ကမ္ဘာပေါ်ကဝေစုများ
👣👤👣👥👣👤👣
မနက်ခင်းဖုန်းနှိုးစက်မြည်လာလို့ အိပ်ယာကလူးလဲထလိုက်တယ်။Toilet ဝင် ကိုယ်လက်သန့်စင်ပြီးဆိုင်ရှေ့ထွက်လာတော့ မထင်မှတ်ဘဲ လူတယောက်ဆိုင်တံခါးမကြီးရှေ့အိပ်နေတာတွေ့ရတယ်။"အင်း ဟိုကောင်လေးပြန်ရောက်လာတာထင်ပါရဲ့"။အရင် ခေါင်းရင်းအဆောက်အဦပျက်မှာနေသွားတဲ့ကောင်လေး၊ ခုတလောပျောက်နေတာမို့ သူပြန်ရောက်လာတယ်ပဲထင်မိတယ်။ကျိုင်းတုံဖျာတချပ်အောက်ကခင်းထားပြီး အပေါ်ကဂွမ်းစောင်ပါးတထည်ထပ်ခင်းထားတယ်။သူ့ကိုယ်အောက်ပိုင်းကိုမြွေရေခွံအိတ်ထဲထည့်ပြီးနွေးအောင်လုပ်ထားတယ်။ခေါင်းရင်းမှာချာလီထီးတချောင်းဖွင့်ပြီးကာထားတယ်။"ကောင်လေး..ကောင်လေး..."ရှင်လူကနှစ်ခါသုံးခါခေါ်လည်းသူကမလှုပ်။အင်း..နာရီကြည့်လိုက်တော့၇ နာရီဆယ့်ငါး။
ဆယ့်ငါးမိနစ်လောက်ထပ်အိပ်ခွင့်ပေးလိုက်မယ်။ဆိုင်တံခါးဖွင့်တဲ့ကလေးမတွေက ၈နာရီမှာရောက်လာရင်သူကန့်လန့်ခံ နေလို့မရ။ဒီလိုနဲ့၇နာရီခွဲတော့သူ့ကိုထပ်နှိုးတယ်။မလှုပ်။အသက်မှရှိသေးရဲ့လား၊ မသင်္ကာတာနဲ့ခေါင်းရင်းကထီးကိုဆွဲဖယ်လိုက်တော့အလင်းရောင်ကြောင့်သူနိုးလာတယ်။လူးလွန့်ရင်းသူ့မြွေရေခွံအိတ်ထဲကထွက်လိုက်မှ အသက်နှစ်ဆယ်ဝန်းကျင်မိန်းကလေးမှန်းသိလိုက်ရတယ်။ပိန်လှီပြီးမျက်ခွံတွေဖောင်းမို့နေလို့ ကျန်းမာရေးကောင်းပုံမရ။ရှင်လူက နိုင့်ထက်စီးနင်းမောင်းထုတ်တဲ့ပုံမျိုးဖြစ်မစိုးလို့ သူ့အခင်းပေါ် ငါးရာတန်တရွက်တင်ပေးလိုက်တယ်။သူမက သူ့အခင်းနဲ့စောင်တွေခေါက်ပြီးမြွေရေခွံအိတ်ထဲထည့်လိုက်တယ်။ထီးကိုပိတ်လိုက်ပြီး ထီးတဖက် အထုပ်တဖက်နဲ့တလှုပ်လှုပ်ထွက်ခွာသွားလေရဲ့။သူမကလမ်းဘေးမှာနေသားကျနေတဲ့ပုံစံမျိုးပါပဲ။ရှင်လူကြီးအတွေးထဲ Homeless People ဆိုတဲ့Vedio တွေသတိရမိတယ်။တကယ်တော့ စစ်မက်ဘေး၊ရောဂါဘယဘေး၊သဘာဝဘေးတွေဆိုက်ရောက်နေတဲ့ကမ္ဘာကြီးမှာသူမလည်း ဝေပုံကျ သူ့ဝေစုနဲ့သူပေါ့လေ။
story #observation#shinlhu
Thursday, February 6, 2025
story
Subscribe to:
Post Comments (Atom)
No comments:
Post a Comment