ပျင်းရိဖွယ် နေ့များ
✆ ✆ ✆ ✆
တခုခု အလိုမကျတိုင်း
ငါ့ကိုယ်ငါ ချောင်းရိုက်တာ အကြိမ်ကြိမ်
အဆိပ်အမျိုးအစားက
စျေးကြီးတာ မတတ်နိုင်သေးတော့လည်း
အရာရာတိုင်း သည်းခံတတ်အောင်
လေ့ကျင့်
စိတ်က ဟိုးချောက်ကမ္ဘားထိပ်မှာ
ချိတ်နေတာလား
ပင်လယ်ထဲ သင်္ဘောမှောက်နေတာလား
တကယ်တော့
ငါ့ကိုယ်ငါ
တကြိမ်တခါမှ မမေးမိ
သူများတွေ အဲ့လိုဖြစ်နေတာမြင်တော့
အော်ဂလီဆန်တယ်..ငြီးငွေ့တယ်
ဘဝဟာ ဒီလောက်
အသေးစိတ်စရာလိုလို့လား
ညိုမြသွေး
6:14pm
Mon,1 May 2017
poem#observation #shinlhu
No comments:
Post a Comment