Saturday, June 16, 2018

တွန်းပို့​နေ​သောတရားများ ➳ ➳ ➳

တွန်းပို့​နေ​သောတရားများ
➳ ➳ ➳ ➳ ➳ ➳ ➳ ➳
ငါ့ရင်​ခွင်​တခုလုံး ​အေးခဲ​နေမှ
မုန်​တိုင်းမိုးက ​နေ့ဆက်​ ရက်​ဆက်​ရွာတယ်
နေရ ထိုင်​ရ အဆင်​မ​ပြေဘူး
ဥပါဒါန်​ကို ​ထိတ်​လန့်​လာတယ်
စီးကရက်​ မီးခိုး​တွေနဲ့
အရက်​ခွက်​ထဲမှာ​တောင်
ကိ​​လေသာက ​ေ​ပါ​ေ​လာ ပေါ်တယ်
တရားရစရာအ​ကြောင်းပဲ
ရှုံးစာရင်းအကပ်​ခံရတဲ့အထဲ
ငါ့နာမည်​ ထိပ်​ဆုံးပါတယ်
လောကဓံအဆိုးက ငါ့ပါးကို​နေ့တိုင်းရိုက်​​နေမှ​တော့
ငါမှ တရားထူးမရရင်
ဒီကမ္ဘာမှာ တရား မရှိနိုင်​​တော့ဘူး
ညိုမြ​သွေး
10:10 pm
Sat,17 Jun 2016
poem#observation #shinlhu
Sent from my ALCATEL ONE TOUCH POP C9

No comments:

Post a Comment