Saturday, April 4, 2026

story သူကလေးကိုမွေးကင်းစ ပုလုကွေးကတည်းကချစ်လိုက်ရတာ၊ ခု ၁၂နှစ်သမီးအရွယ်ထိ ရှင်လူရိုက်ခဲ့တဲ့ သူ့ဓပုံတွေမှ အများကြီး။ ဟော ခုတော့ သူမကြာခဏလုပ်ကြွေးတဲ့ သူ့လက်ရာ အာလူးချောင်းကြော်တို့ ခရမ်းချဉ်သီးစိမ်းလက်ဖက်အဆာသွပ်တို့လည်းစားနေရပြီ။ တလောက ရှင်လူ ဖုန်းတလုံးထပ်ဝယ်တော့ WIFI -password မသိလို့ "သမီးရေ လုပ်ပေးပါအုံး"ဆိုတော့ ရှင်လူ့ဖုန်း WIFI -Setting ထဲဝင်ပြီး ဟိုဖိဒီဖိ QR -Code တွေ�

story #observation#shinlhu
Uploaded Image Uploaded Image

story

"ပေါင်မုန့် ဝယ်ပေး"
         ဖွေးဖွေးသိမ့် ပူဆာသံကြောင့်အိပ်ငိုက်နေတဲ့ရှင်လူကြီးမျက်စိကျယ်သွားတယ်။
          "ဘယ်ဆိုင်ကလဲ"
          "ပီကင်းဆိုင်က၊ပေါင်မုန့်အချပ်ကလေးတွေ"
           "ပီကင်းဆိုင်ကဝေးတာပေါ့၊‌နီးတဲ့ သင်းသင်းစတိုးကပဲဝယ်လိုက်မယ် "ဆိုပြီး နေတရှိန်းရှိန်းပူနေတဲ့လမ်းပေါ် ရှင်လူကြီးထွက်ခဲ့တယ်။
သင်းသင်းစတိုးရောက်တော့ လိုချင်တဲ့ပစ္စည်းမရ။ပေါင်မုန့်ရှိပေမယ့် Expired date က 4.4.2026ဖြစ်နေတယ်။စာလုံးတွေကသေးတော့ date ကိုမနည်းကြည့်နေရတယ်။ဒါနဲ့ တခြားဆိုင်တွေလှည့်ရှာရတော့တယ်။သိတ်မဝေးဘူးဆိုပြီး ထီး ဦးထုပ်မယူခဲ့တာမှားတာပဲ။ဒီလိုနဲ့
တဆိုင်ပြီးတဆိုင်ရှာရင်း INNO CITY
ရှေ့ကဆိုင်ရောက်မှရတယ်။Expired
date က 9.4.2026 ဆိုတော့ မဆိုးလှ။
အရင်ကတော့ ရှင်လူကြီးမုန့်ဝယ်ရင်
date မကြည့်ဘဲဝယ်လေ့ရှိတယ်။ခုတော့ မှိုတက်မိပါများလို့ ပုံနှိပ်စာလုံးသေးသေးကိုရည်းစားမျက်နှာလိုတစိမ့်စိမ့်ကြည့်တတ်နေပြီ။
             အင်း...ဒီနေ့ ဖွေးအတွက်နေပူထဲမုန့်ဝယ်ထွက်ရကျိုးနပ်ပါတယ်။
ကြက်ဥတွေ နို့ဆီ နို့စိမ်းတွေနဲ့ ကြော်ထားတဲ့ ပေါင်မုန့်ကြော်စားရတာတန်ပါတယ်။
story #observation#shinlhu
Uploaded Image