သမိုင်းအရောင်
✏ ✏ ✏ ✏ ✏
သင်ပုန်းချေ ပြီးတဲ့ခါ
ငါတို့ဒဏ်ရာတွေက သွေးမတိတ်သေး
တစိမ့်စိမ့်စီးကြောင်းတွေက
ချောင်းကနေ မြစ်
မြစ်တွေက ပင်လယ်ဆီ.....
မီးသတ်ပိုက်နဲ့ ဆေးချင်ဆေး
ပေါက္ခရဝဿ နဲ့ဆေးချင်ဆေး
ကြိုက်တာနဲ့ဆေးလို့ရတယ်
သမိုင်းဆိုတာ
သွေးကို ရေဖြစ်အောင်
ပင်လယ်ကို အရောင်ပြောင်းလို့တော့
ရမှာမဟုတ်ဘူး
ညိုမြသွေး
10:46 PM
Wed,12 Jul 2017
poem#observation #shinlhu
Sent from my ALCATEL ONE TOUCH POP C9
No comments:
Post a Comment