Monday, February 1, 2016

Sound pollution (သို့မဟုတ်​)...... Shin

Sound pollution (သို့မဟုတ်​)......
Shin Lhu shared Win Aung'sphoto.
sound pollution ဆိုတဲ့ အသံ ဆူညံတဲ့ကိစ္စဟာ အမှိုက်နည်းတူလူတွေရဲ့ကျန်းမာရေးကိုထိခိုက်နိုင်တယ်ဆိုတာ အလှူခံတဲ့လူတွေ သိပုံမရဘူးဗျ။ခုဆို ရှင်လူ့မိတ်ဆွေအတော်များများဟာလွှတ်တော်ထဲမရောက်ပေမယ့် ရပ်ကွက်အသီးသီးကဓမ္မာရုံတွေမှာ ဥက္ကဋ္ဌ ဖြစ်နေသူတွေများတယ်။ တချို့ဆို အငြိမ်းစားကျောင်းအုပ်ဆရာကြီးတွေတောင်ပါသေး။ ဒီ အလှူခံတဲ့ကိစ္စမှာအသံချဲ့ စက် မကောင်းလို့ ဒါမှမဟုတ် မကိုင်တတ်လို့ ရွှီဂွီဂွီဖြစ်တာတမျိုး၊ အိပ်စက်နေသူတွေ ၊ နောက်ဖေးနောက်ဖီသွားနေသူတွေပါ ဒါန မမြောက်လိုက်မှာစိုးလို့တကြောင်း စတဲ့ အကြောင်းကြောင်းကြောင့် Volume ကို မိုင်ကုန်တင်ပြီး မိုက်ခဲလုပ်နေကြတာ ။ ရှင်လူတို့ရပ်ကွက်ဆို လမ်းတိုင်းမှာ ဓမ္မာရုံ (ဒါမှမဟုတ်)ဆွမ်းချက်ရုံ ၊ ရှင်လူတို့ လမ်ထဲ မှာတင် ၂ ခုရှိနေတယ်။အဲဒီကလည်း လပြည့် လကွယ်စတဲ့နေ့တွေမှာ အလှူခံပါဗျို့ ၊ငါတို့အရိုး၊ နမောနမောစတဲ့သီချင်းတွေ ထပ်ခါထပ်ခါဖွင့်၊ အဲဒီတော့ ရှင်လူ့ခမျာ ငါ့မှာ မျိုးချစ်စိတ် တို့ ဘာသာ သာသနာချစ်စိတ်တို့ ခန်းခြောက်နေပြီလားလို့ကိုယ့်ကိုယ်ကို သံသယဝင်မိပါရဲ့၊တချို့ဆိုအလှူခံမိုက်ခဲကြီးတွေက မရှိလို့မလှူမလှူလို့မရှိဆိုပြီး ကလိတာခံရသေး၊ တခါဘုရားတဆူက မိုက်ခဲကြီးပြောလိုက်ပုံက``သြော် သားငယ်လေးက လိမ္မာလိုက်တာသူစားမဲ့မုန့်ဖိုးထဲက ငွေ ၂ ကျပ်လှူသွားရှာတယ်၊တချို့ကလေးတွေဆို စားပစ်ကစားပစ်တာ...လူလိမ္မာသားယဉ်ပါး ၊လူမိုက်သားရမ်းကားဆိုတာလိုပေါ့ဗျာတဲ့။ကဲ ကောင်းရော ၊ ဒီလိုလူတွေ ကောင်းမှုကြောင့်ရှင်လူတော့ ဗုဒ္ဓဘာသာဝင်အဖြစ်ကတောင်ခေတ္တအနားယူချင်စိတ်ပေါက်ကရော။ဒီလိုပြောလို့ဆဲချင်လည်းဆဲ ပေါ့ဗျာ ။ရှင်လူပြောနေတာတွေဟာ ဘာသာသသနာအကျိုးပျက်စီးညှိုးမှိန်စေတယ်ဆို ဆဲမနေနဲ့ ပါးလာရိုက်လှည့်၊ သာသနာပြုတယ်ဆိုတာ ဓမ္မာရုံကောင်းစားရေးလား၊ယောဂီကောင်းစားရေးလားစဉ်းစား။ဥပနိဿယပစ္စည်းတို့ ဘာ တို့ တော့လာမပြောနဲ့ ရှင်လူလည်းအဘိဓမ္မာသင်တန်းတက်ထားတာ။ဗိုလ်တထောင်ဂေါပက