သက်ငြိမ်
~~~~~
ညိုမြသွေး
ကွေ့ ကွေ့ ကောက်ကောက်
အရှေ့ အနောက် ၊တောင်တောင် မြောက်မြောက်...
ခေါက်တုန့် ခေါက်ပြန်
ပြောင်းပြန် ရှေ့နောက်...
လျှောက်ချင်သလောက် လျှောက်နေမလား..
ရပ်နေမလား ၊အိပ်အိပ်စားစား
နားနားနေနေ၊နေချင်သလိုသာ
နေလိုက်စမ်းပါ ၊နာရီမလပ်
တဖျပ်ဖျပ်...မရပ်မတန့်
စက္ကန့်ခြေသံ၊နာခံနေကြ..နာခံနေရ
သုသာန်တစ သင်္ချိုင်းဝမှာ လမ်းဆုံးမည်။
သူသူငါငါ၊ သေရွာ သေလမ်း
မြန်းကြအတူ..
လူနှင့်လူချင်း၊ဖြတ်မနင်းချင်
လူပေါ်လူပါး၊ဖြတ်မစားချင်
လူများစိတ်ဖောက်၊အာရုံနောက်အောင်
ကွေ့ကောက်ပလွှား၊မလှည့်စားချင်
ရိုးသားလှပ၊မြတ်ဓမ္မဖြင့်
ဘဝဤကိုယ်၊ငါသိမ်းလိုသည်
နေညိုဆည်းဆာ သက်ငြိမ်တည်း..
ညိုမြသွေး
7:42AM
Sun,3 Jul 2016
poem#observation#shinlhu
No comments:
Post a Comment