မှိုတက်လို့သာပဲ၊
မှိုမတက်ရင် အကြောတက်ရချည်ရဲ့
(^_^) (^_^) (^_^) (^_^) (^_^) (^_^)
ပန်းအိဖြူ။ ဖွေးဖွေးသိမ့်ဖွားလေးကမွေးတာဆိုတော့
ဖွေးရဲ့တီတီလေးပေါ့။ ဖွေးတို့အမျိုးတွေက
အဲ့လို အလန်းဒေချည်း။
တလောက ပန်းအိဖြူတို့ တောင်ကြီး အင်းလေးဘက် ဘုရားဖူးသွားခါနီး
ရှင်လူကြီးဆီ မုန့်ဖိုးတောင်းလို့ မြန်မာကျပ်ငွေ သုံးထောင်ပေးလိုက်တယ်။
``နင်..ငါ့တွက် ရှမ်းပဲပုပ်ဝယ်လာခဲ့ ´´ဆိုတော့``စိတ်ချ ရှင်လူ´´တဲ့။
အဲဒါ ဘုရားဖူးကပြန်ရောက်လို့ ဖုန်းဆက်ကြည့်တော့ ``ရှင်လူ့တွက်ဝယ်လာတဲ့ ပဲပုပ်တွေ
လူကြုံမရှိလို့ ပို့မပေးနိုင်သေးဘူး´´တဲ့။သူက
ရွှေပြည်သာမှာနေတာလေ။
``ဟဲ့..မှိုတက်ကုန်အုံးမယ်´´ဆိုတော့
``တက်ပါဘူး ရှင်လူရဲ့..ရှယ်တွေပါ´´တဲ့။
ပဲပုပ်ပဲ..ရှယ်တွေ ထူးရှယ်တွေကရှိသတဲ့လား။
ဟော..ခု ဖွေးတို့ဆီလာရင်း ရှင်လူနဲ့ပက်ပင်း
တိုးပြီ
``ဘယ်မလဲ နင့်ပဲပုပ်´´ဆိုတော့
``ပဲပုပ်တွေက မှိုတက်ကုန်ပြီရှင်လူရဲ့´´တဲ့။
ဟောဗျာ ..ရှယ်ပဲပုပ်တွေက မှိုတက်ရတယ်လို့...
story#observation #shinlhu
Saturday, February 24, 2018
Monday, February 5, 2018
သွေးနဲ့ချက်လုပ်ထားတဲ့ဝိုင်အရက် ♥ ♪ ♬
သွေးနဲ့ချက်လုပ်ထားတဲ့ဝိုင်အရက်
♥ ♪ ♬ ♡ ♥ ♪ ♬ ♡ ♥ ♪ ♬
နှင်းဖုံးတောင်တန်းကြီးတွေနဲ့
ကွေ့ကွေ့ကောက်ကောက် မီးရထားလမ်းကလေး
ရေနွေးငွေ့သုံး စက်ခေါင်းမည်းမည်းကြီးက
တူ..တူ...တူ..
လျှိုမြောင်စိမ့်စမ်း ရေတံခွန်တွေနဲ့
ရောင်စုံသမ်းတဲ့ ရှမ်းရိုးမ
ကြည့်မဝ ငေးမဝ
ရထားပေါ်တက်ကတည်းက
ညီအကိုတွေ ပြတင်းပေါက်နေရာလုခဲ့ကြ။
အချိန်ရထားကြီး တရွေ့ရွေ့ပေါ်
ခုတိုင် ပြတင်းပေါက်ကငေးနေဆဲ
အမြင်တွေမှုန်ဝါးလာတာလား
အသိတွေ ကျယ်ပြန့်လာတာလား
တောလမ်းတောင်လမ်း
ပန်းရနံ့ပျောက်ဆုံး ယမ်းနံ့ဖုံးခဲ့
ရှမ်းရိုးမတကြော ကျယ်ပြောလွင်ပြင်
မြင်မြင်သမျှ သွေးနံ့ရခဲ့...
poem#observation#shinlhu
♥ ♪ ♬ ♡ ♥ ♪ ♬ ♡ ♥ ♪ ♬
နှင်းဖုံးတောင်တန်းကြီးတွေနဲ့
ကွေ့ကွေ့ကောက်ကောက် မီးရထားလမ်းကလေး
ရေနွေးငွေ့သုံး စက်ခေါင်းမည်းမည်းကြီးက
တူ..တူ...တူ..
လျှိုမြောင်စိမ့်စမ်း ရေတံခွန်တွေနဲ့
ရောင်စုံသမ်းတဲ့ ရှမ်းရိုးမ
ကြည့်မဝ ငေးမဝ
ရထားပေါ်တက်ကတည်းက
ညီအကိုတွေ ပြတင်းပေါက်နေရာလုခဲ့ကြ။
အချိန်ရထားကြီး တရွေ့ရွေ့ပေါ်
ခုတိုင် ပြတင်းပေါက်ကငေးနေဆဲ
အမြင်တွေမှုန်ဝါးလာတာလား
အသိတွေ ကျယ်ပြန့်လာတာလား
တောလမ်းတောင်လမ်း
ပန်းရနံ့ပျောက်ဆုံး ယမ်းနံ့ဖုံးခဲ့
ရှမ်းရိုးမတကြော ကျယ်ပြောလွင်ပြင်
မြင်မြင်သမျှ သွေးနံ့ရခဲ့...
poem#observation#shinlhu
Subscribe to:
Posts (Atom)