Saturday, November 26, 2022

story

"ဝ ထ က လ သ..ဝ ထ က လ သ..ဝ ထ က လ သ..ဆိုရင်ရပြီ"
󠽃🍃🚶🍃🍃🍃🚶🍃စ🍃🍃
ခုတလော အိမ်နားက"သပြေ"စာအုပ်အငှါးဆိုင်လေး ကျေးဇူးကြောင့် မဖတ်ရသေးတဲ့ စာအုပ်တချို့နဲ့ မဖတ်ဖူးသေးတဲ့ စာရေးဆရာ တချို့ ဖတ်ဖြစ်ပါတယ်။တချို့ မျိုးဆက်သစ်စာရေးဆရာ တွေလည်း ဖတ်ပြီး လေးစားရတာမျိုးတွေ့ရပါတယ်။ တနေ့က အင်တွမ်ချက်ကော့ဗ် ရဲ့ The Duel ကို ဆရာနတ်နွယ် ဘာသာပြန်ထားတဲ့ "စိန်ခေါ်ပွဲ"တွေ့တာနဲ့ ယူလာပြီး ဖတ်လိုက်တာ ရွာလည်သွားတယ်။ရုရှားစာရေးဆရာထဲမှာ ချက်ကော့ဗ်ရဲ့ Satire တွေဟာ အဆင့်အတန်းမြင့်ပါတယ်။ဆရာဖေမြင့် ပြန်ခဲ့တဲ့"လူနာဆောင် အမှတ်-၆ ဆို တဘဝစာလုံး ကိုးကားရမယ့် ကမ္ဘာကျော် စာပေအနုပညာမျိုးပါ။ ချက်ကော့ဗ် ရဲ့ ဝတ္ထုတိုများဟာလည်း တချိန်က ဖတ်ခဲ့ရသမျှ တသသ ဖြစ်ခဲ့ရတဲ့ ဂန္ဓဝင်တွေပါပဲ။ အဲဒီအစွဲနဲ့ "စိန်ခေါ်ပွဲ"ကို ဖတ်မိပြီးမှ ဆုံးအောင်မဖတ်နိုင်ဘဲ ပြန်အပ်ခဲ့ရပါတယ်။ ဒီနေရာမှာ စာအုပ် ကောင်းတယ် မကောင်းဘူး မပြောနိုင်ပါ။ မျက်မှောက် တွေ့ကြုံနေရတဲ့ ကာလ ဒေသ
ပယောဂ အခြေအနေတွေအရ
အသေးစိတ်အဖွဲ့အမွှန်းတွေကို စိတ်က သည်မခံနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။
           တခါတခါ လက်တွေ့လောကနဲ့ ဘဝကို မအားမလပ်ဖတ်မှတ်နေရတဲ့အခါမျိုးမှာ စာအုပ်ဆိုတာ အလကားပါ။ ခုချိန် အိမ်ထားခဲ့ပြီး ပြေးရမယ်ဆိုရင် စာအုပ်အစား ဆန်ထုပ်ပဲ ထမ်းမိလိမ့်မယ်ထင်ပါတယ်။

story#observation#shinlhu

No comments:

Post a Comment