
#မြန်မာ့
သူခိုးကြီးည အစွမ်း ကမ္ဘာလွှမ်းရမည်#
📱🤐👺😌💮🙄😁🌼🍁🍂
ယနေ့ ကမ္ဘာကြီးမှာ
နိုင်ငံ တွေဟာ ဘာသာရေး
နိုင်ငံရေး စစ်ရေး စီးပွားရေး အစစ ကိစ္စတွေမှာ အချင်းချင်း ပွတ်တိုက် ကြိတ်ချေ ကူးလူး ဆက်ဆံ ခဲ့ ကြတယ်။ အရင် (World War -2)
ကာလတွေ မတိုင်ခင်က ကိုလိုနီ လက်အောက်ခံ နိုင်ငံတွေအတွက် M သုံးလုံး သီဝရီ ခေတ်စားခဲ့ပါတယ်။ နယ်ချဲ့စံနစ်က Mission,Marchant,
Military. ဆိုပြီး သာသနာနယ်ချဲ့ ၊စီးပွား နယ်ချဲ့ ၊စစ်ရေး နယ်ချဲ့ ဆိုပြီး ဆိုစမှတ်ပြုခဲ့ ကြပါတယ်။ ခုနေခါမှာတော့ အဲဒီM သုံးလုံးအစား
ဆင်တူယိုးမှား ပုံစံသစ်တခုပေါ်လာပါတယ်။ အဲဒါကတော့
နိုင်ငံတွေရဲ့ အင်အားဟာ Hard Power နဲ့ Soft Power ဆိုပြီး နှစ်ခုခွဲ ပြီးတည်ဆောက်ကြပါတယ်။ Hard Power ဆိုတဲ့ စစ်ရေးအင်အားကတော့ ဒီနေ့
စူပါ ပါဝါ (နျူကလီးယား) ပိုင်ရှင် ကြီးတွေ နဲ့ ခေတ်မီ နိုင်ငံကြီးတွေက ဦးဆောင်နေပြီး သာမာန်နိုင်ငံလေးတွေကတော့ Hard Power မှာ သူမသာ ကိုယ်အသုဘ ပါပဲ။ အဲ့ထဲမှာ အဓိက Marketing လုပ်နိုင်တဲ့ နိုင်ငံ တွေကတော့ Soft Power ကို အသေအချာ
အသုံးချလာကြပါတယ်။ ဘာသာ၊ဓလေ့ထုံးတမ်း၊ယဉ်ကျေးမှု အနုပညာ စတဲ့ Soft Power တွေ ကမ္ဘာပြန့်လေ
မူရင်းနိုင်ငံတိုးတက်လေပါပဲ။
နမူနာ အနေနဲ့ ထိုင်း ကိုရီးယား စတဲ့နိုင်ငံတွေက အစားအစာ စတိုင်တွေဟာ
ကမ္ဘာကျော် တရုပ် ဂျပန် ပြင်သစ် အိန္ဒြိယအစားအစာတွေနဲ့ ရင်ပေါင်တန်းပြီး ကမ္ဘာပြန့်လာပါတယ်။အထူးသဖြင့်
တောင်ကိုရီးယားရဲ့ SoftPower ပိုင်းမှာ ဆိုဂျု
ကမ်ချီ ကအစ ရုပ်ရှင်ဂီတကအစ ဘက်စုံ တိုးတက်လာပါတယ်။ကိုရီးယားဟာ သူ့ ပြည်တွင်းဖြစ် တွင်မက အနောက်တိုင်း က Halloween
ယဉ်ကျေးမှုတောင် ကော်ပီကုးလိုက်တာ လူတရာကျော်အသက်ရှုကြပ်သေကုန်တဲ့အထိပါပဲ။ အဲ့လို Halloween ဓလေ့ ဆန်ဆန် ရှင်လူတို့ မြန်မာ့ဓလေ့ထဲမှာ ရှိနေတာကတော့ တန်ဆေင်မုန်း လပြည့် သူခိုးကြီးညပါပဲ။မနေ့ည လပြည့်ညကဆိုရှင်လူကြီး တော်တော်နဲ့ အိပ်ယာမဝင်ပဲ ကုမ္ပဏီ ဆိုင်ရှေ့ကို အကဲခတ်နေခဲ့ပါတယ်။ည ၁၂ နာရီထိ ပံသုကူ
