Monday, June 19, 2023

story

ဒီနေ့ အိမ်ခန်းကို ရှင်းဖြစ်တယ်။
နှစ်ပေါင်းများစွာ လုပ်လာတဲ့ ကိုယ်ပိုင် အိမ်တွင်းမှု လုပ်ငန်းလေးက ကိုဗစ် ပထမလှိုင်းမှာကတည်းက ရပ်ခဲ့ ပြီ။ ပန်းထိမ် ဆရာတွေကိုယ်တိုင် လုပ်ငန်းတွေရပ်ကုန်တော့ ပန်းထိမ်ကိုအမှီ
ပြု ရပ်တည်ရတဲ့ ပန်းထိမ်မီးဂေါက် ပြု ပြင်ရေး လုပ်ငန်းလည်း ရပ်ခဲ့ရပေါ့။
အလုပ်ရပ်တော့ အလုပ်အတွက် ဝယ်ယူထားရတဲ့ ကုန် ကြမ်းတွေ၊ ဘေးထွက် အမှိုက်သရိုက်တွေနဲ့ လက်နက်ကိရိယာ တွေက အိမ်ခန်းထဲမှာ စုပုံ ရှုပ်ပွနေခဲ့။ ဘဝရဲ့ အချိုးအကွေ့ရောက်နေမှတော့ လုပ်ငန်းဟောင်း ရဲ့ပုံရိပ်တွေအပေါ် သံယောဇဉ် ဖြတ်သင့်နေ ပြီ။
ညီလိုခင်တဲ့ဓမ္မ မိတ်ဆွေရဲ့ ဖေးမမှု ‌ကြောင့်
ခုလို ကိုဗစ်/ကိုညစ် ကပ်ဆိုး ကြီးအောက်မှာ
ကြံ့ ကြံ့ ခံ ရပ်တည်နေနိုင်ခဲ့ ပြီပဲ။ ဒါနဲ့ အခန်းရှင်းရင်း လက်နက်ကိရိယာတွေ ကို နီးစပ်ရာ
အသုံးတည့်မဲ့သူတွေကို ပေးတန်တာပေး၊ရောင်းတန်တာရောင်း ၊ကျန်တဲ့ အောက်‌ခြေသိမ်း
လက်နက်ကိရိယာ အကောင်းအပျက် အတိုအစ တွေကိုတော့ ဟို ခပ်ပိန်ပိန် ချိချိနဲ့
လှည်းကလေးတွန်း ပြီး တလမ်းဝင်တလမ်းထွက် ပစ္စည်းအဟောင်းတွေဝယ်တဲ့ သူ ကို ခေါ် ပြီး လှည်းတစီးတိုက်စာ အလကားပေးလိုက်တယ်။ သူ့မိသားစု ဝမ်းစာအတွက် အတန်အသင့်တော့ ဖူလုံကောင်းရဲ့။
အခန်းရှင်းလက်စနဲ့ စာအုပ်ပုံဘက်ရောက်တော့
မထင်မှတ်ပဲ ကိုယ်တိုင်မေ့နေတဲ့ စာအုပ်နှစ်အုပ်ကို ပြန်တွေ့တယ်။ကိုယ့်ကဗျာတွေ၊ ဝတ္ထ ုတိုတွေပါတဲ့ စာအုပ်အများစုဟာ လက်ထဲမှာ မရှိတတ်။တခါက "စံပါယ်ဖြူ မဂ္ဂဇင်း"မှာ ပါခဲ့တဲ့
"ပြူတင်းပေါက်ကလေးတခု"ဝတ္ထ ုတိုဆို
ပြန်ဖတ်ချင်လို့ ရှာတဲ့ခါ မဂ္ဂဇင်းထွက်တဲ့ လ‌တွေနှစ်တွေ မှတ်မထားမိတော့ စာ ကြည့်တိုက်တွေ လိုက်ရှာတောင် ဘယ်လိုရှာရမှန်း မသိနိုင်တော့။ ခုနောက်ပိုင်း ရေးဖြစ်တာလေး တွေတော့
shinlhu.blogspot.com နဲ့ Facebook ညို မြသွေး Page မှာ တင်ဖြစ်တော့ လောလောဆည် တော့ မပျောက်မပျက်
ရှိနေ ကြတယ်။ ခု ကိုယ့်ကဗျာတွေ ပြန်‌တွေ့တဲ့မန်းချောင်းလရောင် စာအုပ်တိုက်က "ခေတ်ပေါ်လား ခေတ် ပြိုင်လား မြန်မာကဗျာရဲ့ထိပ်တန်းလျှိ ု့ဝှက်ချက်"Poetry Life" စာအုပ်နဲ့
၂၀၁၁ ၊မေလ ထုတ် "မဟေသီ " ရုပ်စုံ မဂ္ဂဇင်း နှစ်အုပ်ထဲက အရင်ဆုံး မဟေသီပါ "သမုဒယ၏ဖန်ရှင်များ"ကဗျာကို ပြန်ရိုက်ပြီး
တင်လိုက်ပါတယ်။ခုလို အချိန်မျိုးမှာ မိမိကဗျာကို ‌ကြော်ငြာဝင်နေရင် ပုဂ်္ဂိ ုလ်ရေးထူထောင်သလို ဖြစ်မှာတော့စိုးမိပါတယ်။စိတ်မအား
လူမအား ဖြစ်နေသူများ စိတ်အနှောင့်အယှက်
 မ ဖြစ်စေလိုပါ။
မိမိအနေနဲ့ တော့ မိမိရဲ့ blog တွေ Page
တွေမှာ ပြန်တင်ပြီး သိမ်းခဲ့မှာပါ။
တကယ်လို့ ခင်မင်ရင်းစွဲရှိ ပြီး မိတ်ဆွေများ
ရှင်လူ ကြီး ပျောက်နေတယ်၊ ဘာတွေလုပ်နေလဲ သိချင်ရင်တော့ ဒီကဗျာဟောင်းလေးကို
ဝင်ဖတ် သွား ကြပေါ့ဗျာ။

