Saturday, September 27, 2025

story

ကြောင်တကောင်ရဲ့ကျေး‌ဇူး
😺😸😻😼😽🙀😾👺🎃👽

           "ရှင်လူရေ သမီးချက်ထားတဲ့ ငါးခေါင်းဟင်း လာ ကြည့်ပါအုံး" ၊ ဒီမနက် ထူးထူး ခြားခြား ဖွေးဖွေးသိမ့် အမေ ငမိုးရိပ် ခေါ်နေတာနဲ့ သူ့ဟင်းအိုး တည်ထားရာမီးဖိုချောင်ထဲ ဝင် ကြည့်ရတယ်။
ပွက်ပွက်ဆူ‌နေတဲ့ ဒယ်နီထဲမှာ ငါးခေါင်းတွေက ပေါလော။ ရှင်လူက ဟင်းရည် မြည်းဖို့ဇွန်းရှာတော့
ငမိုးရိပ်က "ဆားတွေ အချိုမှုန့်တွေမထည့်ရသေးဘူး" ဆိုတာနဲ့
မ မြည်းတော့။ ရှင်လူ က ဟင်းတွေထဲမှာ ဝက်သား ပြီးရင် ငါးခေါင်းချဉ်ရည် အ ကြိုက်ဆုံး။ ဒီ ကြားထဲ တသက်လုံး အဝတ်သာ လျှော်ပြီး မီးဖိုချောင်မဝင်တတ်လို့
ဖွေးအမေ သက်စုလှိုင်ကို ငမိုးရိပ်လို့ရှင်လူကိုယ်တိုင် နာမည်ပေးထားတာ။ ခုတော့ ခဝါသည် ငမိုးရိပ်က မလုပ်စဖူး ခါတမာ အလုပ်
ဝင်လုပ်နေတော့ ရှင်လူ အံ့ သြနေပေါ့။ ငါးခေါင်းချဉ်ရည် ကြိုက်တဲ့
ရှင်လူ့အတွက် နေ့လည်စာအတွက် အိုကေ ပြီပေါ့။
           အဲဒါ နေ့ခင်း ထမင်းစားတော့ "ငါးခေါင်းတွေ အကုန်ထည့်စား ဦးလေး ၊အိမ်က ဘသူမှ မစားဘူး"တဲ့။ ဗု‌ဒ္ဓေါ‌...ငမိုးရိပ်လက်ရာပဲ အယုံ ကြည်မရှိတာလား ၊ငါးခေါင်းပဲ မ ကြိုက် ကြတာလားမသိ ၊အိမ်သားတွေမစားဘူးဆိုတော့။ ဒါပေမယ့် ရှင်လူ ကြား
လိုက်သလောက်တော့ ငမိုးရိပ်
လက်ရာကို တက္ကစီ ခဏ နားတုန်း
သူ့ယော ကျာ်းမောင်ဝင်း ဝင်စားသွားတာတွေ့ရတယ်။ သမီး
၈ နှစ်အရွယ်ရောက်မှ ရှားရှားပါးပါး စားရတဲ့ မိန်းမလက်ရာ ကို 
လက်လွတ်မခံတဲ့ သဘော။ နောက်တယောက်က ရှေ့အဆောင်
တပင်တိုင် မြနန်းက တို့ဟူးကုမ္ပဏီ မန်နေဂျင်း အပိန်မ။ အပိန်မက လည်း တကိုယ်တော်မုဆိုး
မ ပြီ ပြီ အရမ်း ချွေတာ တာ (ကပ်စေးနှဲတယ်‌)‌ပြောရင် ရန်စောင်ခံရမစိုးလို့။ သူလည်း ငါးခေါင်းတခု
ဝင်ဖဲ့သွားလေရဲ့။
           "စား စား ရှင်လူ ၊အကုန်စား သွား" ဆိုတာနဲ့
            "ဟဲ့  နှစ်ခေါင်းဆို ဝပါ ပြီ၊
ငါ အကုန် ဘယ်စားနိုင်ပါ့မလဲ"
            " ငါးခေါင်းဟင်းက ချဉ်ပြုံးပြုံး နဲ့အရည်သောက်လေးဆိုတော့စားကောင်း သား" 
