Wednesday, May 24, 2017

အလွမ်း​လေ​ပွေ ♪ ​မောင့်​ကို​မွှေ♬

အလွမ်း​လေ​ပွေ ♪ ​မောင့်​ကို​မွှေ♬
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဒီည​နေ ခင်​ဗျားတို့ရှင်​လူကြီး ​ဖွေး​ဖွေးသိမ့်
အ​ဖေ ​မောင်​ဝင်း ရွာပြန်​တုန်း ပလက်​ဝက
ယူလာတဲ့ ဆန်​အရက်​ လက်​ကျန်​ကို
ROCKER နဲ့စပ်​ပြီးတီး​နေတယ်​။ အရက်​​သောက်​ဖို့ ဖန်​ခွက်​မရှိ​လေ​တော့
VeVeဗူးကိုဖြတ်​ထားတဲခွက်​နဲ့​သောက်​ရတယ်။ အဲ့မှာ စလွမ်းေ​တာ့တာပဲ။ ဒီလိုဗျ၊ု
ဇနီးသည်​ မမရှိစဉ်​က မမက သူ့ အိုးခွက်​ပန်းကန်​​တွေကိုသိတ်​မြတ်​နိုးတယ်​၊
ဒန်​အိုး​တွေဘာ​တွေများဆိုမှန်​ကြည့်​လို့
ရ​အောင်​ တိုက်​ချွတ်​ထားတာ။
ပန်းကန်​ ခွက်​ ​ယောက်​​တွေကို အ​သေချာ
တိုက်​ချွတ်​​ဆေး​ကြောပြီး ဖုံမတက်​ရ​အောင်
အုပ်​ဆိုင်းထုတ်​ပိုးထားတာ။ဒီအားနည်း
ချက်​ကို ရှင်​လူကြီးကသိထား​တော့ တခါတခါ အိမ်​တွင်း​ရေး သ​ဘောထား
ကွဲ တဲ့အခါများမှာ(အရက်​မူးတဲ့အချိန်​)
ဖန်​ခွက်​​တွေကို တလုံးပြီးတလုံး ​ပေါက်​ခွဲ
တော့တာပဲ။ ပြီး​တော့ ပါးစပ်​ကလည်း
ပြောလိုက်​​သေးတယ်​။ ``ဒီအိမ်​မှာ ခွဲစရာ
ကုန်​ရင်​ ​နောက်​ဆုံးက မိန်းမပဲ ၊ သ​ဘော
ပေါက်​ ´´လို့။ ဒီလိုနဲ့ ပလပ်​စတစ်​​ရေပုံး၊
သောက်​​ရေအိုး၊ ​ကြွေပန်းကန်​၊ဖန်​ခွက်​၊
ဒန်​အိုး၊ဒန်​ခွက်​၊ စားပွဲ၊ကုလားထိုင်​မကျန်
ကိုင်​​ပေါက်​၊ရိုက်​ခွဲ၊ ခြင်​​ထောင်​ဆို ပါးစပ်​နဲ့ပါ
ကိုက်​ဖြဲပစ်​တာ။အိမ်​​ထောင်​သက်​ နှစ်​​ပေါင်း
၄၀ အတွင်း ရှင်​လူ ဖျက်​ဆီးခဲ့​တဲ့ ပစ္စည်း
တွေသာ စာရင်းပြုစုထားရင်​ မီနီ မားကက်
တခုစာ​လောက်​များ ရှိမလားပဲ။ မိန်းမကလည်း သူ့ပစ္စည်း​တွေနှ​မျောလို့
တရှုံ့ရှုံ့ငိုစမြဲ။ နှ​မျောလို့ မျက်​ရည်​ကျလို့
လက်​နက်​ချသလားဆို​တော့လည်း
ဘယ်​​တော့မှ လက်​နက်​မချ။ သူကလည်း
တော်​လှန်​​ရေးသမား သခင်​မျိုးညွန့်​သမီး
ပြီပြီ ခံယူချက်​ကို တလက်​မမှ ​လျှော့မ​ပေး။