သမုဒယ၏ ‌ဖန်ရှင်များ
🍂🍂🍂🍂🍂

အပေါစားဆံညှပ်ကလေးတချောင်းက
အမှတ်ရစရာ ဖြစ်နေလျှင်
သင်သည်..
တရားမရှိသူတယောက်
(သို့မဟုတ်)
အချစ် ကြီးသူတယောက် ဖြစ်လိမ့်မည်။

ဇီဝိတဒါန ဆေးမှတ်တမ်းက‌လေးတခုက
လွမ်းဆွတ်စရာ ဖြစ်နေလျှင်
သင်သည်..

ပညတ်အစုအပုံနဲ့
အဲဒီနေသားတကျ သင်္ခါရများ
မိန်းမအသုံးအဆောင် ပစ္စည်းများနဲ့
ယောဂီထမီ အဟောင်းကလေးကအစ
ရုပ်တရား..နာမ်တရား
ခန္ဓာငါးပါးပဲလေ
အ မြင်‌ပြောင်းလိုက်ရုံနဲ့
ဟန်ကျ ပန်ကျ ဖြစ်လာမလား။

အရှင်ဘုရား
ရွေးစရာမရှိတော့လို့
တရားကို ရွေးချယ် လိုက်ရပါတယ်။

သံသရာကို ဒီလို ဖြတ်လို့ရမယ်ဆိုရင်
ဒဏ်ရာ အနာဟူသမျှကိုလည်း
အချစ်နှင့်အတူ
တပါတည်း မြှ ုပ်နှံ လိုပါ၏။ ။

ဇေယျဝတီ -မင်းလွင်စိုး

အထူးမှတ်ချက်။ ။ဒီနေ့မှာပဲ မှော်ဘီ ကိုးလုံးကွင်းသုဿန် မှာ ဇနီးသည်ကို ‌မြေချခဲ့ရတဲ့ ညီငယ် ခင်မောင်ကြည် ရေ။မင်းလိုပဲ လွန်ခဲ့တဲ့ ၁၂နှစ်တုန်းက အကို ကြီး လည်း ကြုံခဲ့ရပါတယ်။ စာနာပါတယ်ကွာ။ ဒီနေ့ ဗာဟိရတွေ‌ကြောင့် အကို ကြီး လိုက်မပို့ နိုင်တာခွင့်လွှတ်ပါကွာ။
story#observation#shinlhu

Thursday, June 1, 2023

story

ဘာရယ်မဟုတ်စာခြောက်ရုပ်
-----------------------
ဘာရယ်မဟုတ် ခုတလောစာမရေးဘဲဒီတိုင်းထိုင်နေတာကြာပြီ။ငယ်စဉ်ကလေးဘဝတုန်းကတော့ ဘာမှမလုပ်ဘဲ စားလိုက်အိပ်လိုက် အားအားရှိထိုင်နေလိုက်ဆိုအတော်ဇိမ်ကျမယ်ထင်ခဲ့မိတယ်။ တကယ်ကျတော့ ၆၉ နှစ်ရွယ်လူကြီးတယောက်အဖို့ အားအားလျားလျားငုတ်တုပ်ကြီးထိုင်နေရတာတကယ်မလွယ်လှ။ထိုင်လေ ညောင်းလေ အတွေးပွားလေနဲ့ Stress စိတ်ဖိစီးမှုတွေကအချိန်မပြတ်နှိပ်စက်လာတယ်။ ဪ..အားနေရင်တရားလေးဘာလေးမှတ်နေပါလားဆိုတော့လည်း တရားအလုပ်ကစံနစ်တကျလေ့ကျင့်သင်ကြားမထားရင်၅မိနစ်၁၀မိနစ်တောင်လုပ်ဖို့မလွယ်။သမာဓိလေးရဖို့တောင်မပျိုးနိုင်။
ဘဝမှာစာတွေစုံအောင်ဖတ်ပြီး စာနဲ့တင်တရားဆုံးနေတဲ့စရဏမဲ့အဖြစ်တွေကကိလေသာအပူနဲ့ပက်ပင်းတွေ့တော့တမြေ့မြေ့လောင်။ဒီကြားထဲတသက်က်လုံးပါလာတဲ့
အထုံဝါသနာတွေကအာရုံထဲထပ်တလဲလဲနှောင့်ယှက်။ဆရာတော်ကြီးတွေမိန့်ကြားခဲ့တဲ့ အသေမဦးခင်ညာဏ်ဦးအောင်လုပ်ကြဆိုတဲ့စကားနားထဲဝင်လာတယ်။
အင်း..ရှင်လူကြီး ၆၉နှစ်ဆိုတော့ လူ့သက်တမ်းအရအသေကဦးနေပြီ။ဒါဖြင့်ဘာလုပ်နေသလဲဆိုတော့ တရားကို အချိန်ပိုကျင့်နေတယ်ပဲပြောရတော့မှာပဲ။
Thursday,1 June
2023