Saturday, November 27, 2021
story
ရှင်လူ ကြီး "ဘာရယ်မဟုတ် စာေ ခြာက်ရုပ်"ကို နိဂုံး ပိုင်းကစရေး ပြီး‌နောက်တခါနိဒါန်း တပုဒ် ရယ် ၊ နှစ်ပုဒ်ရေး ပြီး ဆက်မရေး ဖြစ်။
ကျန်းမာရေး မကောင်းတာလည်းပါ ၊ စိတ်မပါတာလည်းပါ သပေါ့။ ဒီနေ့ တော့ စိတ်ခံစားမှုလေး နည်းနည်းလှုံ့ ဆော်လာလို့   အပိုင်း(၁)ကို ရေးပါ့မယ်။ 
         "ဘာရယ်မဟုတ် စာ‌ခြောက်ရုပ်"
                    အပိုင်း(၁)
            စာ‌ခြောက်ရုပ်ဆိုတာ အကောင်လိုလို
ထင်ရပေမယ့် တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ပင်ကိုယ်က ကိုက ပစ္စည်း အတိုအစ
အဟောင်း အ မြင်း တွေနဲ့  Installation
လုပ် တပ်ဆင်ထားတာမို့  နွေ မိုး ဆောင်း ဥတုရာသီစက်ဝန်းတွေ အဖန်ဖန်လည်တာနဲ့ အမျှ
သူ့ ရဲ့ ကိုယ်ပေါ်က အဝတ်တွေ ၊အဆင်အယင်
တွေကလည်း ကြာလေ ကြာလေ မွဲ ‌ခြောက်စုတ် ပြတ်လေပါပဲ။သူက အကောင်မဟုတ် ၊သူ့မှာ အသက်ဆိုတာမရှိ။ ဒါပေမယ့် သူနေရတဲ့
လယ်ကွင်း သူ့ရဲ့စပါးခင်း ကြီးကတော့ သီးနှံ
မြိုင် မြိုင် တယိုင်ယိုင်နဲ့  ဖြိုးခိုင်ညွှတ်အိနေပါတယ်။ သူက ဘာမှမလုပ်တဲ့တိုင် စာကလေးတွေက သူ့ ကို ‌ကြောက်ပါတယ်၊ ပြီးတော့ ရင်ထဲက
ကြိတ် ပြီး မုန်းချင်တောင် မုန်းနေ ကြမှာပါ။
              ဟုတ်တယ်လေ ‌မြောက် ပြန်လေ
အဝှေ့ခံရလို့  သူ့  လက် သူ့ ‌ခြေ သူ့ ကိုယ်လုံး
ကြီး ယမ်းယမ်းနေတာကိုပဲ ‌တရုတ်ကွန် မြူနစ်ပါတီ ဥက္ကဌ ကြီး မော်စီတုန်းရဲ့ စာကလေးစစ်ဆင်ရေး နောက်ဆက် စာဖမ်းပွဲလို့ များ ထင် ကြလေမလားပဲ။
              ၁၉၅၈ ခုတုန်းကပေါ့ ဥက္ကဌ ကြီး မော် က ဘယ်လိုတွေး လဲဆိုတော့ စာကလေးလို ကောက်ပဲသီးနှံစားတဲ့ အကောင်ပလောင်တွေနဲ့ တော့ ဒီတိုင်းပြည် မဖြစ်ချေဘူးဆိုပြီး ဘယ်ပညာ ရှင်နဲ့မှလည်း မတိုင်ပင် မဆွေးနွေးဘဲ သူ့သဘောနဲ့သူ "စာကလေးသတ် ကင်ပိန်း" ထလုပ်တယ်။ "ခြင်၊ ယင်၊ ကြွက်နဲ့ စာကလေး" လေးမျိုးကို သုတ်သင်ရမယ်ပေါ့။ တကယ်လုပ်ဖြစ်သွားတာက စာကလေးပဲ။ သူတွက်ပုံက ဒီလိုပါ။ စာကလေးတစ်ကောင်ဟာ တစ်နှစ်ကို ကောက်ပဲသီးနှံ ၄.၅ ကီလိုဂရမ် စားတယ်။ စာကလေး အကောင် တစ်သန်းကို သတ်နိုင်ရင် လူ ခြောက်သောင်းစားဖို့ ကျန်မယ်။‌မော်စီတုန်းဟာ အဲ့လိုတွေးပြီး စာကလေးတွေကို လုံးဝမျိုးပြုတ်တဲ့အထိ ပြည်သူတွေကို သတ်ခိုင်းတာပါ။
