Friday, July 15, 2016

သက်​ငြိမ်​ ~~~~~ ညိုမြ​သွေး ကွေ့ ​ကွေ့ ​ကောက်​​ကောက်​ အ​ရှေ့

သက်​ငြိမ်
~~~~~
ညိုမြ​သွေး
ကွေ့ ​ကွေ့ ​ကောက်​​ကောက်
အ​ရှေ့ အ​နောက်​ ၊​တောင်​​တောင်​ ​မြောက်​​မြောက်​...
ခေါက်​တုန့်​ ​ခေါက်​ပြန်
ပြောင်းပြန်​ ​ရှေ့​နောက်​...
လျှောက်​ချင်​သ​လောက်​ ​လျှောက်​​နေမလား..
ရပ်​​နေမလား ၊အိပ်​အိပ်​စားစား
နားနား​နေ​နေ၊​နေချင်​သလိုသာ
နေလိုက်​စမ်းပါ ၊နာရီမလပ်
တဖျပ်​ဖျပ်​...မရပ်​မတန့်
စက္ကန့်​​ခြေသံ၊နာခံ​နေကြ..နာခံ​နေရ
သုသာန်​တစ သင်္ချိုင်းဝမှာ လမ်းဆုံးမည်​။
သူသူငါငါ၊ ​သေရွာ ​သေလမ်း
မြန်းကြအတူ..
လူနှင့်​လူချင်း၊ဖြတ်​မနင်းချင်
လူ​ပေါ်​လူပါး၊ဖြတ်​မစားချင်
လူများစိတ်​​ဖောက်​၊အာရုံ​နောက်​​အောင်
ကွေ့​ကောက်​ပလွှား၊မလှည့်​စားချင်
ရိုးသားလှပ၊မြတ်​ဓမ္မဖြင့်
ဘဝဤကိုယ်​၊ငါသိမ်းလိုသည်
နေညိုဆည်းဆာ သက်​ငြိမ်​တည်း..
ညိုမြ​သွေး
7:42AM
Sun,3 Jul 2016
poem#observation#shinlhu

Sunday, July 10, 2016

ပြည်​​ထောင်​စုစိတ်​ဓာတ်​ ~~~~~~~~~~~~ ညိုမြ​သွေး ကြိုက်​တဲ့​ပေတံနဲ့တိုင်း.. ပြည်​တွင်းငြိမ်းချမ်း​ရေးကိစ္စက.. ၂၁ ရာစုပင်​လုံကိစ္စက... သြဂုတ်​လမှာ ဖြစ်​လာမယ့်​ကိစ္စက.. အနံမပြည့်​တာ.. ကွင်းကျဉ်းတာ.. ချည်​​ကျော်

ပြည်​​ထောင်​စုစိတ်​ဓာတ်
~~~~~~~~~~~~
ညိုမြ​သွေး

ကြိုက်​တဲ့​ပေတံနဲ့တိုင်း..
ပြည်​တွင်းငြိမ်းချမ်း​ရေးကိစ္စက..
၂၁ ရာစုပင်​လုံကိစ္စက...
သြဂုတ်​လမှာ ဖြစ်​လာမယ့်​ကိစ္စက..
အနံမပြည့်​တာ..
ကွင်းကျဉ်းတာ..
ချည်​​ကျော်​ ..နှပ်​​ကျော်​များတာ..
အနာအဆာ​တွေက..ဗလပွ...
ရာစုနှစ်​ တဝက်​​တောင်​ကြာခဲ့ပြီပဲ...
နိုင်​ငံ​တော်​ဒီဇိုင်းက ချုပ်​ချည်​ထက်​ ယက်​ချည်​ကများခဲ့တာ..
မယုံကြည်​စရာ​တွေရှိလို့ ခင်​ဗျားတို့ မယုံကြည်​ကြတာ..
ကျောင်းသား​တွေ သမဂ္ဂ​တွေ ပါတီ​တွေ
တိုင်းရင်းသား​တွေ..
လက်​နက်​ကိုင်​အင်​အားစု​တွေ..
ခင်​ဗျားတို့ ဒီတခါမှ မယုံကြည်​ကြရင်​..
နောက်​တခါ ယုံကြည်​စရာမရှိ​တော့လို့
ယုံ..ယုံ မယုံယုံ မျက်​စိမှိတ်​ပြီးယုံလိုက်​ကြ။
နား​တွေပိတ်​ပြီးယုံလိုက်​ကြ..
ပါးစပ်​​တွေပိတ်​ပြီးယုံလိုက်​ကြ..

