~~~~~~~~~~~~~~~~~
တလုံးမှမပါဘူးနော်
~~~~~~~~~
အမှန်တော့ ဒီလိုကိစ္စမျိုးတွေမှာ ရှင်လူ ဝင်ပါလေ့မ ရှိ ။ သိုသော်လည်းပေါ့လေ မထင်မှတ်ဘဲ ဖိတ်စာ
ကရောက်လာခဲ့လေတော့ ၊ ဘယ်သူမပြု မိမိမှုလို့ပဲ ဆိုရ
တော့မှာပေါ့ ။ ကိုယ့်ဘာသာ အေးဆး မနေပဲ ဖေ့ဘွတ်
ပေါ်မှာ မလှမပ ကိုယ့်မျက်နှာကြီးကို Photoshop နဲ့
လှအောင်ပြင်ပြီးတင် ၊ Post ကို ဘာရေးရမှန်းမသိတော့ အမျိုး ဘာသာ သာသနာနဲ့ ပတ်သက်တာ တခုခု
ရေး ။ ငါတို့ဂြိုလ်ပြာကြီးကိုကယ်တင်ရမယ် ( We save our blue planet )စသဖြင့်တွေခဏ ခဏ လုပ်ခဲ့လေတော့ Friend တွေကလည်းများများ
လာကာ နိုင်ငံတကာက အကူအညီတောင်းခံတဲ့ အီးမေးလ်တွေက ၅ မိနစ်ကို တစောင်လောက် ပုံမှန်
ဝင်နေခဲ့တာ သိပ်ပြီး မဆန်း ။ အဲ ဒါပေမယ့် ဒီဖိတ်စာကအသေအချာဖတ်ကြည့်လိုက်တော့ နည်းနည်းဆန်း
နေပေါ့။ သို့ / သ္ခင်ကိုယ်တော်ရှင်လူ ဆိုပဲ ၊ ကျွန်ုပ်တို့၏
Save The Shawedagone Forum သို့
မပျက်မကွက်တက်ရောက်ပါရန် တဲ့။ နေရာက
``စတုမဟာရာဇ် ဟိုတယ်´´။ ဖိတ်စာ အောက်ခြေမှာ
ရေးထားတာက Historical Member Onlyဆို
တော့ကာ ရှင်လူလည်းစိတ်ဝင်စားစွာနဲ့ သွားတက်ခဲ့ပါတယ် ။ နေအပူရှိန်က ဦးထွန်းလွင်ပြောပြထားလို့ရှင်လူတို့ခေါင်းပေါ်ရောက်နေမှန်းသိရက်နဲ့ ခုလိုထွက်လာခဲ့
တာ မှားပြီလို့တွေးနေဆဲ တက္ကစီက ဟော်တယ်ရှေ့ထိုး
ရပ်လိုက်တော့ အပူတွေချက်ချင်းပျောက်ကွယ်သွားပါ
တယ်။ ခန်းမထဲမှာ ``ပဉ္စသိင်္ခ ခရော့စ်´´အဖွဲ့က
``မြတ်ဘုရား ရွှေတိဂုံ´´ သီချင်းကိုတီးမှုတ်ဖျော်ဖြေနေပြီး
Security လုံခြုံရေးယူထားတဲ့ စတုမဟာရာဇ်နတ်မင်း
ကြီးလေးပါးနဲ့အဖွဲ့က အဝင်အထွက်တွေအားလုံးကို
CCTV နဲ့ရော လူအင်အားနဲ့ပါ အသေအချာစောင့်ကြပ်
စစ်ဆေးနေပါတယ်။ အခမ်းအနားမှူးက ရွှေတိဂုံ
ဘိုးဘိုးကြီးကိုယ်တိုင်တာဝန်ယူထားပြီး မမနှဲနဲ့ဖွဲ့က
ဧည့်သည်များကို နတ်သုဒ္ဓာ ဒန်ပေါက်ပွဲများလိုက်ချပေးနေပါတယ်။ အဲဒီအချိန်မှာပဲ မာတလိ ခပ်သွက်သွက်
ဝင်ရောက်လာပြီး ရွှေတိဂုံဘိုးဘိုးကြီးနားကပ်ကာ လေသံ
တိုးတိုးနဲ့ သိကြားမင်း ပွိုင့်မိနေလို့ နည်းနည်းနောက်ကျမယ့်သတင်းပို့လာပါတယ်။ ခန်းမထဲမှာ အသီးသီး
ကိုယ့်အစုနဲ့ကိုယ် စကားလက်ဆုံကျနေခိုက် ကားပါ
ကင်ဘက်က ပြိုင်ကားတစီးဝူးကနဲစက်သပ်သံကြား
လိုက်ရပြီး တောင်ပြုံး ညီနောင်ဒယီးဒယိုင်ဝင်လာတာကို
