Tuesday, September 22, 2020

story

ဖွေးဖွေးသိမ့်တယောက်ဟာ အရာရာ
ထက်မြက်ပေမယ့် သဝန်တိုတတ်တဲ့စိတ် ၊ဆတ်ခနဲ တုန့်ပြန်တတ်တဲ့ အကျင့်တွေကတော့ အံ့မခန်းပါပဲ။ရှင်လူအပါအဝင် အားလုံးက သူ့ကို ပိစိကွေးအရွယ်ကတည်းကဝိုင်း အလိုလိုက်ခဲ့ ကြတာဆိုတော့လည်းမဆန်းဘူးဆိုရမှာပေါ့။
ဒီနေ့ မွန်းလွဲပိုင်း အိမ်သားတွေ တီဗွီရှေ့ ဝိုင်းထိုင်နေ ကြတုန်း ဖွေးအဖေမောင်ဝင်းက ငမိုးရိမ်ကို ပုခုန်းနှိပ်ပေးပြီး ကျောကိုကုပ်ပေးနေတာ ဖွေးက မြင်ကရော။
မောင်ဝင်းခမျာလည်း ကိုဗစ်‌ကြောင့် တက္ကစီ နားထားလို့သာ ခုလို မယားနားကပ်နိုင်ရှာတာပါ။ဒါပေမယ့် ဖွေးက အော် ပြီး
ပြဿနာ လုပ်ပါလေရော...
"ဟင်း သူ့မိန်းမကျတော့ နှိပ်ပေးတယ်၊
မီးမီးကျတော့ နှိပ်ပေးဘူး"
"ဟဲ့ ...စလာ ပြီ၊ သူ့မိန်းမသူနှိပ်ပေးတာ၊
ဘာ ဖြစ်လဲ"
သူ့အဖွားက အ ကြားမတော်လို့ ဝင်ဟန့်လည်းမရပါဘူး
"သူ့ မိန်းမကျတော့ ချစ်တယ်၊ငါ့ကျ မချစ်ဘူး..အီး ဟီး"
ဖွေးတို့ ကြမ်းပေါ်‌ခြေဆောင့် ပြီး လူးလှိမ့်အော်ပါလေရော
"ငါလုပ်တော့ ငါ့ကို အ ပြစ်‌ပြော ကြတယ်၊
အဲ့ ကောင်မလေးေ-ာက်ကျင့်ကမကောင်းဘူး"
ငမိုးရိပ်ခမျာလည်း ကိုဗစ်ကျေးဇူး‌ကြောင့်
သာယာခွင့်ရနေတုန်း သူ့သမီး လုပ်လို့
အာရုံစား ပြီး တင်းနေ ပြီ။ ဒီကလေးမလေး ငမိုးရိပ် လက်စာမိမှာစိုးလို့ ရှင်လူ
ကြားဝင်ရတယ်
"ကဲပါ မောင်ဝင်းရာ၊ချစ်သမီးလေးကို ပြုစုပေးလိုက်ပါအုံး" ဆိုတော့ မောင်ဝင်းကမိန်းမဖားပြီး သမီးဘက်လှည့်ဖားရ ပြန်တယ်။ဒါတောင် မချောကတော်တော်နဲ့ စိတ်မ‌ပြေ၊ မနည်းချော့ယူရတယ်။
တလောကလည်း တီဗွီ ကြည့်ရင်း မြန်မာ့
သြဘာ ‌ကြော်ငြာလာသတဲ့။
‌ကြော် ငြာက"ချစ်ဇနီးကို အချိန်ပေးပါ"ဆိုတော့ ဖွေးက ချက်ချင်းပဲ၊ "သူ့မိန်းမကို ဘာလို့ အချိန်ပေးရမှာလဲ၊သူ့ မိန်းမက ကလေးကိုပဲ ရိုက်နေတာ"တဲ့လေ။
အနာဂတ်အတွက် အတိုက်အခံ နိုင်ငံရေးသမားတယောက်တော့ ရ ပြီ...ဟား ဟား။

story#observation#shinlhu

Friday, September 18, 2020

story

Write down September 17th!!