               ရှင်လူက ဝမ်းပန်းတသာ ချီးမွမ်းခန်း ဖွင့်လိုက်တော့
               "မ‌နေ့ကကျန်တဲ့ချဉ်ပေါင် ‌ကြော်နဲ့ရောလိုက်တာ"
               အမ် ဒါ ‌ကြောင့် စောစောက ငမိုးရိပ်တို့အမေ "ချဉ်ပေါင်‌ကြော်တွေ ဘယ်ရောက်သွားလဲ" မေးနေသံ ကြားလိုက်တာကိုး။
              "ငါးခေါင်းက ဘယ်လိုဝယ်ရလဲ" စားကောင်းကောင်းနဲ့
ငမိုးရိပ် ကို စပ်စုလိုက်မိတယ်။
               " ‌ကြောင်အတွက်ဝယ်တာပါ ဦးလေးရယ် ၊လှည်းသည်က တထုပ် ‌ခြောက်ရာရောင်းတာ၊ နှစ်ထုပ်ပဲကျန်တော့လို့ ဖောက်သည် ဆို ပြီး တထောင်နဲ့ ပေးလိုက်တာ၊ အားလုံး ဆယ်ခေါင်း"
            အမ်.... ‌ကြောင်စာဝယ်ရင်း လျော့ဈေးနဲ့ပိုဝယ်လာတာပဲ။
            အဲ့‌ကြောင်က အမှန်တော့ သူများအိမ်က‌ကြောင်။ ငမိုးရိပ်တို့အိမ်လာ ပြီး Demonstration အလုပ်ကောင်းလို့ စားသာနေတာ။ ဖွေး
တို့အခန်းက ကြွက်ပေါတော့ 
သူကလာ ပြီး ကြွက်ဖမ်း ပြတယ်။
အိမ် ကြွက်ကလေးတွေဖမ်း ပြီး
စားတာလည်းမဟုတ်။သွားနဲ့ကိုက်လို့လဲသွားရင် လက်နဲ့ဖိထားလိုက် ၊ပြန်လွှတ်လိုက် ၊ဟိုကအမော‌ပြေ ထ‌ပြေးရင် ပြန်ဖမ်းလိုက်
လုပ် ပြနေတာ။ အဲ...သူ့နား ‌မြေ
ကြွက် ကြီးတွေ ဖြတ်သွားရင်တော့ မ မြင်သလို မျက်နှာလွှဲနေတတ်တာ။အဲဒါ ငမိုးရိပ်တို့သားအမိတွေက "သား သား နဲ့ သည်းသည်း လှုပ်နေတာ ၊ငမိုးရိပ်က သူ့လက်ထဲ ပိုက်ဆံမရှိတောင် ‌ကြောင်စာအတွက် ငါးဝယ်ဖို့ဆို ချေးငှား ဝယ်တာ ၊ဝ တ္တရားအပျက်မခံဘူး။ ဖွေးကလည်း သူ့‌ကြောင်ကို
ဂျူဂျူး လို့နာမည်ပေးထားတယ်။
           ဘာပဲ ဖြစ် ဖြစ်လေ ၊ ဒီ
‌ကြောင် ‌ကြောင့် ငါးခေါင်းချဉ်ရည်ဟင်းနဲ့ထမင်းကို ဘိုက်ကားအောင် စားထားရတာ။ကတညုတ
ကတဝေဒီ(ကိုယ့်ပေါ် ပြုဖူး သူ့ကျေးဇူး ၊အထူး သိတတ်ရမှာပေါ့)
           "သမီး ဖွေးဖွေးရေ ၊သမီး
‌ကြောင် ခေါ်လာခဲ့၊ဓပုံရိုက်ရအောင်"
            "ဘာလုပ်ဖို့တုန်း"
            "လိုင်းပေါ် တင်ရမယ်၊
ကျေးဇူးရှင်မို့လို့"
story#observation #shinlhu

No comments:

Post a Comment