Sunday, October 30, 2016

❀ ပ​လေတိုးရဲ့ကဗျာဆရာ❀ ✈ ✈

❀ ပ​လေတိုးရဲ့ကဗျာဆရာ❀
✈ ✈ ✈ ✈ ✈ ✈ ✈ ✈
ညိုမြ​သွေး
ကမ္ဘာ့ကြီးငြိမ်းချမ်းဖို့
အ​ရေးတကြီးလိုအပ်​..
ဒီကိစ္စအမြန်​​ဆောင်​ရွက်​ဖို့
မောင်​ကမ္ဘာလို ဒီလုံးလို
ရဲရဲရင့်​ရင့်​ မြန်​မြန်​ဆန်​ဆန်
စွန့်​စားခန်းဝင်​ရမယ်​...
မူလတန်း​ကျောင်းသား​လေးရဲ့
စိတ်ကူးထဲကအကြံအစည်​​တွေ
ဘယ်​သူသိနိုင်​ခဲ့မှာလည်း..
ဒီလိုနဲ့. စာသင်​​ကျောင်းကိုဗုံးအကြဲခံရကတည်းက
တဘဝစာလုံး
စစ်​​ပြေးဒုက္ခသည်​။
အ​ရေးကြီးပုဂ္ဂိုလ်​တ​ယောက်
သေဆုံးတဲ့အခါ
ရှယ်​ယာ​တွေ​ဈေးကျ
စီးပွား​ရေး  အလုပ်​အကိုင်​​တွေက​မောက်​ကမ
အခန့်​မသင့်​ရင်​ ကမ္ဘာ​ပေါ်က အစိုးရတချို့
အ​ပြောင်းအလဲ​တွေဖြစ်​...
ငါ  ​သေကြည့်​ချင်​တယ်​...
ငါ  ​သေကြည့်​ချင်​တယ်​...
ငါ  ​သေကြည့်​ချင်​တယ်​...
ညိုမြ​သွေး
8:16 AM
Mon,31 Oct 2016
poem#observation#shinlhu

No comments:

Post a Comment