              အားလုံးသိ ကြတဲ့အတိုင်း မော်စီတုန်းဟာေ ဆးရောင်စုံ ပိုစတာလှလှလေးတွေ သုံးပြီး လူထုကို လှုံ့ဆော်ပါတယ်။ လူထုကြီးဟာ အိုးတွေသံပုံးတွေ တီးပြီး ရပ်ကွက်တွေထဲက ထွက်လာတယ်။ စာကလေးတွေကို ခြောက်ထုတ် ကြတယ်။ စာကလေးတွေဟာ ပျံရလွန်းလို့ မောပြီး ကျသေတဲ့အထိပဲ။ လူနဲ့ စာကလေး တိုက်ပွဲမှာ တစ်ရက်တည်းကို အကောင်ရေ သိန်းချီ သတ်နိုင်ခဲ့တယ်။ 
            ဒီကိစ္စဟာ နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကတော့ ထားလိုက်ပါတော့ အဲ့ကိစ္စ‌ကြောင့်ပဲ စာကလေးတွေက ဒီဘာမဟုတ်တဲ့ကောင်ကို ဥက္ကဌ ကြီးထင် ပြီး မကပ်ရဲ ကြတာထင်တာပဲ။ နောက်တခုကတော့ တချို့ နယ်ကလူတွေပေါ့ စာကလေးတွေကို ပိုက်နဲ့ ထောင် ပြီးဖမ်း ကြတယ်။ပြီးတော့ ဘာတဲ့ "စာကလေး ဂျိုး
‌ကြော် ဆီထမင်းရယ် 🎶 ရန်ကုန်မန္တလေးခရီးသွားမယ်"ဆိုလား။ စာကလေးတွေ ဂျိုးတွေကို‌ကြော် ပြီး ဆီထမင်းနဲ့ စားဖို့ တွဲရောင်း ကြတယ်။တချို့အကောင်တွေကိုတော့ာ့ အရှင်အတိုင်းတန်ခိုး ကြီးဘုရားတွေဆီပို့  ကြတယ်။ ခြင်း ကြီးတွေနဲ့ထည့် ပြီး ကောင်းမှုကုသိုလ် ပြုလိုသူယ တြာ ချေလိုသူတွေကို ပြန်ရောင်း ကြတယ်။
             အင်း စာ‌ခြောက်ရုပ်ဟာ သူကဘာမှသာမဟုတ်တာ ဘဝအတွေ့ အ ကြုံတွေကတော့ ‌ပြောမဆုံးပေါင် တောသုံးတောင် ဆိုသလိုပါပဲ။
              တခါတခါ တော်လှန်ရေးသီချင်းတွေ
                 (အပိုင်း-၂ မျှော်)
story#observation#shinlhu
Friday, November 26, 2021
story
တမဂ်တဖိုလ် ရလိုစိတ်
         🤔😔😔😔😔😔
မနက်၁၁ နာရီ ဖွေးဖွေးသိမ့် တယောက် ကျူရှင်က ပြန်ရောက်လာလာချင်း သူတို့ အိမ်ရှေ့ ခန်းခုံပေါ်မှာ ဖုန်းထိုင်ပွတ်နေပေါ့။
             ရှင်လူ ကြီးက သူ့‌ရှေ့ သွားပြီး ခုံလက်တန်းလေးကိုင် သူ့ မျက်နှာလေးငုံ့ ကြည့်တော့။
