Sunday, February 7, 2021

Story

Messenger ဆွေးနွေးခန်း (၁)
👺😷🎃🤕😢😌🤧🤗
3 Feb 2021

"ကျွန်တော်တို့ရွာမှာတော့ထူးခြားတယ်"
"ဘုန်းကြီးက ရွာထဲကNLD ထောက်ခံတဲ့အဒေါ်တစ်ယောက်ကို ခင်ဗျားတို့အမေစုဘာတက်နိုင်သေးလဲဗျလို့ လှောင်ပြောပြောလို့တဲ့"
"ကျောင်းမှာဆွမ်းတောင်နည်းနေတယ်တဲ့
သားတို့ရွာက ဆွမ်းကို ဘုန်းကြီးကျောင်းကိုသွားပို့ တဲ့ဓလေ့"
"မဘသ ဘုန်း ကြီး ဖြစ်မှာပေါ့"
"ဟုက်မယ်"
"လူငယ် ဘုန်းကြီးပဲ"
"ရွာက အများစုကNLD ထောက်ခံသူတွေပါ၊ အိမ်ကတူမကလည်း အစောကစက်ဘီးစီး ပြီး ဘယ်သွားမလဲဆိုတော့ ကြံ့ဖွတ်တွေသွားသတ်မလို့တဲံ့ တဘောင်တွေဖြစ်နေမလားပဲ စိုးရိမ်မိ"
"အသက်က 9နှစ်ပဲရှိသေး"
"အမျိုး ဘာသာ သာသနာ အတွက်ဆို ဘာမဆို လုပ်မယ်၊ မှန်တယ်လို့ ခံယူ ကြတာ၊ ရိုးအတာ အ မြတ်ထုတ် ပြီး ခေါင်းဆောင်တွေ ချမ်းသာသွား တာသဘောပေါက်အောင် ရှင်း ပြ"
"တက်နိုင်သလောက်ရှင်းပြဖြစ်ပါတယ်
သားဖက်တဲ့ သက်ခိုင် စာအုပ်ကအထောက်အကူရတယ် အများကြီးပိုသိ 88 အာဏာသိမ်းတုန်းကအကြောင်းတွေပါဖက်ရတော့ အဲ့လိုဖြစ်မှာစိုးရိမ်မိသလို သူတို့လှည့်ကွက်ကို သိသိနေတယ်ဦးရေ
သားက NLD ကိုအစထဲကမျက်စိမှိတ်ယုံကြည်ခဲ့တာမျိုးတော့မဟုက်ဘူး
တဖြည်းဖြည်း လေ့လာရင်းနဲ့ ယုံကြည်လာခဲ့တာ"
"အဲ့လို ဝေဘန်ပိုင်းခြားနိုင်တဲ့သူတွေ များမှ ဒီနိုင်ငံ ငြိမ်းချမ်းတိုးတက်မှာ၊ ခု အတွေးအခေါ်ရင့် သန် ပြီး Covid ရှေ့တန်းတိုက်စစ်မှူး ဆရာဝန်ကြီးတွေ၊သူနာ ပြု ဝန်ထမ်းတွေကအစ ပညာရှင် အနုပညာသမား အင်ဂျင်နီယာ ကျောင်းဆရာတွေပါမကျန် Civil Disobedience Campaign
ဆို ပြီး စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှု
တွေ လုပ်နေ ကြတယ်။ ပြည်သူတွေကလည်း သံပုံးတီး တာတမျိုး  ကားဟွန်းတီးတာမျိုး ဖယောင်းမီးထွန်းတာတမျိုးအ ပြင် နိုင်ငံတကာရောက်နေ ကြတဲ့ မြန်မာတွေကလည်း UN ရုံးတွေ
အသီးသီးရှေ့မှာ ဆန္ဒတွေ ပြနေ ကြတယ်။ အဲ့ဒီ ပညာရှင်တွေ ဝန်ထမ်းတွေနဲ့ 
ပြည်သူအားလုံးဟာ ငပိန်းတွေလို့ အ‌ပြောခံရရင်တော့ တနိုင်ငံလုံးကို ငပိန်းနိုင်ငံတော်လို့သာ နာမည်‌ပြောင်း ခေါ်လိုက်ပေတော့။ လက်ရှိ စစ်အစိုးရဟာ1962အာဏာသိမ်းခဲ့တဲ့ ဦးနေဝင်းအစိုးရအရှိန်အဝါမျိုးမရှိတော့ဘူး။ဦးနေဝင်းခေတ် တပ်မတော်ဟာ ကိုလိုနီနဲ့ ဖက်ဆစ် တော်လှန်ရေး
အရှိန်အဝါ‌ကြောင့် ၂၆နှစ်  ကြာဖိနှိပ်နိုင်သွားတာ။ခု စစ်အစိုးရက NLD အမတ်တွေကို ညှင်းပန်းနှိပ်စက်မလုပ်ဘဲ ချက်ချင်း ပြန်လွှတ်ပေးနေတာ ချို့က နားမလည်နိုင် ကြဘူး။ပြန်လွှတ်ပေးတာ က သူတို့လုပ်မယ်‌ပြောတဲ့ ရွေးကောက်ပွဲအတွက် အတိုက်အခံ ပါတီ မရှိမှာစိုးလို့လေ။ ကမ္ဘာကိုလည်း ဒီမိုကရေစီ အတုတခု လုပ်ပြရမှာမဟုတ်လား။
နောက် ပြီး အရင်လိုဖမ်းဆီးနှိပ်စက်ဖို့က လူ့အခွင့်အရေး သင်တန်းတွေ ‌ကြောင့် Artical 19 ကို စစ်မှုထမ်းတွေသိကုန် ပြီလေ။ လွှတ်တော်အမတ်တွေ သွားဖမ်းတာတောင် ။Mask ချွတ်ပါ၊ မျက်နှာ ပြပါ ဆိုတာ မ ပြရဲဘူး။အမိန့်ပေးလို့ လုပ်ရပါတယ်ဆိုတဲ့ ဆင်‌ခြေ ကို လူ့အခွင့်အရေးဥပဒေက လက်မခံဘူး။
တချို့ကိစ္စတွေမှာ အမိန့်‌ကြောင့် လုပ်ခဲ့သူတွေ ပြန် ပြီး အရေးယူခံရတဲ့ သာဓကတွေ ရှိထား ပြီ ဆိုတော့ ကာ။ သတိရှိ ကြပါ။ လူမိုက်ငှား Gangster
လမ်းစဉ် ပဲရှိတော့တယ်။မပေါ့ကြနဲ့"
"ဟုက်ကဲ့ပါ အဲ့လိုဖြစ်အောင်ကြိုးစားပါ့မယ်"
"အေးကွယ် ၊လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူအပေါင်းရော ပြည်သူ့အသွေးအသား တပ်မတော် ရဲတပ်ဖွဲ့စတဲ့ အလွဲသုံးစားအလုပ်ခံထားရတဲ့ အဖွဲ့ အစည်းတွေပါမကျန် ရေကိုသား၍ အ ခြားမထင်
ဆိုသလို လက်ရည်တ ပြင်တည်း သွေးစည်းခိုင်မာတဲ့ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စု ကြီး အ မြန်ပေါ်ပေါက်ပါစေ‌ကြောင်း ဆန္ဒ ပြုလိုက်ပါတယ်။"

story#observation#shinlhu

No comments:

Post a Comment