ညိုမြ​သွေး
12:26AM
Fri,8 July 2015
မီ​ခေးလ်​ဂိုဘာ​ချော့ ​ပြောဖူးတဲ့စကားတခွန်းက
#သမိုင်းကို ​နောက်​​ကြောင်းပြန်​​နေတာဟာ
ရှေ့မဆက်​ရဲလို့ပါ#တဲ့ခင်​ဗျာ..
poem#observation#shinlhu

Tuesday, July 5, 2016

Tue,5 July 2016 အဂုင်္လိရှင်​လူ ~~~~~~~ ဒီ​နေ့

Tue,5 July 2016
အဂုင်္လိရှင်​လူ
~~~~~~~
ဒီ​နေ့ ​နေ့ခင်း ရှင်​လူ လက်​ဖက်​ရည်​ဆိုင်​ကပြန်​လာ​တော့ ဧည့်​သည်​က ရှင်​လူ့အလုပ်​ခုံ​ပေါ်
ထိုင်​​စောင့်​​နေတယ်​။အပျံသင်​စသမီးငယ်​​လေး​ပေါ့။ ရှင်​လူလည်းသ​ဘောကျတာနဲ့ တဖက်​ခန်းက​ဖွေး​ဖွေးသိမ့်​ကို​ခေါ်ပြလိုက်​တယ်​။ဒီမှာသမီးရဲ့ညီမ​လေးဆို​တော့ ​ဖွေး​ဖွေးကသ​ဘောကျလို့ ည​ရေးလို့​ခေါ်ပြီး တခစ်​ခစ်​နဲ့အူမြူး​နေတယ်​။အ​တော်​ကြာ​တော့ အလုပ်​ထိုင်​ရမှာမို့ အဲဒီ ​ဖွေး​ဖွေးရဲ့ည​ရေးကို အိမ်​​ရှေ့ကရှင်​လူစိုက်​ထားတဲ့ စက္ကူပန်းကိုင်း​ပေါ်တင်​​ပေးထားလိုက်​တယ်​။နောက်​တနာရီ​လောက်​ကြာ​တော့ မိုး​ရော​လေ​ရော တဝုန်းဝုန်းချပါ​လေ​ရော၊ရှင်​လူသတိရပြီး ပန်းကိုင်း​ပေါ်ကြည့်​လိုက်​​တော့ ည​ရေးမရှိ​တော့ဘူး။ဒါနဲ့​အောက်​ဖက်​ကိုကြည့်​လိုက်​​တော့ စက်​ဘီးကြားမှာ မိုး​တွေစိုပြီးဝပ်​​နေတာ​တွေ့ရတယ်​၊အဲဒါ သူ့ကို​ကောက်​ပြီး ရှင်​လူ့ hand drill အ​ပေါ်တင်​ထားရတယ်​။မျက်​စိ​အောက်​မှာပဲထားရတာ​ပေါ့။အိမ်​ထဲမှာက ​မြေကြွက်​ကြီး​တွေရှိ​နေတယ်​​လေ။ မိုးစဲသွားမှပဲ ပန်းပင်​​ပေါ်ပြန်​ပို့လိုက်​တယ်​။ဘာရယ်​​တော့မဟုတ်​ပါဘူး။ကိုယ့်​အ​ကြောင်းကိုယ်​​တွေးမိလို့ ဒီအ​ကြောင်း​လေး​ရေးတင်​မိတာပါ။ဟိုး..လွန်​​လေပြီး​သော နှစ်​​ပေါင်း ၅၀ ​ကျော်​တုန်းကရှင်​လူကလူဆိုးက​လေးတ​ယောက်​​ပေါ့။ ခု ငှက်​က​လေး​တွေရဲ့ ​ဘေး ဘီ ဘင်​ ဘစ်​ ​ခေါ်ရမလားပဲ။ သူတို့အမျိုး​တွေကို ​လေးခွနဲ့ပစ်​ပြီး ​ကြော်​စားခဲ့ဖူးတယ်​​လေ။အခု​တော့ ရှင်​လူက လူလိမ္မာကြီးဖြစ်​​နေပါပြီ ..
သူ့အသက်​ကိုမသတ်​​တော့တဲ့အပြင်​ ၊သူတို့ကို​တောင်​ကာကွယ်​​စောင့်​​ရှောက်​တတ်​​နေပြီ။
အဂုင်္လိမာလလိုပဲ​ပေါ့ တခါကတဘဝမှာ မိုက်​မှားခဲ့ဖူးတာ။ ခု ရှင်​လူလည်း အဂုင်္လိရှင်​လူ​ပေါ့။ အင်​ထုတဲ့ရှင်​လူမဟုတ်​ဘူး​နော်​..မမှား​စေနဲ့...
အဂုင်္လိရှင်​လူ
story#observation#shinlhu