Wednesday, April 4, 2018

အိပ်​မက်​​တေ​လေ ♥ ♥ ♥

အိပ်​မက်​​တေ​လေ
♥ ♥ ♥ ♥ ♥ ♥
သမီး​ရေ...
ညက ​ဖေကြီးအိမ်​မက်​မက်​တယ်​ကွာ၊
အိမ်​မက်​ကို တကယ်​ထင်​မိတာ၊
အိမ်​မက်​ထဲမှာ သမီး​မေကြီးနဲ့​ဖေကြီး ​ရှေး​ဟောင်းသစ်​သားအိမ်​မြင့်​ကြီး​ပေါ်
ရောက်​​နေသတဲ့။ အဲဒါ တံခါးကြီး​တွေကလည်း အ​ဟောင်းအပျက်​ကြီး​တွေကို ပြန်​ပြင်​ထားတဲ့ပုံပဲ၊ရာသီဥတုကလည်း
အေးစိမ့်​​ခြောက်​​သွေ့သလိုလိုနဲ့ တမျိုးကြီးပဲ၊အဲချိန်​မှာ ​ဖေကြီးက အိပ်​ချင်​လာတာနဲ့ အိပ်​ယာထဲဝင်​ပြီး
သမီး​မေကြီးကို​ခေါ်​နေတာ၊ မိန်းမ​ရေ လာကွာအိပ်​ကြရ​အောင်​...လို့။ဖေကြီးဘယ်​​လောက်​​ခေါ်​ခေါ်
သူကလာလည်းမလာ၊ ပြန်​လည်းမထူးနဲ့။ အဲ​တော့ ​ဖေကြီးစိတ်​မရှည်​ဖြစ်​ပြီးရင်​​မောလာတာ
ပေါ့ ၊​နောက်​တခါ ထပ်​​ခေါ်ဖို့ကြည့်​လိုက်​တုန်းမှာပဲ ​ဖေကြီးအိပ်​ယာကနိုးသွားတယ်​၊လက်​တဖက်​ကလည်းဖိအိပ်​မိထားလို့ နာလိုက်​တာ လှုပ်​​တောင်​မလှုပ်​နိုင်​ဘူး။
ဖေကြီးရင်​ထဲဟာသွားတယ်​။ဖေကြီးအိပ်​မက်​ထဲက ချစ်​တဲ့သူ​တွေဟာ အိပ်​မက်​ကနိုးလာတဲ့အခါ တကယ်​မရှိကြဘူး​လေ၊ တကယ်​​တော့ သမီးလည်းခုထိ ​ဖေကြီးအိပ်​မက်​ထဲမှာပဲ ရှင်​သန်​​နေ​သေးတာ။တ​ရေးနိုး​တွေးမိတဲ့ ထိတ်​လန့်​စရာ​တွေပါ...
story#observation #shinlhu

No comments:

Post a Comment