ဖွေးဖွေးသိမ့်တယောက်ဟာ အရာရာ
ထက်မြက်ပေမယ့် သဝန်တိုတတ်တဲ့စိတ် ၊ဆတ်ခနဲ တုန့်ပြန်တတ်တဲ့ အကျင့်တွေကတော့ အံ့မခန်းပါပဲ။ရှင်လူအပါအဝင် အားလုံးက သူ့ကို ပိစိကွေးအရွယ်ကတည်းကဝိုင်း အလိုလိုက်ခဲ့ ကြတာဆိုတော့လည်းမဆန်းဘူးဆိုရမှာပေါ့။
ဒီနေ့ မွန်းလွဲပိုင်း အိမ်သားတွေ တီဗွီရှေ့ ဝိုင်းထိုင်နေ ကြတုန်း ဖွေးအဖေမောင်ဝင်းက ငမိုးရိမ်ကို ပုခုန်းနှိပ်ပေးပြီး ကျောကိုကုပ်ပေးနေတာ ဖွေးက မြင်ကရော။
မောင်ဝင်းခမျာလည်း ကိုဗစ်ကြောင့် တက္ကစီ နားထားလို့သာ ခုလို မယားနားကပ်နိုင်ရှာတာပါ။ဒါပေမယ့် ဖွေးက အော် ပြီး
ပြဿနာ လုပ်ပါလေရော...
"ဟင်း သူ့မိန်းမကျတော့ နှိပ်ပေးတယ်၊
မီးမီးကျတော့ နှိပ်ပေးဘူး"
"ဟဲ့ ...စလာ ပြီ၊ သူ့မိန်းမသူနှိပ်ပေးတာ၊
ဘာ ဖြစ်လဲ"
သူ့အဖွားက အ ကြားမတော်လို့ ဝင်ဟန့်လည်းမရပါဘူး
"သူ့ မိန်းမကျတော့ ချစ်တယ်၊ငါ့ကျ မချစ်ဘူး..အီး ဟီး"
ဖွေးတို့ ကြမ်းပေါ်ခြေဆောင့် ပြီး လူးလှိမ့်အော်ပါလေရော
"ငါလုပ်တော့ ငါ့ကို အ ပြစ်ပြော ကြတယ်၊
အဲ့ ကောင်မလေးေ-ာက်ကျင့်ကမကောင်းဘူး"
ငမိုးရိပ်ခမျာလည်း ကိုဗစ်ကျေးဇူးကြောင့်
သာယာခွင့်ရနေတုန်း သူ့သမီး လုပ်လို့
အာရုံစား ပြီး တင်းနေ ပြီ။ ဒီကလေးမလေး ငမိုးရိပ် လက်စာမိမှာစိုးလို့ ရှင်လူ
ကြားဝင်ရတယ်
"ကဲပါ မောင်ဝင်းရာ၊ချစ်သမီးလေးကို ပြုစုပေးလိုက်ပါအုံး" ဆိုတော့ မောင်ဝင်းကမိန်းမဖားပြီး သမီးဘက်လှည့်ဖားရ ပြန်တယ်။ဒါတောင် မချောကတော်တော်နဲ့ စိတ်မပြေ၊ မနည်းချော့ယူရတယ်။
တလောကလည်း တီဗွီ ကြည့်ရင်း မြန်မာ့
သြဘာ ကြော်ငြာလာသတဲ့။
ကြော် ငြာက"ချစ်ဇနီးကို အချိန်ပေးပါ"ဆိုတော့ ဖွေးက ချက်ချင်းပဲ၊ "သူ့မိန်းမကို ဘာလို့ အချိန်ပေးရမှာလဲ၊သူ့ မိန်းမက ကလေးကိုပဲ ရိုက်နေတာ"တဲ့လေ။
အနာဂတ်အတွက် အတိုက်အခံ နိုင်ငံရေးသမားတယောက်တော့ ရ ပြီ...ဟား ဟား။
story#observation#shinlhu
No comments:
Post a Comment