ကိုဗစ်နဲ့အတူ နေထိုင် ခြင်း
😷👀👺😕🤗😓🤔
မနက် အိပ်ယာကထတော့ စက်ဘီးနဲ့ စားနေကျ အာလူးပူရီဆိုင်ကလေးဘက်ထွက်ခဲ့တယ်။ ခုလိုချိန်ခါမှာ တပွဲ သုံးရာထဲနဲ့ ခုလို အာဟာရ ပြည့်ဝတဲ့ ပူရီ ပူပူလေးစားရတာလည်း ကုသိုလ်တခုပါပဲ။ ကြော်ထားတဲ့ ပူရီ ဖောင်းဖောင်းလေးကနှစ်ချပ် ၊အာလူးဟင်း အရည်လေးနဲ့ ခရမ်းချဉ်သီးအနှစ်ကတကန့် ပူစီနံနဲ့ငရုတ်သီးစိမ်းကို ပြုတ်ပြီး ကြိတ်ထားတဲ့ ရနံ့ မွှေးမွှေး အနှစ်ကတကန့် ။အခါတိုင်း ပူရီစား ပြီးရင်
မလှမ်းမကမ်း က" ကမ္ဘာကျော်"လက်ဖက်ရည်ဆိုင်ကလေးမှာ လက်ဖက်ရည်တခွက်ဝင်သောက် မြဲ။ကိုဗစ် ပထမလှိုင်း တုန်းကတော့
လက်ဖက်ရည်ဆိုင်ကို ရက်အတန်ကြာပိတ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ နားလည်မှုနဲ့
အသာအယာ ပြန်ဖွင့်နေသေးတယ်။ အင်း
တနေ့ ကတော့ ပူရီဆိုင်ကကောင်မလေးပြောလို့  "ကမ္ဘာကျော်"ဆိုင် ပိတ်လိုက်ပြီလို့ ကြားတယ်။ သူ့ ဆိုင်ရှေ့ က"အောင်"ဆေးခန်းလာတဲ့
လူနာတွေ ဝင်အထိုင်များတာကြောင့်လို့ ပြောတာပဲ။ ဒါပေမယ့် ဒီမနက်သတင်းက "ကမ္ဘာကျော်"ဆိုင်ရှင် ဖြူ ဖြူ ပုပု နဲ့လူ ညက အောက်ဆီဂျင်ကျလို့ ဆုံးသွားပြီ တဲ့။ ရှင်လူ ကြီး အလုပ်ကနေ အိမ်ခန်းရှိရာ ပြန်ရောက်တိုင်းလည်း
နေ့ တိုင်းလိုလို မုန့်ဟင်းခါး ထုပ်တွေက အခန်းထုပ်တန်းသံချိတ်ကနေစောင့် ကြိုနေတတ်တယ်။ ဖွေးတို့ အခန်းဘက်လှမ်းမေးလိုက်တော့
လမ်းထိပ်က မ-- ယောက်ျား ဆုံးလို့လေ ဆိုတာမျိုး သတင်းဆိုးတွေက အ မြဲလို။တကယ်တော့ ကြားသမျှ သတင်းတွေလည်း မတင်ချင်တော့။ မတင်ချင်တဲ့ ကြားကပဲ ဒီမနက် မိုးညိုဆရာတော် ပျံလွန်သွားပြီ။အိပ်နေရင်း သေသွားတာ တဲ့။လွန်ခဲ့တဲ့ သက္ကရာဇ် ၂၀၁၀ ခုနှစ်က
ညီတယောက် ထီပေါက် ပြီး ရဟန်းခံရှင်ပြု အလှူ လုပ်တော့ ရှင်လူပါ ဒုလ္လဘ ၇ ရက်ဝင်ဝတ်ခဲ့တဲ့ကျောင်း။ သတင်းတွေထဲမှာလည်း
သုဿန်တွေ မီးသင်းဂြိုလ် ဖို့ မနိုင်မနင်းဖြစ်နေတာနဲ့ စကစ က မီးသင်းဂြိုလ်စက်တွေ တိုးချဲ့ ဆောက်လုပ်နေတာနဲ့ အားတက်စရာတွေချည်း။