🌚🌞💟🌛😎🤡👽🌞👺
လွန်ခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကတည်းက ရှင်လူ့ ဗေဒင်ဆရာမ Jenna က
ရှင်လူ့ဆီ Emailနဲ့ ဟောစားတမ်းတစောင်ပို့ ထားတယ်။ ဘာရယ်မဟုတ် လွန်ခဲ့တဲ့
၇ နှစ်လောက်က YouTube ကြည့်ရင်း
‌ကြော်ငြာတွေ့ တာနဲ့free horoscopeဆို
လို့ အပျော်သဘော ဝင်မေးလိုက်တာ
‌အဲဒီ ပြင်သစ်က ဗေဒင်ဆရာမ ဒေါ် ဂျင်နာက ရှင်လူ့ဆီကို မ ကြာခဏဆိုသလို ဟောစာတမ်းတွေ ပို့နေတော့ တာပါပဲ။
သူတို့အလုပ်က အဲ့လိုပဲ ဖောက်သည်တွေဆီ ဟောစာတမ်း အ မြည်းတွေပေး ပြီး
အသေးစိတ်ဟောစာတမ်းကို ဒေါ်လာ နဲ့
ဟောပေးနေတဲ့သဘောပဲ။ သူကတော့
day by day ဟောစာတမ်းကို focus 
လုပ်ပေးမယ် ၊အောက်ပါ ပုံစံကို ဖြည့်ပါဆိုတဲ့ Link တခု အ မြဲပါတယ်။ဒီလိုနဲ့ သူနဲ့စခဲ့မိတဲ့ ၇ နှစ်လောက်အတွင်း သူ့ရဲ့
‌ကြော်ငြာ ဟောစာတမ်းတွေ ရှင်လူ့ ဆီပို့ ပို့နေတာ ရာနဲ့တောင်ချီနေလောက် ပြီ။
ရှင်လူလည်း အနည်းဆုံးတော့
Reading Skill တက်တယ်ဆို ပြီး သူ့
Email တွေ ဖတ်လာလိုက်တာ ဗေဒင်ဆရာ မ ဖြစ်ရုံတမည်ပဲ ကျန်တော့တယ်။
တခါမှတော့ ပိုက်ဆံပေး ပြီးမမေးဖြစ်။
ဒါပေမယ့် ဒေါ်ဂျင်နာ ဟောတဲ့ အရေးကြီးအချက်တွေက မှန်တာများနေတယ်။
ခုလဲ စက်တင်ဘာ ၁၂ ရက်ကရောက်လာတဲ့ Emailမှာ ခေါင်းစဉ်ကိုက
Shin,Write down September 17th!! တဲ့။သူ‌ပြောပုံအရ ရှင်လူ့ ရဲ့ဇာတာခွင်ဟာ ၁၆၄ နှစ် ကြာမှ တခါ ကြုံရမယ့်
အခါကောင်းကို ရောက်နေတယ် ဆိုပဲ။
သူ‌ပြောတဲ့ Pisces(မိန်ရာသီ)တွေ
Neptune (နက်ပကျွန်းဂြိုဟ်)တွေက ဘာတွေမှန်း ရှင်လူမသိပေမယ့် ဒီ
စက်တင်ဘာ ၁၇ ရက်ကစ ပြီး ရှင်လူ့ဘဝရဲ့ ကံကောင်းခြင်းတွေ အ ကြီးအကျယ်စတော့မယ် ဆိုတာ‌ကြောင့် အဲဒီ၁၂ ရက်နေ့ကတည်းက ဖွေးဖွေးသိမ့်ကို ကြွားနေမိတယ်။"ရှင်လူ ငွေတွေဝင်တော့မှာ သမီးရဲ့၊
ရှင်လူ့ကို ဖားထား"လို့ ဆိုတော့ ဖွေးက
"ဘယ်တော့ ရမှာလဲ"တဲ့။"ဒီလ ၁၇ ရက်ကစ ပြီး ရှင်လူ ထောဘီ"လို့။