ရှေ့ဆုံးစားပွဲမှာထိုင်နေတဲ့ အဘ ဘိုးမင်းခေါင်က လှမ်းပြီး မျက်စောင်းထိုးလိုက်ပါတယ် ။
ဒီလိုနဲ့ မကြာခင်မှာ အခန်းအနားစတယ်ဆိုပါတော့ဗျာ ။ စစခြင်းပဲ ဆူးလေဘိုးဘိုးကြီးက `` ဆူးလေ
သဖွယ် မျက်နှာငယ် ´´စာတမ်းကိုအချက်အလက်တွေ
စုံစုံလင်လင်နဲ့ဖတ်ကြားတင်သွင်းသွားပါတယ်။အဆောက်အဦးကြီးတွေက ဘုးရားထက်မြင့်လာတာရယ်၊
လူနေထူထပ်လာတာ ကြောင့် ဘုရားဝန်းကျင် Land pollution ဖြစ်လာပြီး မကြာခင်မှာ ဆူးလေကိုအမှီပြု
နေထိုင်ကြရသော နတ်တွေရော စေတီတော်ပါ လယ်တီသိမ်လို Landmark ပျောက်မယ့် အန္တရာယ်နဲ့
ရင်ဆိုင်နေရကြာင်း ၊ ဒီလိုကိစ္စမျိုးကိုသာဓက ယူပြီး ရွှေတိဂုံစေတီတော်ကြီးအတွက် ထည့်သွင်းစဉ်းစားဖို့ပြောပြီးနိဂုံးချုပ်သွားပါတယ်။ တက်ရောက်လာသူတွေထဲက ဓမ္မစေတီမင်းနဲ့ ရှင်စောပုတို့ကတော့ ဘုရားဒါယကာများပြီပြီ မျက်နှာမကောင်းကြပါ။
စဥ့်ကူးမင်းကတော့ ဒီအတိုင်းဆို သူ့ခေါင်းလောင်းကြီး
ကို ဆက်မထားနိုင်ကြောင်း အဆိုပြုသွားပါတယ်။
ဗိုလ်တထောင်ဘိုးဘိုးကြီးနဲ့ ရွှေဘုန်းပွင့်ဘိုးဘိုးကြီးကတော့ အင်း..လောကဓံတရားပဲလေ ဆိုတဲ့ အမူအရာမျိုး
နဲ့ထိုင်နေခိုက်မှာ ၊ ပုဂံ နတ်လှောင်ကျောင်း ကိုယ်စားလှယ်နတ်တပါးက ဒါဟာ စတုမဟာရာဇ်လုံခြုံရေး
အင်အားနည်းလို့ဖြစ်ရတာဖြစ်ကြောင်း ဒါကြောင့် မိမိတို့
အကျဉ်းခံနတ်များ နတ်/ကျဉ်းများကို ပြန်လွှတ်ပေး
သင့်ကြောင်းပြောအပြီး ခန်းမအဝင်ပေါက်နားက
ရုတ်ရုတ်သည်းသည်းဖြစ်သံကြောင့် ရှင်လူလှည့်ကြည့်
လိုက်တော့ ကိုယ်တော်ကြီးကိုယ်တော်လေးတို့က
``ဒီကောင်တွေကို လက်တွေ့ ပညာပေးမှရမယ်´´ဆိုပြီး
မူးမူးနဲ့ ငှက်ကြီးတောင် တရမ်းရမ်းလုပ်နေတာကြောင့်အိမ်တွင်း
မင်းမဟာဂီရိ ကိုယ်တော်ကြီးက ဆယ်ပေါင်တူကြီးနဲ့ကိုင်
ပြီးဟန့်လိုက်မှပြန်ငြိမ်ကျသွားပါတယ်။ ကိုယ်တော် ညီနောင်တွေငြိမ်လို့
မှမကြာသေးဘူး ဦးမင်းကျော်က ``ဒီကိစ္စ မင်းညီနောင်မှန်တယ်´´မီးလောင်ရာလေပင့်ဆက်လုပ်နေတာနဲ့
ရှင်လူလည်း အခြေအနေမကောင်းမှန်းရိပ်စားမိပြီး
Toilet သွားသလိုလို ဘာလိုလိုနဲ့ Forum ခန်းမထဲမှ
လစ်ထွက်ခဲ့ပါကြောင်း ။
ရှင်လူ ( သ္ခင်ကိုယ်တော် ရှင်လူ)
ဇွန်လ ၅ ရက် ၊၂၀၁၅
နှင်းဆီဖြူဂျာနယ်
story#observation#shinlhu
Notepad location :Wai Za Yan Tar Road, Yangon, Republic of the Union of Myanmar

No comments:
Post a Comment