Wednesday, July 7, 2021

story

ဖွေးဖွေးသိမ့်နဲ့  အသည်းငယ်တဲ့ ယုန်ကလေးတုံတုံ
🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇
ဒီမနက် အစော ကြီးကတည်းက‌ဖွေးဖွေးသိမ့် တယောက် မုံလာဥနီတွေရောသရက်သီးတွေပါ အစိတ် သေးသေးလေးတွေလှီး ပြီး ဖိုင်ဘာပန်းကန်လေးနဲ့ အသင့်ပြင်နေတယ်။
သူ့ဦးငယ်တို့ လင်မယား ဒီနေ့  အိမ်လာလည်မယ်တဲ့လေ။ ဒါပေမယ့် ဖွေး ပြင်နေတဲ့ စားစရာတွေကတော့ သူ့ ဦးငယ်တို့အတွက်မဟုတ်ပါဘူး။
သူ့ဦးငယ်တို့ နဲ့အတူ ပါလာမယ်ဆိုတဲ့ ယုန်ကလေး တုံတုံ အတွက်ပါ။ ယုံကလေးတုံတုံက
သရက်သီး ကြိုက်တယ်ဆိုလို့ ဖွေးက သရက်သီးပါ အသင့် ပြင်ထားပေးတာပါ။
တကယ်တော့ ဒီယုန်ကလေး တုံတုံရဲ့ ဘဝ ဇာတ်‌ကြောင်းကလေးကလည်း ရင်နင့်စရာပါ။
ဆရာတပည့် နှစ်ယောက်နေတဲ့ အိမ်မှာ ဆရာလုပ်သူက အလေ့အကျင့် တခု ရှိတယ် တဲ့။
အဲဒါ ဘာလဲဆိုရင် ယုန်ကလေးတွေကို မွေးထား ပြီး ကြီးလာရင် သတ်ပြီး အရက်နဲ့ မြည်းလေ့ရှိသတဲ့။ ဒီလိုနဲ့ တနေ့ မှာ ယုန်တကောင်ကိုသတ်ပြီး အရက်နဲ့ မြည်းတာကို မြင်လိုက်တဲ့
တုံတုံဟာ အရမ်း ‌ကြောက်သွားပြီး မျက်ရည်တောင်ဝဲနေရှာသတဲ့ ။ အဲဒါကိုသိလိုက်တဲ့ တပည့် ဖြစ်သူဟာ နောက်တနေ့ မှာသူ့ဆရာမသိအောင် တုံတုံ့ ကို ဝှက်ထားလိုက် ပြီး ဖွေးရဲ့ဦးငယ်တို့ လင်မယားဆီပို့ပေးလိုက်တာ။သနားတတ်တဲ့ ဦးငယ်တို့ လင်မယားက သူတို့အိမ်မှာတုံတုံ့ ကိုမွေးစားထားလိုက်တော့တာပါပဲ။
ကံ ကြီးပေလို့ သာပဲပေါ့ တုံတုံရယ်။

story#observation#shinlhu

No comments:

Post a Comment