"ဒါဆို KFC ကြက်‌ကြော် ဝယ်‌ကြွေးရမယ်"ဆိုတော့ KFC လောက်ကတော့ အပျော့ပေါ့သမီးရယ်"လို့ လက်မထောင်ခဲ့မိတယ်။ဒီတော့ ဖွေးက သေချာအောင်ဆို ပြီး
လက်သန်းချင်းချိတ် "ဂတိနော်..ဂတိ"လုပ်ထားသေးပေါ့။အဲဒါ နေ့တိုင်း လော်ပန်လောင်းရှင်လူက ဗေဒင်ဟောချက် ကြွားလိုက် ဖွေးက ကတိတောင်းလိုက် လုပ်နေလိုက်တာ ဒီမနက် ၈နာရီ ခွဲ မှာ Jenna
ဆီက အတည်ပြု Emailတစောင်ထပ်ရောက်လာ ပြန်တယ်။သူ့Emailသာရောက်လာတယ် ရှင်လု့မှာ လကုန်ထိသုံးဖို့ ပိုက်ဆံကတသောင်းတန် နှစ်ရွက်ထဲရယ်။ကလေးတွေမုန့်ဖိုးနဲ့ ကိုယ့် ဆေးဖိုး ကွမ်းဖိုး
လက်ဖက်ရည်ဖိုးက ဒီပိုက်ဆံနဲ့ လောက်ပုံမပေါ်။ဘယ်သူ့ ဆီကချေးရမလဲ ၊မျက်နှာ
တွေ စစ်ချက်ယူနေမိ ပြီ။ဒီလိုနဲ့  နေ့ ခင်းရောက်လာတော့ ဖွေးက ပြဿနာ စလာတယ်။"ရှင်လူ ဒီနေ့  ကောင်းစားပြီဆို၊ဘယ်မလဲ KFC ကြက်‌ကြော်""အာ...သမီးကလည်း ခုမှ နက္ခတ်တွေက သွေးပူလေ့ကျင့်ခန်းစနေတုန်း ဟို ထိုင်းကားထဲက မဟာကထိန်တို့တောင် နာရီ ကြည့် ပြီးတွက် ကြရတာ၊ ဒီနေ့  က အစပဲ ရှိသေး"
"ဒါဆို အာလူး‌ကြော် ဘူးရှည်တဘူးရယ်
ရွိုင်ရယ် ဒီ ရယ် ဝယ်ပေးရမယ်"
"ဗုဒ္ဓေါ ...ဒီကလေးမက ဇွတ်သမား၊သူ့ကိုမှ
ကတိပေးထားမိလေတော့၊ဒီ အ ကြွားသန်တဲ့ပါးစပ် ဝဋ်‌ကြွေးဆပ်ရတော့မယ်။
"ကဲပါ ဒီအချိန်က မုန့်စားတဲ့ အချိန်မဟုတ်သေးပါဘူး၊ထမင်းစား ပြီးရင် အန်တီမတင့်ဆိုင်က ဝယ်ပေးမယ်"
"ပြီးရော"
ဒီလိုနဲ့ နှစ်ယောက်သား Channel 7 ကလာတဲ့ "ရှေ့ ရေးကိုမျှော်တွေးသူ"ထိုင်းကား(ဗေဒင်ဆရာ မဟာကထိန်ကား)
ထိုင် ကြည့်နေလိုက်တယ်။ထုံးစံအတိုင်းပါပဲ နေ့ လယ်ထမင်းစားပြီးတော့ ဖွေးကရှင်လူ့ ကို "ထမင်းစား ပြီးပြီ ၊အာလူး‌ကြော်
ဘူးရှည် ရှည် သွားဝယ်ခဲ့တော့"တဲ့။
ကဲ..ဝဋ်ရှိရင်လည်း လည်စင်းခံမယ် ဆို ပြီး
မတင့်ဆိုင်ဘက်ထွက်လာခဲ့တော့ ကိုဗစ်
