Monday, September 29, 2025
story
story
Saturday, September 27, 2025
story
Thursday, September 18, 2025
story
story
Sunday, September 14, 2025
story
Thursday, September 4, 2025
story
တိမ်လို လေလို⛅🌥🌦🌼🌷💐🌧☁🌧
စက်ဘီးနင်းရင်း မောလို့ဖြစ်စေ၊လမ်းလျောက်ရင်း ညောင်းညာလို့ဖြစ်စေ ၊သာယာခင်းပြန့်တဲ့ လမ်းဘေးအုတ်ခုံလေးများ အရိပ်အာဝါသများကိုရှင်လူနှစ်သက်တတ်ပါတယ်။ရှင်လူတို့နိုင်ငံမှာ ရှေးအခါကတည်းက ဇရပ်ဆိုတဲ့ အသုံးရှိဖူးပါတယ်။ဇရပ်ဆိုတာ ခရီးသွားဝေနေယျများအချိန်မရွေးဝင်ရောက်နားခိုအိပ်စက်နိုင်တဲ့နေရာများဖြစ်ပြီး ရှေးအခါက ဟိုတယ်/မိုတယ် ဆိုတဲ့အသုံးများမတွေ့ခဲ့ဖူးပါ။ရဟန်းသံဃာများကိုစောင့်ဆိုင်းပြီးဆွမ်းလောင်းတဲ့အဆောင်တဲများကိုဆွမ်းလောင်းဇရပ်လို့ခေါ်လေ့ရှိပြီးဘုရားကျောင်းကန်ပရိဝုဏ်များအနီးမှာလည်းတည်းခိုဇရပ်များကို ဆောက်လုပ်လှူဒါန်းထားလေ့ရှိပါတယ်။ဒါပေမယ့် ခေတ်ကာလတွေအလီလီပြောင်းလာတဲ့နောက် ဇရပ်တွေက သစ်ခွာရောင်း ၊သွပ်ခွာရောင်း ဖျက်လိုဖျက်စီး ကိစ္စတွေများလာတော့ ငွေပေးတည်းခိုရတဲ့ ဟိုတယ်/မိုတယ်တွေပဲအားကိုးရပါတော့တယ်။လမ်းဘေးအုတ်ခုံလေးထိုင်ဖို့ကြည့်လိုက်တော့ ထိုင်လို့မရအောင် အပြားလိုက်မလုပ်ပဲ အလယ်စောင်းကိုအိမ်အမိုးပုံတင်ထားတော့ သူ့ပေါ်ထိုင်မရတော့။ညညဂစ်တာလာတီးကြတဲ့ ဖိုသံလာပေးကြတဲ့ ကာလသားများအပေါ်ထားတဲ့ဝန်တိုမှုပါပဲ။
သူတို့ညဥ့်နက်သန်းခေါင်ရှိနေလို့ ခိုးဆိုးလုယက်များမသောင်းကျန်းနိုင်တာသတိမရ တဖက်သတ်တချက်လွှတ်အမြင်နဲ့ လုံခြုံရေးစည်းများကိုပေါက်စေခဲ့ပြန်တယ်။ရှင်လူကြီးကတော့ အင်တာနက်သုံးရင် အထူးသဖြင့် ဥရောပနဲ့ ကမ္ဘာ့ယဥ်ကျေးမှုမြင့်တဲ့နိုင်ငံတွေမှာ ခရီးသွားအများသူငါ အတွက် သောက်သုံးနိုင်အောင်ပြုလုပ်ထားတဲ့
Fountain (ရေပန်း)များကိုသဘောကျပေါ့။ဘာခွက်မှမလိုပဲ ပါးစပ်ဟခံသောက်လို့ရသလို ဆေးကျောမလားသန့်စင်မလား ၊အသုံးပြုရလွယ်ပါ့။ရှင်လူကြီးက ကလေကချေစိတ်ခေါ်မလား၊လွတ်လပ်တဲ့စိတ်ခေါ်မလား ဒီကမ္ဘာကြီးပေါ် ဘယ်နေရာမဆို လမ်းဘေးအုတ်ခုံသန့်သန့်ခန့်ခန့်လေးတွေပေါ်စိတ်အေးလက်အေးထိုင်ငေးနေရတာဝါသနာပါပါတယ်။မြက်ခင်းသန့်သန့်လေးတွေပေါ် ပက်လက်လှန်ရင်း ကောင်းကင်တိမ်တိုက်တွေကိုငေးနေချင်ပါတယ်။ငြိမ်းချမ်းပျော်ရွှင်လိုတဲ့စိတ်မို့ ကလေကချေစိတ်တော့မဟုတ်။လူတွေရဲ့ ငြိမ်းချမ်းပျော်ရွှင်မှုကိုဖျက်ဆီးမှသာကလေကချေစိတ်လို့ပြောရမှာပေါ့နော်.....