Sunday, June 5, 2022

story

   ‌ဖြေပါ
   %%%. 
                     ရှင်လူ

        အကျင့်တရားမရှိရင် ဥပဒေ ရှိရမယ် ၊ဥပဒေမရှိရင် ဥပဒေမဲ့ အ ကြမ်းဖက် ပရမ်းပတာ ကိစ္စများ ဖြစ်လာမယ်။
      လူတဦးချင်းအနေနဲ့ 
ဘာသာရေး ၊လူမှုရေး ၊နိုင်ငံရေး ကိစ္စတွေ ဟာ သိ မြင် ယုံ ကြည်ပုံအလိုက် ဒွေးရော ယှက်တင် ပူးပေါင်းနေပါလိမ့်မယ်။
        ဒါပေမယ့် လူ့ အဖွဲ့အစည်းအနေနဲ့ ကျတော့ သက်ဆိုင်ရာ ကဏ္ဍ အလိုက်
ခွဲ ခြားကျင့်သုံးရမှာ ဖြစ်ပါတယ်။ အများ လေးစားချစ်ခင်တဲ့ ပုဂ္ဂိုလ် တယောက် (ဒါမှမဟုတ်) သြဇာ အာဏာရှိသူတယောက် ဟာ အမှားကို
လုပ်မိတဲ့အခါ လူတချို့ ဟာ
ဘာသာရေးအ မြင်(ဒါမှမဟုတ်)နိုင်ငံရေး အ မြင်၊ ပုဂ္ဂိုလ်စွဲ အ မြင်တွေနဲ့  ခွင့်လွှတ်တတ် ကြပါတယ်။ ဘုရားက သည်းခံခွင့်လွှတ်ရမယ်
ံဆုံးမထား လို့ ၊ သူ့ အပစ်သူခံလိမ့်မယ် စသ ဖြင့်ပေါ့။
အမှန်တော့ အဲ့လို သဘောထားနိုင်သူဟာ အရိယာ စစ်စစ်တွေဆို မမှားပါဘူး။အရိယာဟာ မဂ်ဖိုလ် နိဗ္ဗာန်အတွက် လောက ကိစ္စတွေကို ဥပေက္ခာ ပြုမှ သူ့ ကိစ္စ
ပြီးတာပါ။ သာမာန် ပုထုဇဉ်များအတွက် ကျတော့ ခွင့်မလွှတ်သင့်တာကို ခွင့်လွှတ်မိရင် အဂတိ ဖြစ်ပါတယ်။
      အရိယာတွေချည်းသာဆို အမှုအခင်းမရှိ၊ တရားစီရင်မှုမရှိ ၊အကျဉ်းထောင်မရှိ။
       သာမာန်လူတွေအတွက် လူမှု အဖွဲ့အစည်း အားလုံး စည်းကမ်းတကျ ခွဲ ခြားတည်ဆောက်ထားတဲ့ အဆောက်အဦကို နိုင်ငံတော် အစိုးရ ခေါ်ပါတယ်။ အစိုးရမှာ နေရာအလိုက် အသုံးပြုရတဲ့ လက်တံ တွေ နဲ့ဖွဲ့ စည်းရပါတယ်။ အစိုးရ အဖွဲ့ ဝင်တွေက အရိယာတွေ ဖြစ်နေပါစေ ဥပဒေကို ကျော်လွန်လို့ မရပါ။ ဒါ‌ကြောင့် နိုင်ငံရေး လို့ ‌ပြောလိုက်တာနဲ့ 
စည်းဘောင် သတ်မှတ်ချက်တွေ အတိုင်း ဆုံးဖြတ်လုပ်ကိုင်ရပါမယ်။ဘယ်ဘုရားက ဘယ်လို ဟောခဲ့လို့ ဆိုတာ တဦးချင်း ကိစ္စ ဖြစ် ပြီး
ဘယ်အမှုအတွက် ဘယ်လိုအရေးယူရမယ် ဆိုတာ ဥပဒေ ကိစ္စ ဖြစ်ပါတယ်။
       မိမိ ငယ်စဉ်က စ ပြီး
ခု အသက် ၆၉ နှစ်တိုင်အောင် ဒီနိုင်ငံ မှာ တွေ့ နေရတဲ့ အ ကြီးဆုံး ချို့ ယွင်းချက်ကတော့ နိုင်ငံရေး ၊ဘာသာရေး ၊လူမှုရေးေ တွကို
စည်းဘောင်မသတ် ခွဲ ခြားမထားဘဲ ဗလုံးရှုပ်ထွေး ကျင့်နေ ကြတာပါပဲ။
      ဒီတခု ပြင်နိုင်ရင် ပြဿနာ တဝက်မက ‌ပြေလည်သွားမယ် ယုံ ကြည်လို့ ရေးပါတယ်။
       မိမိ အ မြင်ကို ဝေဖန်နိုင်ပါတယ်။အလေးအနက်စဉ်းစားပြီး သုံးသပ်ပေးမယ့် Comments များကို
မျှော်လင့်မိပါတယ်။
6/6/2022 
8 : 23 AM

story#observation#shinlhu

No comments:

Post a Comment