Monday, July 17, 2023

story

ကြွေပြီ
💝💝💝
မုန်းလျှင်အပြစ် ချစ်လျှင်အကျိုး မြတ်နိုးတော့ သဒ္ဓါ တဲ့။ ဂီတလုင်မောင်ကိုကို ရေးပြီး တင်တင်မြသီဆိုထားတဲ့ ``တကျော့နှစ်ကျော့ တေးကိုသီ´´ သီချင်းလေးကို ရှင်လူ စွဲလန်းမိတယ်။ သံစဉ်နဲ့စာသား ဟန်ထား
ကိုက်လို့ထင်ရဲ့ နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် ဒီသီချင်းလေးကို ရှင်လူ
စွဲလန်းနှစ်သက်နေဆဲ။ 
ခုတလော ရှင်လူကြီး ဖွေးဖွေးသိမ့်အကြောင်းတွေ သိတ်မတင်
ချင်တော့။ ကိုယ်က သူ့ကို ချစ်တော့
ဘာမဆို အချစ်စွဲလေးနဲ့ ဓာတ်ပုံရိုက်
စာတွေရေးတင်နေတာ နည်းနည်း များလွန်းနေပြီလားလို့။ဖွေးမွေးတဲ့နေ့က
စပြီး ခု ၄ နှစ်ပြည့်ခါနီးထိ ဖွေးအကြောင်း
တွေက များလှပြီ။ အင်း ခက်တာက 
ဖွေးရဲ့ လုပ်ရပ်တွေက ရှင်လူရပ်ချင်တိုင်း
ရပ်မရအောင်ဖြစ်နေတယ်။မယုံနိုင်လောက်အောင်
သိနေတတ်နေတဲ့ဖွေးကိုတွေ့ပြန်
်တော့လည်းဒီအဖိုးကြီးရှင်လူကသယ်ရင်း
တွေကို ဖောက်သည်ချချင်ပြန်ရော။ကဲဗျာ
နောက်ရေးချင်မှရေးမယ် ခုတော့ဒီနေ့ဖွေးနဲ့
ရှင်လူ့ အကြောင်းလေးရေးလိုက်အုံးမှ။
ဒီနေ့ ရှင်လူကြီး နေမကောင်းချင်ဘူးဗျ။
တုပ်ကွေးများမိချင်နေသလားမပြောတတ်ဘူး။ချောင်း
တွေဆိုးပြီး နှာရည်က တောက်တောက်ယိုနေတယ်။ ဒါနဲ့ ညနေဘက် ဖွေးကို``သမီးလေးရှင်လူနေမကောင်းချင်ဘူး၊ ဒီညနေ ရေချိုးရမလား မချိုးရဘူးလား´´ဆိုတော့ ``ချိုးနဲ့´´တဲ့။
ပြောပြောဆိုဆိုနဲ့ ရှင်လူကြီးလည်း ရေတိုင်ကီမှာ ခြေလက် မျက်နှာ ဆေးကြောတာပေါ့လေ။ ခြေလက်ဆေးရင်း
စိတ်ထဲငြီးစီစီနေတာကြောင့် အနားမှာအဝတ်လျှော်နေတဲ့ ဖွေးအမေကို
``ငါရေချိုးချင်လာပြီဟာ၊ချိုးလိုက်မယ်´´ဆိုတော့ ဖွေးအမေက ``ဟုတ်တယ်ဦးလေး ..ချိုး ´´ဆိုတာနဲ့ 
ရှင်လူလည်းလန်းသွားအောင် အားရပါးရ
လောင်းချိုးပလိုက်တယ်။အဲဒါ ရေချိုးပြီး
အဝတ်လဲထွက်လာတော့ဖွေးတို့အိမ်ရှေ့မှာ ဖွေးနဲ့တန်းတိုးပါရော။ ``ရေမချိုးနဲ့ပြော
တာ ချိုးတယ်မဟုတ်လား ၊ ငါပိတ်ကန်လိုက်ရ´´ ဗုဒ္ဓေါ၊ ကိုယ့်အပြစ်နဲ့
ကိုယ်ငြိမ်နေလိုက်တော့``ဆေးသောက်မလား´´အမ်မာ...ကြီးကြီးကျယ်ကျယ် သူက
ရှင်လူ့ကို ဆေးသောက်မလား တဲ့။ဘာဆေးများတိုက်မလဲမသိဘူး။သိချင်
လာတာနဲ့``သောက်မယ်´´ပြောလိုက်
တော့ အတွင်းခန်း သူ့ဖွားလေး အပျိုကြီး
ခုတင်ပေါ်တက်သွားတယ်။ရှင်လူလည်း
ပြီးပြီးပျောက်ပျောက် သွားကစားနေတယ်
ထင်တာခဏနေတော့ဖွေးအခန်းထဲကထွက်လာပြီးသူ့ရဲ့ပလပ်စတစ်ခုံလေးဆွဲကာနောက်ဖေးမီးဖိုချောင်
ထဲဝင်သွားတယ်။
ရှင်လူလည်း သူဘာတွေလုပ်နေမှန်းမသိလို့ ဓာတ်တွေဘာတွေလိုက်မှာစိုးတာနဲ့ မီးဖို
ချောင်ထဲလိုက်သွားခဲ့တယ်။ ``သမီးလေး
ဘာတွေလုပ်နေတာလဲ။အဲ့ ချောင်ထဲမသွားနဲ့ ဓာတ်တွေဘာတွေလိုက်
နေမယ်´´ဆိုတော့ ဖွေးက ရှင်လူ့ကိုဘာမှပြန်မပြောပဲ ပလပ်စတစ်ခုံ
ပေါ်တက်ပြီး ထရံမှာထိုးထားတဲ့ကပ်ကျေးကို ဖြုတ်နေတယ်။သူ့အရပ်နဲ့မမီလို့ ခုံလာယူတာကိုး။ ကပ်ကျေးလည်းရရော
သူ့လက်ထဲကပလပ်စတစ်အထုပ်ကို ကပ်ကျေးနဲ့ညှပ်ဖွင့်ပြီး ရှင်လူ့ကိုလှမ်း
ပေးတယ်``ရော့ ..သောက်လိုက်´´တဲ့။
အထုပ်ကစာကိုဖတ်ကြည့်လိုက်တော့
``အောင်တမန် ကွမ်းရွက်အခိုးပွင့်ဆေး´´
တဲ့။အိုးဂေါ့...လာမယ့်သီတင်းကျွတ်လပြည့်ကျော်မှ
၄နှစ်ပြည့်မယ့်ဖွေးဖွေးသိမ့်က
ရှင်လူကြီးကို ပြုစုစောင့်ရှောက်နေလိုက်ပုံ
များ....။
ကြွေပြီ.  ... story#observation#shinlhu

No comments:

Post a Comment