Wednesday, October 7, 2015

ဒီ​နေ့ ည​နေ 8:22pm မှာ ဘာလာ့ ဆီက ဖုန်း ဝင်​လာတယ်​..
``ရှင်​လူ​ရေ ရှင်​လူ့ ဖိုး​သောကြာ ​တော့ ဒီမှာ ထိန်း​မနိုင်​​တော့ဘူး ၊ ပါးမှာ စ​တေကာ​တွေကပ်​ပြီး အလံ​တွေ
ကိုင်​ပြီး​တော့ အ​မေစု ..အ​မေစု နဲ့ တ​နေကုန်​ ​​သောင်းကျန်း​နေ​လေရဲ့ ´´တဲ့။
ဘာလာ့ ဖုန်းသတင်း​ကြောင့်​ ရှင်​လူ ရီလိုက်​မိတယ်​၊ တကယ်​​တော့ ဘာလာတို့. မိသားစု မုံရွာ (ခင်​မွန်​)ကို
ပြောင်းသွားတာ ​ခြောက်​လ​ကျော်​​ကျော်​​လောက်​ပဲရှိ​သေးတယ်​၊ အရင်​က ရှင်​လူ့အ​ပေါ် ထပ်​ခန်းက​ပေါ့။သူ့​ယောက်ျား ​မောင်​ဖြူသီးက ရခိုင်​ ပန်းထိမ်​ဆရာ​လေး။
ဘာလာ က ​တောင်​ဥက္ကလာ သူဗမာ။သူတို့ညားခါစရှင်​လူ့အ​ပေါ်ထပ်​ခန်းမှာ လာငှါး​နေကြ​တော့ ​မောင်​ဖြူသီးက
``ဦး​လေး ​ရေ ကျ​နော်​တို့ အ​ပေါ်ထပ်​မှာ ပန်းထိမ်​ လုပ်
ရတာ အဆင်​မပြဘူး ၊ ထုရရိုက်​ရတာလည်း ​ဘေးခန်း​တွေ အားနာ​နေရတယ်​ ၊ ဦး​လေးအခန်းမှာ တိုက်​ခုံတ​နေရာစာချပြီး လုပ်​ပါရ​စေ ဆို​တော့ ရှင်​လူက တ​ယော က်​တည်းသမားလည်းဖြစ်​ပြန်​ ၊ ​၁၀ ​ပေ ​ပေ၄၀ ခန်းလည်းဖြစ်​ပြန်​ ၊ သံမံတလင်းခန်းလည်းဖြစ်​​နေ​လေ​တော့
``အိမ်​ရှင်​ အဖွားကြီးဆီ ခွင့်​​တောင်းကွာ၊ ငါ့ဘက်​က​တော့
အို​ကေပဲ မီးသုံးတဲ့အတွက်​​တော့ သူနဲ့ညှိပြီး မီးဖိုး​ပေးလိုက်​​ပေါ့ ´´ဆိုပြီးကာ ရှင်​လူ့ ကွပ်​ပစ်​​ခြေရင်းမှာ သူ့အလုပ်​ခုံ​ရောက်​လာခဲ့တယ်​ ၊ ညဉ့်​နက်​သန်း​ခေါင်​တိုင်​​အောင်​ သူပန်းထိမ်​လုပ်​​လေ​တော့ ရှင်​လူ့မှာ အိပ်​​ရေး​တွေဘာ​တွေပျက်​ရ​ပေါ့၊ သူတို့် ဆီကဘာအဖိုးအခမှမယူ​လေ​တော့ အဆင်​သင့်​တဲ့အခါများမှာ ရှင်​လူ့ကို ရခိုင်​ချက်​အစပ်​ဟင်းနဲ့ ထမင်း​တွေ ဘာ​တွေ ​ကျွေး​ပေါ့ ။ဒီလိုနဲ့ တ​ကောင်​ကြွက်​ကြီးရှင်​လူ မိသားစုက​လေးတခု ရလာခဲ့တယ်​ ။ ဒီလိုနဲ့ ​ယောက်ျား ပန်းထိမ်​ခုံ​ဘေးမှာ ထိုင်​ထိုင်​ပြီး အကို​ အကိုနဲ့ လုပ်​​လေ့ရှိတဲ့ ဘာလာ့ ကိုယ်​ဝန်​ကလည်း တစစရင့်​မာလာခဲ့တယ်​၊ ရှင်​လူကလည်း အရူးဆို​တော့ အဲဒီ ကိုယ်​ဝန်​သည်​ကို ဓာတ်​ပုံရိုက်​ပြီး fb မှာ cover photo တင်​လိုတင်​​ပေါ့။ ​နောက်​ဆုံး ​တော့ 21.6.2013 Friday မှာ ဖိုး​သောကြာ​လေးကို​မွေးခဲ့တယ်။ ဖိုး​သောကြာဆိုတာ ပုခက်​တွင်းဘဝကလမ်း​​ပေါ် ​တောက်​​တောက်​​ပြေးတဲ့ အချိန်​ထိ ရှင်​လူ့ရဲ့ fb ​မော်​ဒယ်​​ပေါ့၊ ဒါ​ပေမယ့်​ ပိ​ယေဟိ ဝိပ္ပ​ယော​ဂေါ ဒု​က္ခော
ဆိုတဲ့အတိုင်း ဖိုးသောကြာ​လေး စကားမ​ပြောတတ်​ခင်​မှာပဲ သူတို့မိသားစုရဲ့ ​ရေကြည်​ရာ မြက်​နုရာ တရွာမ​ပြောင်း သုကောင်းမဖြစ်​ အစီအစဉ်​အရ ခင်​မွန်​ (မုံရွာ) ကို ​ပြောင်းသွားခဲ့ကြတယ်​၊ဒီက​လေးပါးစပ်​က ရှင်​လူလို့​ခေါ်သံကို ငံ့လင့်​​နေတဲ့ ရှင်​လူက​တော့ အသည်းဟက်​တက်​ကြီး​ပေါ့။ ခု ဘာလာ့ ဆီက ဖုန်းသတင်းအရ ဆို ဒီ​ကောင်​က...ဒီဖိုး​သောကြာဆိုတဲ့​ကောင်​က အ​မေစုကိုကြိုဆိုသတဲ့၊ သားကအ​မေစုကိုသိလို​လားဆို​တော့ သိတာ​ပေါ့ ဆိုပြီး ကားမှာဆင်​ထားတဲ့ ​ဒေါ်စုပုံကို
လက်​ညိုးထိုးပြသတဲ့ ။ကောင်း​ရော ၊ ရှင်​လူ့မှာ နှစ်​​ပေါင်း၂၅ နှစ်​​ကျော်​​အောင်​ အ​မေစုနဲ့ NLD ကိုဝန်းရံလာခဲ့တာ ခု လာမယ့်​ ၂၀၁၅ နိုဝဘာင်္ ဆို ရှင်​လူ့ အသက်​ ၆၃ နှစ်​ပြည့်​ပြီ ။ အင်း ​သေရမယ်​ဆိုရင်​​တောင်​အ​သေ​ဖြောင့်​ပြီ​ပေါ့ ။ ဖိုး​သောကြာတ​ယောက်​လုံးရှိ​နေပြီ​လေ..။
ခု​အောက်​တိုဘာဆို​တော့ ဖိုး​သောကြာ ၂နှစ်​နဲ့၎လသား​ပေါ့၊(အထူးမှတ်​ချက်​)ခု​လော​လောဆည်​မှာ​တော့ ရှင်​လူ့fb ​မော်​ဒယ်​က သီတင်းကျွတ်​လပြည့်​​ကျော်​၁ရက်​​နေ့မှာ တနှစ်​တင်းတင်းပြည့်​မယ့်​ ​ခြေရင်းခန်းက ​ဖွေး​ဖွေး ​ခေါ် ဝူဘူ​လေးဖြစ်​ပါတယ်​ခင်​ဗျား။

story#observation#shinlhu

No comments:

Post a Comment