ကောက်အဖွဲ့တွေ ရှိနေဆဲပါပဲ။ ရောင်တော်ပြန်နဲ့ရောလွှတ် သွားမစိုးလို့ပါ။ဒါတောင်မနက်မိုးလင်းတော့ ရှင်လူ့ပါတနာ ညစောင့်ကြီးက "ဝေး...လာလာ.. ပန်းအိုးတွေ
ရွှေ့ ရအောင်"ဆိုလို့ ကြည့်လိုက်တော့ ကုမ္ပဏီ ရှေ့ ကပန်းအိုးကြီးနှစ်လုံး ကားလမ်းပေါ်ရောက်နေပါတယ်။ တော်သေးရဲ့ ဘာမှမပျောက်လို့ သူတို့ကိုပဲ ကျေးဇူးပြန်တင်ရအုံးမယ်။ ဒီလိုနဲ့ အလုပ်က အိမ်ပြန်ရောက်တော့ အရပ်ထဲကပံ့သုကူ သတင်းတခု Hot ဖြစ်နေပါတယ်။ နာမည်အတိအကျတော့ ပြောမနေတော့ပါဘူး။ ရန်တွေ့ခံရမစိုးလို့ ။ရှင်လူတို့ လမ်းက ပံသုကူ အဖွဲ့များ ညက ပါရမီလမ်းပေါ်ထွက်ပြီး ပံသုကူကောက်ကြသတဲ့။အဲ့မှာ ရှင်လူ့အိမ်နားက
အသက် ၄၀ ကျော် ဒုတိယမ္ပိ
အပျိုကြီးလည်းပါသပေါ့။ အဲ့အပျိုကြီးဟာ လမ်းပေါ်တွေ့တဲ့ နှစ်ရာတန်အသစ်ကို
ပြေးကောက်လိုက်တာ လမ်းမပေါ်အလျားလိုက် လေးဘက်ထောက်ကျသွားပြီး တပြိုက်နက် ထမီပါကွင်းလုံးကျွတ်သွားသတဲ့ ။အဲ့ချိန် ကားရှေ့မီးရောင်ထဲ ဘွားခနဲမြင်လိုက်တဲ့ တက္ကဆီဆရာက
ကားကို ဘရိတ်တအားနင်းချလိုက်ရသတဲ့။ဆလိုက်ထိုးထားသလို လင်းထိန်နေတဲ့ ကားမီးရောင်အောက်မှာ ဖွေးပြောင်နေတဲ့ အပျိုကြီးကို
ဝိုင်းကြည့်နေတဲ့ ပိတ်သတ်ကြီးဟာ ကားဆရာတော့ ဆဲတော့မယ်ထင်နေတုန်း ကားထဲက တဟားဟားအော်ရယ်နေတဲ့ ဒရိုင်ဘာနဲ့အတူ အားလုံးဝိုင်းရယ်ကြတာ ပါရမီလမ်းတလျှောက် ကြွက်ကြွက်ညံသွားဆိုပဲ။ အပျိုကြီးလည်း
နှစ်ရာတန် တရွက်အတွက်နဲ့ ညတွင်းချင်း ဆယ်လီဖြစ်သွားဆိုပဲ။ ဒါပဲလေ ခုတလော ကြားနေကျသတင်းတွေက လုယက် သတ်ဖြတ်နေတဲ့ Hard Power သတင်းတွေထက်စာရင် မြန်မာ့ Soft
Power သတင်းဖြစ်တဲ့ ပံသုကူနဲ့ သူခိုးကြီး ည ဓလေ့တွေဟာ Valentaine day တို့ Halloween တို့လို ကမ္ဘာကိုရင်ပေါင်တန်းနိုင်တဲ့ Soft Power တွေမဟုတ်လား။
(ညဂျူတီဝင်နေရလို့ အပျိုကြီးပုံမရလိုက်ပါ)
story#observation #shinlhu