              "သွား...လာနဲ့  "ဆို ပြီး ထအော်လေရဲ့
              "ဘာလဲ ၊ငါ နှောင့်ယှက်တာလည်းမဟုတ်ဘူး၊ ချစ်‌လို့ မျက်နှာလေး ကြည့်ချင်လို့ လာတာကို ၊ဒီလောက်တောင် ဖြစ်နေ၊ တော် ပြီ နင့်ကို မချစ်တော့ဘူး ဘဒိတ်မှောက်လိုက် ပြီ"
                 သူငယ်ငယ်ကတည်းက ရှင်လူ‌ပြောတဲ့ သပိတ်မှောက် ဆိုတဲ့စကားကို သူကသူ့ နားထဲ ကြားတဲ့အတိုင်း ဘဒိတ်မှောက်လို့ ‌ပြောလေ့ရှိလို့ သူရောရှင်လူပါ ဘဒိတ်မှောက်ပဲ ‌ပြော‌နေကျပေါ့။ ရှင်လူက ‌ပြော‌ပြောဆို ဆို သူ့အခန်းကလှည့်ထွက်လာတော့ ဖွေးက ရှင်လူ့ ဘက်လှည့် ကြည့်ရင်း "မှားပါတယ် ဆရာရယ်"တဲ့။
             အင်း...ရှင်လူနဲ့ ဖွေးကြားမှာ ကိုယ့်ဘက်ကမှားသွားရင် "မှားပါတယ် ဆရာရယ်"လို့
တောင်းပန်လိုက်ရင်ချက်ချင်း ‌ကြေအေးရတဲ့ ထုံးစံ ရှိသမို့။
             "အေး..ဒါဆိုရင်တော့ ခွင့်လွှတ်လိုက်ပြီ၊ ဘဒိတ်မှောက်တော့ဘူး"
             ရှင်လူလည်း ကိုယ့်အခန်းပြန်လာ ပြီးဖုန်းပွတ်နေလိုက်တာ ဖုန်းဘက်ထီက ၂၀ ‌အောက်ရောက် ပြီးနီလာတာနဲ့ ဖုန်းကို အားသွင်း ကြိုးတပ်ထား ပြီး ဒဂုန် ဦးစန်းငွေ ရဲ့  "နိဗ္ဗာန်စခန်းလက်တကမ်း "စာအုပ် ကောက်ဖတ်နေလိုက်တယ်။ ဒီလိုနဲ့ စာဖတ်ရင်း ဘယ်အချိန် မှေးခနဲ ဖြစ်သွားတယ်မသိ။ ဆိုဖာ ကြီးပေါ် လက်နှစ်ဖက် နောက်မှီပေါ်တင်ရင်း ‌ငိုက်မျဉ်းနေတုန်း
တစုံတယောက် လှန့် လိုက်သလိုမို့  ညာလက်နဲ့အလိုအလျောက်ရိုက်ချလိုက်တာ ဖွေးရဲ့ ငိုသံ ကြားမှ သတိရ လို့  ကြည့်လိုက်တော့ ဖွေးကသူ့မျက်နှာကို လက်နဲ့အုပ် ပြီးအော်ငိုနေလေရဲ့ ။
           "ဖြစ်ရလေ သမီးလေးရယ်၊ ရှင်လူက
 ယောင်တတ်လို့ပါ၊ ဘယ်နာသွားလဲ၊လာစမ်း"
            ဖွေးက သူ့ ညာမျက်စိအောက် နှာခေါင်းနား ကို ပွတ်နေတာ‌ကြောင့် ရှင်လူက တန်းပေါ်က တဘက်ယူ အာငွေ့ မှုတ် ပြီး ကြပ်ထုပ်ထိုးပေးနေမိတယ်။
             "တိတ် တိတ် သမီးလေး ၊ရှင်လူ့ အာငွေ့ က တန်ခိုးရှိတယ်၊ အုံဖွ အုံဖွ ၊သမီးသက်သာသွားမှာ"
