ဝင်းက မေးပါတယ်။ ဒီလိုနဲ့ နီးစပ်ရာ ဟိုလူ့မေး ဒီလူ့မေးလုပ်ရင်း ဖွေးကို တရုပ်မ ကြီး အိမ်နောက်ဖေး
ပိတောက်ပင် ကြီးအောက်မှာတွေ့ပါလေရော။
အဲ့ချိန် ဖွေးက ဖိုးလဝန်း တို့နဲ့အတူ တံချူတွေဘာတွေနဲ့ ပိတောက်ပန်းခူးနေတာပါ။
အဲဒါ သူ့အဖေက ငေါက်ငမ်းပြီးခေါ်လာတော့ ပြန်လိုက်လာပါတယ်။
"ဘယ်သွားတာလဲ၊ နင့်ကို အိမ်မှာနေဖို့ ငါပြောထားတယ်မဟုတ်လား" ဆိုတော့
"ဖွားဖွား ကြီးကို ပြောသွားတယ်"တဲ့။
"ဟုတ်တယ် ပိတောက်ပန်းခူးဖို့အိမ်က ဓါးတွေဘာတွေတောင်ဝင်ယူသွားတာ"လို့သူ့ဖွားဖွား ကြီးကထောက်ခံပါတယ်။ဒါပေမယ့် သူ့အဖေဒေါသက မပြေ။ "နင့်ကို သူများအိမ်ထဲ မဝင်ဖို့ ငါပြောထားတာ မမှတ်ဘူး၊ ခု တရုပ်မ ကြီးအိမ်ထဲ ကဝင်ရတာ"။
မောင်ဝင်းက ဖွေးရဲ့ Teddy Bear ဝက်ဝံရုပ်လေး ကို ခြေထောက်ဖက်ကစုံကိုင်ပြီး ဖွေးကို
ရိုက်ဖို့ရွယ်တော့ ဖွေးက ခန်းဆီးဘေးကနေ ဖြတ်ခနဲ ပြေးလာ ပြီး ရှင်လူ့ ကို ကာဗာယူလိုက်ပါတယ်။ "ကဲ ကဲ တော်ပါတော့ မောင်းဝင်းရယ်၊
နောက်ဆိုသမီးကလည်း ဖေဖေစကားနားထောင်၊ သူများအိမ်ထဲ မဝင်နဲ့တော့၊ ကလေးသဘာဝကွာ၊ အဲ့ ပိတောက်ပင်ကြီးကလည်း ကလေးမပြောနဲ့ ငါတောင် အသဲယားတယ်၊ဒီတခါတော့ ခွင့် လွှတ်လိုက်ပါ။ နေ့ခင်း ပြဿနာက ဒီလောက်နဲ့ ပြီးသွားတာပါ။ မောင်ဝင်း ကလည်းတ ခြားလူတားရင် အရွဲ့တိုက် ပြီး ရိုက်ချင်ရိုက်မှာပါ။ ရှင်လူနဲ့ကျတော့ ဘီယာဆိုင်ထိုင်ဘက်ချင်းမို့ သံယောဇဉ် ကစကားပြောသွားတာပါ။
အဲဒါ ညနေဖက် သားအဖဆုံ ကြတော့ ဖွေးက
သူ့ကို ရိုက်ဖို့ မောင်ဝင်းကိုင်ခဲ့တဲ့ သူ့ဝက်ဝံရုပ်ကလေး Teddy Bear နှာခေါင်း ပျက်သွားတယ်ဆို ပြီး သူ့အဖေကို စွဲချက်တင် မျက်ရည်ကျ ခဲ့တာပါ။
အင်း...ဖြစ်နိုင်မယ်ဆိုရင် ဖွေးဖွေးသိမ့်လူလားမြောက်တဲ့ထိ ရှင်လူ ကြီး အသက်ရှည်ချင်ပါသေးတယ်။ ဖွေးသာ ရှေ့နေ ဖြစ်မယ်ဆိုရင် သာမာန်
အဖိနှိပ်ခံတွေအတွက်သာမက Teddy Bear တို့လို အရုပ်ကလေးတွေဘက်ကပါ
အကာအကွယ်ပေး မယ်ဆိုတာတွေးမိရင်း ပေါ့။
story#observation#shinlhu