Saturday, February 24, 2018

မှိုတက်​လို့သာပဲ၊ မှိုမတက်​ရင်​ အ​ကြောတက်​ရချည်​ရဲ့ (^_^) (^_^)

မှိုတက်​လို့သာပဲ၊
မှိုမတက်​ရင်​ အ​ကြောတက်​ရချည်​ရဲ့
(^_^) (^_^) (^_^) (^_^) (^_^) (^_^)
ပန်းအိဖြူ။ ​ဖွေး​ဖွေးသိမ့်​ဖွား​လေးက​မွေးတာဆို​တော့
ဖွေးရဲ့တီတီ​လေး​ပေါ့။ ​ဖွေးတို့အမျိုး​တွေက
အဲ့လို အလန်း​ဒေချည်း။
တ​လောက ပန်းအိဖြူတို့ ​တောင်​ကြီး အင်း​လေးဘက်​ ဘုရားဖူးသွားခါနီး
ရှင်​လူကြီးဆီ မုန့်​ဖိုး​တောင်းလို့ ​မြန်​မာကျပ်​​ငွေ သုံး​ထောင်​​ပေးလိုက်​တယ်​။
``နင်​..ငါ့တွက်​ ရှမ်းပဲပုပ်​ဝယ်​လာခဲ့ ´´ဆို​တော့``စိတ်​ချ ရှင်​လူ´´တဲ့။
အဲဒါ ဘုရားဖူးကပြန်​​ရောက်​လို့ ဖုန်းဆက်​ကြည့်​​တော့ ``ရှင်​လူ့တွက်​ဝယ်​လာတဲ့ ပဲပုပ်​​တွေ
လူကြုံမရှိလို့ ပို့မ​ပေးနိုင်​​သေးဘူး´´တဲ့။သူက
ရွှေပြည်​သာမှာ​နေတာ​လေ။
``ဟဲ့..မှိုတက်​ကုန်​အုံးမယ်​´´ဆို​တော့
``တက်​ပါဘူး ရှင်​လူရဲ့..ရှယ်​​တွေပါ´´တဲ့။
ပဲပုပ်​ပဲ..ရှယ်​​တွေ ထူးရှယ်​​တွေကရှိသတဲ့လား။
ဟော..ခု ​ဖွေးတို့ဆီလာရင်း ရှင်​လူနဲ့ပက်​ပင်း
တိုးပြီ
``ဘယ်​မလဲ နင့်​ပဲပုပ်​´´ဆို​တော့
``ပဲပုပ်​​တွေက မှိုတက်​ကုန်​ပြီရှင်​လူရဲ့´´တဲ့။
ဟောဗျာ ..ရှယ်​ပဲပုပ်​​တွေက မှိုတက်​ရတယ်​လို့...
story#observation #shinlhu

No comments:

Post a Comment