❀ ပလေတိုးရဲ့ကဗျာဆရာ❀
✈ ✈ ✈ ✈ ✈ ✈ ✈ ✈
ညိုမြသွေး
ကမ္ဘာ့ကြီးငြိမ်းချမ်းဖို့
အရေးတကြီးလိုအပ်..
ဒီကိစ္စအမြန်ဆောင်ရွက်ဖို့
မောင်ကမ္ဘာလို ဒီလုံးလို
ရဲရဲရင့်ရင့် မြန်မြန်ဆန်ဆန်
စွန့်စားခန်းဝင်ရမယ်...
မူလတန်းကျောင်းသားလေးရဲ့
စိတ်ကူးထဲကအကြံအစည်တွေ
ဘယ်သူသိနိုင်ခဲ့မှာလည်း..
ဒီလိုနဲ့. စာသင်ကျောင်းကိုဗုံးအကြဲခံရကတည်းက
တဘဝစာလုံး
စစ်ပြေးဒုက္ခသည်။
အရေးကြီးပုဂ္ဂိုလ်တယောက်
သေဆုံးတဲ့အခါ
ရှယ်ယာတွေဈေးကျ
စီးပွားရေး အလုပ်အကိုင်တွေကမောက်ကမ
အခန့်မသင့်ရင် ကမ္ဘာပေါ်က အစိုးရတချို့
အပြောင်းအလဲတွေဖြစ်...
ငါ သေကြည့်ချင်တယ်...
ငါ သေကြည့်ချင်တယ်...
ငါ သေကြည့်ချင်တယ်...
ညိုမြသွေး
8:16 AM
Mon,31 Oct 2016
poem#observation#shinlhu
No comments:
Post a Comment