************************
အဲ ဒီ မကောင်းမှု အမှောင်ခန်းထဲက ထွက်ဖို့ရာ
သော့ ဖွင့်မယ့် လူ လိုတယ်
ကျန်တာ ငါတို့ကိုယ်တိုင် လုပ်နိုင်တယ်
ဒီအမှောင်ထဲမှာ ငါတို့ တဦးနဲ့တဦး
နင်းမိခဲ့ကြရင် ခွင့်လွှတ်ပ
ငါတို့ဟာ မမြင် မသိနိုင်တဲ့ အမှောင်ကြောင့်
မလိုလားအပ်တဲ့ ပဋိပက္ခတွေနဲ့
ဒင်းကြမ်း ပြည့်နေခဲ့ကြတယ်
ဒီမှာ မိတ်ဆွေတို့
အရှေ့ဆီမှာ ရောင်နီ ပြိုးပြက်
ပတ္တမြား ပန်းခက်တို့ ယှက်သန်း
လမ်းပြကြယ်ညွှန်ရာ ကြည့်လိုက်ပါ
မကြာမီမှာ
နေခြည်ပြိုးပြောက် ရွှေရည်ဖြိုးမောက်
မြေမဟီမိုးသောက် မြန်ပြေတဝှမ်း....
ရှင်လူ
poem#observation#shinlhu

No comments:
Post a Comment