တယောက် ငွေကိစ္စအလွဲသုံးစားကြောင့်အချင်းချင်းတိုင်ကြတန်းကြတာ သတင်းစာတွေထဲပါတယ်။ သတင်းစာတွေထဲမပါတဲ့ ဓမ္မာရုံ ပြဿနာ ၊ကျောင်းပြဿနာတွေလည်း အများကြီး။ ရှင်လူတခုအကြံပေးချင်တာက ခင်ဗျားတို့ Viber တို့  Face book တို့က အလှူခံလည်းရသဗျ။အသံချဲ့စက်မလိုဘူး။အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊မြောက်ဝန်ရိုးစွန်း တောင်ဝန်ရိုးစွန်းမကျန်အလှူခံလို့ရတယ် ၊ လုပ်လိုက်စမ်းပါ``အလှူခံပါဗျို့.....´´Win Aung>‎8888 NEW GENERATIONSဘာသာရေးကြောင့် လူ့အသိုင်းအ၀န်းတခုလုံးပျက်စီး-ညဥ့်နက်သည့်အထိ စာကျက်ထားရသောကြောင့် ကျောင်းသားများကား နှစ်ခြိုက်စွာ အိပ်မောကျနေကြသည်။ သိပ်မကြာခင် ကာလတွင် သူတို့ စာမေးပွဲဖြေရတော့မည်။ မိဘများက ကလေးများကို အိပ်ရေးဝမှသာ အားအင်ပြည့်ဖြိုးကာ မှတ်ညဏ်ကောင်းမည်ဟု ဆိုပြီး အိမ်ရှိ လူများကို ခြေသံမကြားအောင်ဖြေးဖြေးနင်းဖို့ သတိပေးထားခဲ့သည်။-နိုင်ငံတကာမှ ပညာရှင်များကား ဖွံ့ဖြိုးကြီးထွားနေသော အသက်အရွယ်ရှိသည့် မွေးကင်းစကလေးမှစ၍ အသက် ၁၆ အထိ လူငယ်များ အိပ်ချိန် စားချိန် မှန်ရန် တိုက်တွန်းလေ့ရှိသည်။ ကလေးများ ကောင်းကောင်းအိပ်ပါက မှတ်ညဏ်ကောင်းမည်ဟု လေ့လာတွေ့ရှိထားသောကြောင့်လည်း ဖြစ်သည်။ ကလေးများ၏ မှတ်ညဏ်သာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို အဓိက ကုစားနိုင်သောကြောင့်ဖြစ်သည်။-ဘာသာရေးပွဲလမ်းသဘင်များကား မြန်မာနိုင်ငံတွင် အလွန်များသည်၊ လမ်းဘေးက အလှူခံမဏ္ဍပ်က စပြီး ဘုန်းကြီးကျောင်းက သီလပေးသည့်အထိ အလွန်အသံကျယ်လောင်သော မိုက်များနှင့် ဆောင်းဘောက်များအသုံးပြုကာ ကုသိုလ်ကောင်းမှု့ပြုလုပ်ကြသည်။ ထို့အပြင်လည်း အသံမဆဲ ပဌာန်းပွဲများက တရပ်ကွက်လုံးကို၇ ရက် ၇ လီ အိပ်မရအောင် ဖြစ်စေခဲ့သည်။ ဘာသာရေးဆိုသည့် ယုံကြည်ကိုးကွယ်မှု့နှင့် အများကိုးကွယ်သည်ဆိုသည့် အကြောင်းအရာများအပြင် သက်ကြီးရွယ်ကြီးနှင့် အာဏာပိုင် လူကြီးများက ဦးစီးကျင်းပသည့်အတွက် ရပ်ကွက်ထဲက တော်ရုံတန်ရုံ လူက သွားပြီး မကန့်ကွက်ရဲ၊ မပြောရဲကြ။-မပြောရဲ၊ မထိရဲသည် ဘာသာရေး ပွဲလမ်းသဘင်များကြောင့် ကလေးများ အိပ်ရေးမ၀၊ အလုပ်သမားများ အိပ်ရေးမ၀၊ အိပ်ရေးမ၀သည့် အကြောင်းတရားက လူတိုင်းကို ပင်ပမ်းနွမ်းနယ်ပြီး အလိုလိုနေရင် စိတ်တိုခြင်းကိုဖြစ်စေသည်။ အိပ်ရေးမ၀သည့် အကျိုးဆက်ကြောင့် လုပ်ငန်းခွင်တွင်းမှာ မတော်တဆဖြစ်ပေါ်မှု့တွေ ကြုံတွေ့ရသည်၊ အိပ်ရေးမ၀သည့်အတွက် ကျန်းမာရေးတွေ ထိခိုက်လာသည်။ လူကောင်းတွေရဲ့ ဒုက္ခတွေကို အသာထား နေမကောင်းလို့ အနားယူရမည့် လူနာများလည်း မြန်မြန်သတ်သလိုဖြစ်သွားသည်ကို ဘာသာရေးလေးစားသည့် လူတစုက မစဉ်းစားတတ်ကြ။-နိုင်ငံတိုင်းတွင် လူနေရပ်ကွက်များ၌ တိတ်ဆိတ်ငြိမ်သက်ချိန်ကို သတ်မှတ်ထားကြသည်။ များသောအားဖြင့်ည ၁၀ နာရီမှ မနက် ၆ နာရီအထိ ဖြစ်သည်။ ထိုအချိန်များတွင် ကလေးသူငယ်များ၊ လူကြီးသူမများ အနားယူအိပ်စက်နိုင်ရန်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နေထိုင်သည့် အိမ်တော်တော်များများက အသံမလုံကြ၊ ခွေးတကောင် ခြံစည်းရိုးတိုးလျှင်ပင် ကြားရသည့်အခြေအနေ၊ ထိုကဲ့သို့သော အခြေအနေများမှာ မနက် ၄ နာရီလောက် ဆွမ်းတော်ဗျို့ အော်လည်း တရပ်ကွက်လုံး နိုးသည်၊ သူတော်ကောင်း သူတော်မြတ်လို့ ဆုပေးလျှင်လည်း တရပ်ကွက်လုံး လန့်ရသည်။ ဒီကြားထဲ မိုက်စမ်းသည့် ဟလို တက်စတီ ဟလို တက်စတီဆိုရင်တော့ အိပ်ယာမထခင်ကတည်းက ပါးစပ်ထဲက ညစ်ညမ်းသည့် ငါ--------- နဲ့ လူ စပြီး ဘုရားဂေါပက စပြီး ဆဲဆိုခြင်းဖြင့်အိပ်ရေးမ၀ဘဲ ဖြစ်တော့သည်။-ဒီကြားထဲ ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည့် မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များက ၂၄ နာရီ နေ့စဉ် ရက်ဆက်ဆိုသလို လူတိုင်းကို နတ်ပြည်ရောက်ဖို့ ကြိုးစားနှိုးဆော်နေပေမဲ့ ဘာသာမတူသော သူများကို မစော်ကားလိုပေမဲ့ နှိမ့်ချပြီးသား၊ ဂရုမစိုက်ဘဲ လုပ်ချင်တာ လုပ်နေသည့် လူများစု ဖြစ်သွားမှန်းလည်း မစဉ်းစားကြ။ ဘာသာရေး ခွဲခြားမှု့၊ လူအခွင့်အရေးချိုးဖောက်မှု့တွေ ဖြစ်နေမှန်း ဘာသာရေးဆရာတွေဖြစ်သည့် ရဟန်းသံဃာများကလည်း မတွေးမိကြ။-ဘာသာရေးသည် ကိုးကွယ်သူတိုင်းကို လိမ္မာယဉ်ကျေးရန်နှင့် တရားတော်များကိုလိုက်နာကျင့်ကြံရန် ဆုံးမသွန်သင်ခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တ၀ါတိုင်းကို