အဲဒီ ပြည်​တွင်းစစ်​၏ အကျိုးဆက်​​ကြောင့်
ခု ရှင်​လူ Ve Ve ဗူးနဲ့ အရက်​​သောက်​​နေရ
လေပြီ။
ရှင်​လူကြီး ဒုတိယလွမ်းရသူက ​ကျေးဇူးရှင်
ဖေ​ဖေ။ ရှင်​လူ့ ဖခင်​ကား ဂျပန်​​ခေတ်​ စစ်​​ကျောင်းတက်​ခဲ့ဖူး​သော ​တော်​လှန်​​ရေး
ရဲ​ဘော်​တ​ယောက်​။ သူကား ဂျပန့်​ရဲ့စစ်​ပညာကိုသင်​ရာမှာ ။ခူးရားကား၊
ဘာကဲရိုး တွင်​မက 
ဖက်​ဆစ်​ဂျပန်​တို့ ၏ ဘူရှီဒို ဆာမူရိုင်းစိတ်
ဓာတ်​အ​မွေပါ ရလိုက်​ပေသည်​။ ဖခင်​ကြီးကားအခန့်​မသင့်​လျှင်​ ဟာရာကိရိ လုပ်​မယ်​ဟု​ကြွေး​ကြော်​တတ်​၏။
ဟာရာကိရိ ဆိုသည်​မှာ စစ်​ရှုံး၍ဖြစ်​​စေ၊ ဂုဏ်​သိက္ခာညှိုးနွမ်း၍ဖြစ်​​စေ​၊ မိမိဗိုက်​ကို ဓားနဲ့ခွဲပြီးအမျိုးဂုဏ်​ ဇာတိဂုဏ်​ကို ​ဖေယ်​ပြ​သောဘူရှီဒိုဆာမူရိုင်းစိတ်​ဓာတ်​ဖြစ်​သည်​။
အဲဒီစိတ်​ဓာတ်​ဖြင့်​ ရှင်​လူ့ဖခင်​သည်
တရုတ်​ပြည်​ကလာ​သော သစ်​ပင်၊
ဒေါင်းငှက်​၊ရှုခင်းပန်းချီစတဲ့ မှန်​​ဘောင်​သွင်း
ပိုးထည်​ပန်းချီကားများကိုအမဲလိုက်​ရိုင်​ဖယ်
ဒင်​ဖြင့်​​ဆောင့်​ကာ တဂွမ်းဂွမ်းခွဲ​လေ၏။
ငယ်​စဉ်​ကတည်းက ဖခင်​ကို ချစ်​​သော၊
အထင်​ကြီး​သော၊ရို​သေ​လေးစား​သော
ရှင်​လူက​လေး ​ရွေးချယ်​စရာ တခုပဲရှိသည်​။
ဖခင်​ထံမှ ဘူရှီဒို ဆာမူရိုင်းစိတ်​ဓာတ်​ကို
အ​မြွေဆက်​ခံဖို့ပင်​။ဤသို့ဖြင့်​ ဆာမူရိုင်း
ရှင်​လူတ​ယောက်​ Ve Ve ဗူးဖြင့်​ အရက်
သောက်​​နေရ​လေပြီ။ကျေးဇူးရှင်​ဖခင်​ကြီး
ကိုလည်း အပစ်​မတင်​လို။ပြည်​တွင်းစစ်​ရဲ့
တရားခံ​ခေါင်း​ကြောမာလှ​သောကွယ်​လွန်
သူ ဇနီးသည်​ ​ဒေါ်ကျင်​​ရွှေကိုလည်း အပစ်​မတင်​ရက်​။ ​နောက်​ဆုံး​တော့ အရင်း
စစ်​ အမြစ်​​မြေက ဆိုသလို ဖက်​ဆစ်​ဝါဒ
ကြောင့်သာလျှင်​ ခင်​ဗျားတို့ရှင်​လူကြီး
Ve Ve ဗူး နဲ့ အရက်​​သောက်​​နေရတာဟု
သမိုင်း​ရေးရရင်​ အားလုံးသ​ဘောတူကြ​ကောင်းရဲ့...
story#observation#shinlhu
်

No comments:

Post a Comment