              ဖွေးက အငိုမရပ်၊ ရှင်လူ့ ရင်ထဲ အတော်မကောင်း ဖြစ်သွားမိတယ်။ငယ်စဉ်ကတည်းက ခုလို ၇ နှစ်သမီးအရွယ် ဖြစ်လာတဲ့အထိ လက်နဲ့ တောင်မရွယ်ခဲ့တဲ့ ကလေးကိုရိုက်လိုက်မိ ပြီ။
              "တိတ်တိတ် သမီးလေး၊ ရှင်လူ မုန့် ဝယ်‌ကြွေးမယ်၊ အန်တီမတင့် တို့ဆိုင်က သမီးဘာစားမလဲ"
              အတော်နာသွားပုံရတယ်။မုန့် ဝယ်ကျွေးမယ်ဆိုတာတောင် အငိုမတိတ်။ ရုတ်တရက် သူ အ ကြိုက်ဆုံးကို ရှင်လူ စဉ်းစားမိလိုက်တယ်။
            "လာလာ သမီးကြိုက်တဲ့ အာလူး‌ကြော်ဘူး ဝယ်‌ကြွေးမယ်" ဆိုမှ ရုတ်တရက် အငိုရပ်သွားတယ်။ ဖွေးကို လက်ဆွဲထွက်လာတော့ ဖွေးက နောက်က မျက်ရည်သုတ်ရင်းထလိုက်လာတယ်။ Master အာလူး‌ကြော် တဘူး
၁၆၀၀ တဲ့။ လကုန်ခါနီး ငွေ ပြတ်နေပေမယ့်
တတ်နိုင်ဘူး သမီးလေးအငိုတိတ်ဖို့က ဒီချိန်မှာ အရေး ကြီးဆုံး။
            ရှင်လူ ကြီးမှာ မကောင်းတဲ့ အကျင့်က အဲ့လို အိပ်ပျော်ချိန် ယောင်တတ်တာပဲ။
တလောက ကျန်းမာရေးမကောင်းလို့ ကိုယ့်အခန်း ပြန်အိပ်တုန်းကလည်း ဖွေးအမေ ငမိုးရိပ်က‌ပြော ပြီးပြီ "ရှင်လူ ညက အိပ်မက်မက် ပြီး
မ ကြားဝံ့မနာသာတွေ ဆဲ ဆို ပြီး ဝုန်းဒိုင်း ကြဲနေတာပဲ"တဲ့။
             ဒေါသဟေတု ဆိုတာ ‌ကြောက်စိတ်
အကုသိုလ်ပဲ။ရှင်လူ့ မသိစိတ်ထဲမှာ ဒီအကုသိုလ်တွေက ဘယ်လောက်များ ကိန်းအောင်းနေသလဲ မသိ။ ခုပဲ ကလေးကို ယောင် ပြီး ရိုက်မိခဲ့ ပြီ။ ဒါတွေ ပျောက်ကင်းဖို့ ကတော့ တနေ့ က
FB ထဲ နာဖူးတဲ့ တရားတပုဒ်ထဲကလို တမဂ်တဖိုလ် ရမှပဲ ဒေါသကိလေသာတွေ ကို အ ပြီးတိုင်တားနိုင်မှာ။
              ဒီတခါလောက် နိဗ္ဗာန်စခန်းကို တက်လှမ်းလိုတဲ့စိတ်မျိုး တခါမှ မ ဖြစ်ဖူးဘူး။
story#observation#shinlhu
story
"အိုပယ်ဂိမ်း"
                 👺👺👺
   အသက် ကြီးတဲ့လူတွေ စကားများတတ်လာတာ လူတိုင်းလိုလိုသတိထား မိ ကြမှာပါ။ ရှင်လူကတော့ အစော ကြီးကတည်းက အဲ့ဒီကိစ္စ ကို သတိထားမိတယ်။ 
            အမှန်တော့ လူတိုင်းဟာ လူ့ ပတ်ဝန်းကျင်မှာ အရေးပါလိုတဲ့ ဆန္ဒမျိုး ကိုယ်စီရှိ ကြတယ်။ အရွယ်ကောင်းစဉ် တုန်းကတော့ အရာရာ
လုပ်နိုင် ကိုင်နိုင် ဆုံး ဖြတ်နိုင် ကြတာမို့ လူတွေက အ ပြန်အလှန် အားကိုး ပြီး ညှိနှိုင်းကြ တိုင်ပင် ကြ အတူလုပ်ဆောင်ကြပေါ့။အဲ အသက်ကလေး ရလာတော့ ရုပ်ပိုင်းဆိုင်ရာ လုပ်နိုင်စွမ်းတွေကလည်း တုန်တုန်ချိချိ ဖြစ်လာ ပြီ၊ စိတ်ပိုင်းဆိုင်ရာကလည်း မေ့မေ့ လျော့လျော့ ဖြစ်လာ ပြီဆိုတော့ အများ‌ပြော ကြတဲ့အတိုင်း
(အိုပယ်) ဖြစ်လာ ပြီပေါ့။ ရေ နွေးအိုးကလေးတည်ရင်တောင် "နေစမ်းပါ၊ အပူတွေလောင်ကုန်ပါ့မယ်"ဆို ပြီး အလုပ်မခံ။ဒီအခါ တချို့ သားသမီး ‌မြေးမြစ်တွေက "အသက် ကြီးပြီ၊ တရားပဲ အားထုတ်စမ်းပါ၊ ဒါမှ ဘဝကူးကောင်းမယ်"ဆို ပြီး တွန်းပို့ တတ် ကြတယ်။ ဟို စကားပုံ တခု လို "မကောင်း ကျောင်းပို့ ‌"ပေါ့
တချို့ အိုပယ်တွေကတော့ သားသမီး‌မြေးသားတွေကို စိတ်ချမ်းသာ အောင် အလိုကျ ဖြစ်အောင် ယောဂီတဘက်လေး ပုခုန်းတင် ပြီး ဘုန်းကြီးကျောင်းရိပ် ဘုရားရိပ်ခိုပေါ့။ အမှန်တော့
တရားကတကယ် ရှာချင်တာမဟုတ်။ဘဝစေရာ
အလိုက်သင့် သရုပ်ဆောင်နေ ကြရတာ။ တချို့
တော့လည်း ပါရမီကံလေးကပါတော့ တကယ်တရားထူးနဲ့ တွေ့ သွားသူတွေလည်း ရှိနိုင်ပါရဲ့ ။ ဒါပေမယ့် လက်သဲခွံပေါ်ကသဲမှုန့် အရေအတွက်လောက်ပါ၊ မဟာပထဝီ‌မြေအထုလောက်
အိုပယ်တွေကတော့ ဥပုသ်စောင့်ရင်း ချဲထိုးရင်း
အတင်းပလင်းဖလှယ်ရင်းနဲ့ ပဲ (အိုပယ်ဂိမ်း)ကိုဆော့ နေ ကြရတာ။
           ရှင်လူ ကြီးက ဒါတွေ ကြိုတွေးထားမိလို့ အိုပယ်ဂိမ်းအတွက် ကြိုတင် ပြင်ဆင်ထားခဲ့တယ်။ လူငယ်တွေ ရဲ့ ငြင်းပယ်မခံရအောင်
သူတို့ နဲ့အတူ ဘီယာသောက်တယ်၊ သူတို့ ကိစ္စဝိစ္စ တိုင်းမှာ အတိုင်ပင်ခံ ဖြစ်အောင် လည်း
စဉ်ဆက်မ ပြတ်လေ့လာထားရတယ်။ ပြီးတော့
ဖုန်းတလုံး ရယ် Laptop တလုံးရယ်နဲ့ 
Social network တွေသုံးပြီး အချိန်တွေကုန်အောင် ဖြတ်ကျော်နေရတယ်။ FB ပေါ်က
ကိုတင်မောင် မတင်မေ တို့နည်းတူ Post တွေ ဓပုံတွေလည်း တတိန်တိန်တင်ပေါ့ ။ဒါပေမယ့် ရှင်လူက အထူအပါးနားလည်တတ်တော့