‌ကြောက်ပြီး မတင့်ဆိုင်က ပိတ်ထားတယ်။ခုရက်ပိုင်း သုတ၄လမ်းထိပ်က ဆိုက္ကားဆရာ တယောက်မှာပိုးတွေ့ တယ်ဆိုကတည်းက အဲဒီ တဝိုက်လမ်းတွေက ဆိုင်တချို့ ပိတ်ကုန်တယ်။တချို့ တံခါးစေ့၊တချို့
ရွှေ ကြိုး ငွေ ကြိုးတားတွေ ဖြစ်ကုန်တယ်။
ဒီလိုနဲ့ စက်ဘီးလေးယူ ပြီး လမ်းထိပ်ထွက်ခဲ့တော့ "ပီကင်းဆိုင်လည်း ပိတ်ထားတယ်၊ ကံကောင်းချင်တော့ ပီကင်းဆိုင်နဲ့မျက်နှာချင်းဆိုင် "ဇင်းနစ်စတိုး"က ရွှေ ကြိုး
ငွေ ကြိုးတားပြီးဖွင့်ထားလေတော့
အဲ့ဆိုင်ကပဲ Mr Potato အာလူး‌ကြော်
ဘူးရှည်တဘူးက ၁၁၅၀၊ Royal D က
၆၀၀ ဆိုတော့ ၁၇၅၀ ထွက်သွားပြီ။
ရှင်လူ တို့က ငွေစုလို့မရတဲ့ လူမျိုး။
လာဘ်က မဝင်ရသေးဘူး အိတ်ထဲရှိတဲ့ငွေက ထွက် ပြီ ။ ဒီလိုနဲ့ မချောလေးက
Mr Potato အာလူး‌ကြော်ဝါးလိုက် Royal D သောက်လိုက်နဲ့ ဟန်ကျနေတာ။ ဒီလိုနဲ့ ညနေ ၄နာရီ ၃၀ လောက်မှာ။ရူပါက ရှင်လူရေ လာ လာ၊လူ ကြီး
တွေ ပိုက်ဆံ လိုက်ပေးနေတယ် တဲ့ ။
သူ့သားအောင်ညာဏ်ဖြိုးကိုချီထားရင်း ရူပါအော်နေပေမယ့် ရှင်လူကတော့ သိတ်မထင် Covid ပထမလှိုင်းစကတည်းက
နှစ်သောင်းစီ နှစ်ခါ ရ ပြိးပြီဆိုတော့ ။
ဒါပေမယ့် ခဏနေတော့ သတင်းက အတည်ဖြစ်နေတယ်။ လက်မှတ်ထိုးပြီး တသောင်းတန်အသစ်နှစ်ရွက် ကိုင်ရင်း 
နက္ခတ်တွေက သွေးပူလေ့ကျင့်ခန်းတော့ စနေ ပြီလို့ တွေးနေမိတယ်။
ဖွေးအဖွားက ရှင်လူ့ ကို ကြည့်ပြီး
"ဒါ ဆို ရှင်လူ့ ဗေဒင် မှန်နေ ပြီပေါ့"တဲ့။
"ဒီလောက်နဲ့ မှန်တယ် မ‌ပြောနိုင်သေးပါဘူးဗျာ၊ Big Change တဲ့ဗျ။ အချစ်ရေးရော စီးပွားရေးပါ အ ကြီးအကျယ် ‌ပြောင်းမှာ၊ နက္ခတ်တွေက ဒီနေ့မှ စ‌ပြောင်းတာဗျ။ဒါမျိုးက ၁၆၄ နှစ်နေမှ တခါ တိုက်ဆိုင်တာဗျ"ဆိုတော့ ငမိုးရိပ်က
"အမေ ကလည်းသွား ‌ပြောနေ ပြန်ဘီ၊
နားကညည်းရတဲ့အထဲ"
အမ်မယ် ရှင်လူလေလုံးထွားလို့ ငမိုးရိပ်ကနားညည်းသပေါ့လေ။
သိမယ် သူ့သမီး KFC ကြက်‌ကြော်ကိုက်တာ မျက်ဝါးထင်ထင် ဖြစ်မှ ဒင်း ယုံမှာ။
story#observation#shinlhu