စာရေးဆရာ ပန်းချီဆရာ ကာတွန်းဆရာနဲ့ အမှုထမ်း အရာထမ်း အဆိုတော် မင်းသားတွေ ရဟန်းသံဃာတွေလည်း ကိုဗစ်ကပ်ထဲ တရက်မလပ် တသဲသဲ ကြွေနေ ကြ။ ဒါတွေကို မြင်ပါများတော့ ရှင်လူ တခုတွေးမိလာတယ်။ငါလည်းဘာမို့ လဲ။ ဒီကပ်ဆိုးက လူမရွေးဘူး။ဒီတော့
လုပ်ခွင့်ရတုန်း လုပ်စရာရာရှိတာ လုပ်ထားအုံးမှတွေး ပြီး "ကျန်းမာ ကြပါစေကြောင်း"ဆိုတဲ့စာတကြောင်းရေး ၊Copy -Paste လုပ်ပြီး
Messenger ထဲက မိတ်ဆွေတွေဆီ မေတ္တာစာတွေပို့လိုက်တယ်။တယောက် စာ ပြန်လာတယ်"Day -10, သောက်တရုတ်ပိုးကိုနိုင်အောင် တိုက်ခဲ့ ပြီ"တဲ့။ "ယောက်ျားရဲ့ညီမဆုံးသွားပြီ၊ အဖေနဲ့အမေလည်းဖျားနေတယ်" တဲ့။ နောက်တယောက်ကလည်း "မောင်နှမသုံးယောက်လုံး ဖျားနေ ကြတာ တပတ်လောက်ရှိ ပြီ၊ ခုတော့ သက်သာနေပါ ပြီ ရှင်လူ"တဲ့။
ကဲ အဲ့ ကိုဗစ် က ကွကိုယ် Q နေတဲ့လူ ရော။
ဆေးဝါးရိက္ခာ ပညာ ပြည့်စုံသူရော မ ပြည့်စုံသူရော ဝေးနေ နီးနေ မိတ်ဆွေများစွာ သတ္တဝါဟူသမျှကို တဟဲဟဲ ဖြဲခြောက်နေေ လရဲ့။
ဒီနေ့  နေ့လယ်စာ ကတော့ ဖွေးဖွေးသိမ့်အဖေ
မောင်ဝင်း ကိုယ်တိုင် မီးဖိုချောင်ဝင် ပြီး ထွက်လာတော့ "ရှင်လူရေ ထမင်းစားမယ်"ဆိုတာနဲ့ ဝင်စားပလိုက်တယ်။ ခုချိန် လူတယောက်ကိုထမင်းစားခေါ်ဖို့က လွယ်တာမဟုတ်။မိတ်ရင်းေ ဆွရင်းတွေတောင် တဦဲ့းနဲ့ တဦး သံသယမျက်ဝန်းတွေနဲ့ ပိုးသယ်ဆောင်သူလေလား လို့
မသင်္ကာ ကြည့် နေ ကြတာ။ ခုလို ယုံယုံ ကြည်ကြည် ထမင်းခေါ်ကြွေး တော့လည်း အားနာပါးနာနဲ့ပဲ ဝင်စားလိုက်ပါရဲ့။ မောင်ဝင်းလက်ရာ ကြက်ကုန်းဘောင်နဲ့ ကဏန်းလက်မဟင်းကလည်း ကောင်းမှကောင်း။ ကျန်းမာရေးအတွက် အစာအိမ်ကို ငဲ့ ပြီး စားကောင်းပေမယ့်
ထမင်းကို တခါခူး တပန်းကန်နဲ့ပဲ ရပ်လိုက်တယ်။ ထမင်းစား ပြီးတော့ ခုတလော ဖြတ်ထားတဲ့ ကွမ်းယာ စားချင်တာနဲ့ လမ်းထိပ်ထွက်ဝယ် ပြီး ပြန်ရောက်တော့ လမ်းဟိုဘက်ထိပ်က ပိုင်ပိုင် ရှင်လူ့ ကိုလာရှာရင်း "နန်းမြိုင်"ကော်ဖီထုပ် ကြီးတထုပ်ပေးသွား တယ် တဲ့။ေ သြာ် ...ကိုယ်ချီပိုးယုယခဲ့တဲ့ ကလေးတွေကလည်း ရှင်လူ့အပေါ် ချစ် ကြသား။ဆက်လက်နေခွင့် ရသေးမယ်ဆိုရင်တော့ နေပျော်စရာ ကမ္ဘာလေးတခုပေါ့ကွယ်။မနေရလည်း လိပဲ။
story#observation#shinlhu