ကွကိုယ် ထိန်းတယ်။အ ပြင်မှာ စကားမပွားရလို့ FB ပေါ်ချည်း တက်ပွားနေလည်း ဘာထူးမှာလည်း (ဒါလည်း အိုပယ်နာ)တမျိုးပဲ။ မိမိစိတ္တဇ တွေ လူသိတာပဲ အဖတ်တင်မှာ။ လူတွေကို ပညာပေးရအောင် ဆိုလည်း မိမိက ပေးနိုင်မယ့် ပညာ(Professional)ကျကျ ဘာမှမရှိ။ဒီတော့ မိမိတင်တဲ့ဓပုံလေးတွေ ၊အပျင်း‌ပြေ
စာကလေးတွေ ၊ခံစားချက် ကဗျာလေးတွေကိုအ မြဲဝင်ကြည့်လေ့ရှိတဲ့ မိတ်ဆွေ အနည်းအငယ်ရှိခဲ့လေတော့ ဒီ FB ခေါ် Metaverse
ကြီးဟာ ရှင်လူ့ ရဲ့  အိုပယ်ဂိမ်းစားကျက် ကြီးပေါ့။ဒါတောင် ခုတလော ကျန်းမာရေးက မကောင်း ၊ခွဲထားတဲ့ညာဘက်မျက်စိကလည်း ဝါးတားတားမို့ ဖုန်းနဲ့ ကွန်ပြူတာကို လျော့သုံးနေရတယ်။ အာရုံ‌ကြောထိမှာစိုးရသလို သွေးတိုးကလည်း ဒုက္ခပေးမှာ ‌ကြောက်နေရတယ်။ တရဆ
ဆရာ ကြီးဦးရန်အောင်ရဲ့ ဟော‌ပြောချက်တခုမှာ ဒီဖုန်းကလည်း သွေးတိုးရတဲ့အ‌ကြောင်းတခု ဖြစ်တယ်ဆိုပဲ။ ဖုန်းကထွက်တဲ့အပူဓါတ် 
ရယ် သတင်းအချက်အလက်တွေကထွက်တဲ့အပူဓါတ်တွေကလည်းသွေးတိုးပါမက နှလုံးရောဂါပါ ရနိုင်တာတွေချည်းပဲ။
             အဲတော့ ရှင်လူ ကြီး အိုပယ်ဂိမ်းကို
‌ပြောင်းပြီး ကစားနေရတယ်။နဂိုရ်က မ ကြိုက်တဲ့ တော်ကီပွား ဂိမ်း ကို ‌ပြောင်းသုံးနေရတယ်။ဒီမနက်တောင် ကွမ်းယာထွက်ဝယ်ရင်း
အရင်ကဆို စကားအပို ‌ပြောလေ့ မရှိတဲ့ ရှင်လူ
စကားစတခု တမင်ဆွဲထုတ် ပြီး ပွားခဲ့သေးတယ်။ ကွမ်းယာသည် လင်မယားတော့ တွေး‌ကြောက်ရင်းကျန် နေ ကြမလားမသိ။ဖတ် ကြည့်ကြအုံး။
    ရှင်လူ။ ။  "ဒီနှစ် ပံ့သုကူ ကောက်ပွဲကတော့
အတော် သရုပ်ပျက်လာတယ်"
ကွမ်းယာသည် မိန်းမ ။ ။ဟုတ်ပ ဦးရယ်
လမ်းထဲကအုပ်စု ဆို ကားတွေကိုဝင် လုတော့မယ့်အတိုင်းပဲ"
ရှင်လူ။ ။ဒါတောင် ဈေးရောင်းတဲ့လူ ကဈေးရောင်းလို့ ရနေသေးတယ်၊ ကားသမားက ကားမောင်းလို့ ဆိုက္ကားသမားက ဆိုက္ကားနင်းလို့ 
လက်လုပ်လက်စားတွေ လုပ်စားလို့ရနေသေးတယ်၊ စစ်ပွဲ ကြီးတွေ ဖြစ်လာလို့  ရေမရ ရိက္ခာတွေ ပြတ် ဖြစ်လာရင် တွေးတောင်မတွေးရဲဘူး"
            အမှန်တော့ တကယ် ဖြစ်လာမယ်
မ ဖြစ်လာဘူး ဆိုတာ ရှင်လူလည်း မခန့်မှန်း
တတ်။အိုပယ်ဂိမ်း အနေနဲ့ စကားအပိုတွေ
‌ပြောခဲ့မိတာပါ။
story#observation#shinlhu