မေတ္တာတရားရှေ့တန်းထားပြီး ချစ်ခင်အေးချမ်းစွာ ယှဉ်တွဲနေထိုင်သွားရန် ဆုံးမသွန်သင်ခဲ့သည်။ ဘုရားတို့၏ တရားများကား မြန်မာနိုင်ငံတွင် ထွန်းကား မထွန်းကား မပြောတတ်၊ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံမှာ ကလေးများ အိပ်ရေးမ၀၊ အလုပ်သမားများ အိပ်ရေးပျက်၊ လူကြီးသူမများ ကောင်းကောင်းအနားမယူနိုင်၊ ဘာသာခြားများ အစော်ကားခံရသလိုဖြစ်နေကြသည်။-တကယ်တန်းကြတော့ အသံပေး တရားဟောမှ သတိရသည့် လူမျိုးများအဖြစ် ဗုဒ္ဓဘာသာများကားဘာသာခြားများကြားဟာ ဟာသ ဖြစ်နေသည်ကို မတွေးတတ်ကြ၊ အသံပေး ရပ်ကွက်ထဲလှည့်မှ လှူဒါန်းဖို့ သိသည့် လူမျိုးများအဖြစ် ရှက်စရာကောင်းမှန်းမသိကြ။ မိမိ ဘုရားရှိခိုးခြင်း ကောင်းမှု့ပြုလုပ်ခြင်းကြောင့် နတ်ပြည်ရောက်လျှင် ရောက်မည်ဆိုသည်ကတကဏ္ဍ တဖက်သား ကို ဒုက္ခပေးသလို ဖြစ်ရသည်ဟု မစဉ်းတတ်သည့် အသိညဏ်က ရှက်ဖို့ကောင်းမှနင်္း မသိ။ လွတ်လပ်ရေးရလို့ဆေးရွက်ကြီး လမ်းပေါ်မှာ လှမ်းတာက တရားစွဲလို့ ရသည်။ ဒီမိုကရေစီရလို့တရပ်ကွက်လုံး အသံကျယ်ကျယ်ဖြင့် ဘုရားရှိခိုးလျှင်တော့ လူ့အသိုင်းအ၀န်းအိပ်ရေးဝဖို့ မမြင်တော့။ အခုလို ဆောင်းပါးရေးတော့ ကျနော်ကား ငရဲကြီးမည်ဟုပင်ခြိမ်းခြောက်ခြင်းကို ခံရမှာ ကျိန်းသေသည်။-ဒီမိုကေ၇စီ နိုင်ငံတော်ကြီးကို ညဘက် ကောင်းစွာမအိပ်ရ၊ နေ့ခင်းဘက် အလှူခံသံ တညံညံဖြင့် တည်ဆောက်လို့တော့ ရမည်မထင်၊ ဘာသာရေးကား အလွန်ပင် နူးညံ့သိမ်မွေ့သည်။ သို့သော် ဘာသာရေးကြောင့် မြန်မာ့လူ့အသိုင်းအ၀န်းတခုလုံးကို ထိခိုက်နေသည့် အမူအကျင့် စရိုက်ဆိုးများကိုတော့ ပြုပြင်ဖို့ လိုလိမ့်မည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် လူထုမဲဖြင့် အနိုင်ရလာသည့် အစိုးရအနေဖြင့် ဘာသာရေးကြောင့် လူ့အသိုင်းအ၀န်းမပျက်စီးအောင်၊ ကလေးများ နှစ်ခြိုက်စွာ အိပ်ပျော်ခွင့် ရအောင် လုပ်ပေးနိုင်ပါစေလို့သာ မျှော်လင့်ရင်းဖြင့်သာ တိုးတက်အေးချမ်းသော မြန်မာနိုင်ငံတော်သစ်ကြီး တည်ဆောက်ကြပါစို့။-မောင်ကြီးငြိမ်းချမ်းCredit-The Mora
fb ​ပေါ်မှpost ကို share ရင်း​ရေးခဲတဲ့ comment. ပါ
story#observation#shinlhu

No comments:

Post a Comment