Monday, September 29, 2025

story

လုင်​ငယ်​​သွေး ရှင်​လူ​လေး
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·❤
​ဒီနှစ်​သီတင်းကျွတ်​လပြည့်​ကျော်​ ၁ ရက်​ဆို
​ဖွေး​ဖွေးသိမ့်တ​ယောက်​ ၄နှစ်​ပြည့်ပြီ။ ဒါ​ကြောင့်စက်​တင်​ဘာလမကုန်​ခင်​
ကတည်းက ရှင်​လူကြီးအာ​ချောင်​ပြီး ​ဖွေးကို
ကတိ​ပေးထားတာရှိတယ်​။``ဒီလကုန်​
လခထုတ်​ပြီးတာနဲ့ သမီး​လေး​မွေး​နေ့အကြို
ညစာစားပွဲကိုအညာ​သွေးမှာလုပ်​​ပေးမယ်​´´
လို့။အဲဒါ ရက်​ညှိကြည့်​တော့ ​ဖွေးအဖွားက
၃၀ရက်​တနင်္ဂ​နွေကိုကြိုက်​တယ်​။ရှင်​လူကြီးက တနင်္ဂ​နွေ ရုံးပိတ်​ရက်​ဖြစ်​​နေလို့ လခ
မထုတ်​ဖြစ်​ရင်​ ဘယ်​လိုလုပ်​မလဲ ဆို​တော့
​ဖွေးအဖွားက စိုက်​ထား​ပေးမယ်​ ဆိုတာနဲ့
တနင်္ဂ​နွေ ၃၀ ရက်​ကိုပဲ​ရွေးခဲ့တယ်​။ ကံ​ကောင်းချင်​​တော့ ရှင်​လူ့အလုပ်​က ၂၉
ရက်​၊စ​နေ​နေ့ကတည်းကလခထုတ်​​ပေးတယ်​။ ရက်​သတ်​မှတ်​ပြီးခါမှ ဒီတနင်္ဂ​နွေမှာ
​ဖွေးတ​ယောက်​​နေမ​ကောင်းချင်​၊ ​ချောင်း​တွေဆိုးပြီးဖျားချင်​​နေလို့ မ​နေ့ညက
သူ့အ​ဖေ​မောင်​ဝင်း​တောင်​အိပ်​​ရေးပျက်​ရ
ဆိုပဲ။ ​ဖွေးကအိပ်​မက်​မက်​ပြီး က​ယောင်​ကတမ်း​တွေ ​အော်​တယ်​တဲ့။
​အော်​ပုံက..ဘာတဲ့..``ဆိုင်းမိုင်​´´တဲ့၊ ဖြစ်​ပုံက။အဲဒါရှင်​လူလည်း​ဖွေးကိုတ​နေ့လုံး
အကဲခတ်​​နေတာ။​ချောင်းဆိုးတာကလွဲလို့
လူကလန်း​နေတယ်​။ပြီး​တော့ ရှင့်လူ့ကတိကိုလည်း သူမ​မေ့ဘူး။
လူတကာကို ``ည​နေကျ အညာ​သွေး မှာသွားစားမယ်​´´ချည်းကြွား​နေတယ်​။
ဒါနဲ့ သူ​ချောင်းဆိုးသက်​သာ​အောင်​ မင်းမင်းကို ပိုက်​ဆံ​ပေးပြီး သက်​လွင်​​ဆေးဆိုင်​က ဘိုင်​အိုဂျက်​ဆစ်​အရည်​တပုလင်း နှစ်​​ထောင့်ငါးရာနဲ့ ဝယ်​ခိုင်းပြီးတိုက်​ထားရတယ်​။ ​ဖွေးတို့အိမ်​က
လူစုံချင်​​တော့ ​ရွှေပြည်​သာက သူ့အမ
ပန်းအိဖြူနဲ့အကိုလည်း​ရောက်​​နေတယ်​။
ည​နေ​စောင်း​တော့ ရှင်​လူဖိတ်​ထားတဲ့
​မြောက်​ဥက္ကလာက ​ဖွေးရဲ့ ဦးငယ်​နဲ့ဇနီးလည်း​ရောက်​လာတယ်​။
အဲဒါ ​ဖွေးတီတီ​လေး မခိုင်​လည်းအလုပ်​ကပြန်​​ရောက်​​ရော ​ဖွေးဦးငယ်​ကားနဲ့ပဲ အညာ​သွေးကိုချီတက်​ခဲ့ကြတယ်​။
အားလုံး ​ဖွေးအဖွားရယ်​၊​ဖွေးတို့သားအမိသားအဖ
သုံး​ယောက်​ရယ်​၊​ဖွေးတီတီ​လေးရယ်​၊
​ဖွေးဦးငယ်​တို့လင်​မယားရယ်​၊ ​ဖွေးအမ ပန်းအိဖြူတို့​မောင်​နှမရယ်​ ဆို​တော့ ရှင်​လူပါ အားလုံး​ပေါင်း ၁၀​ ယောက်​။
ဆိုင်​ထဲမှာစားပွဲနှစ်​လုံးဆက်​လိုက်​ရတာ​ပေါ့ဗျာ။ ရှင်​လူကြီးလည်း ​ဖွေးအတွက်​လုပ်​တဲ့ပွဲမို့ အားလုံးကိုကြိုက်​တာမှာခိုင်းလိုက်​တယ်​။
​ဖွေးက သိတ်​​တော့မစားနိုင်​ပါဘူး။သူမကြိုက်​တာဆို ပြန်​​ထွေးထုတ်​​သေးတာ။ ​ဖွေး​ပျော်​​နေတာ​တော့ အရမ်းပဲ။ ရှင်​လူလည်း​ပျော်​တာ​ပေါ့ဗျာ။ အဲ..ရှင်​လူကြီးပို​ပျော်​ရတဲ့အ​ကြောင်းက
​တော့ အားလုံးစားပြီး ​ဘေလ်​ရှင်းတဲ့အချိန်​ ကျသင့်​ငွေက ၅၀၀ ကျပ်​ ၂၀၀ကျပ်​ ၁၀၀ကျပ်​ပြည်​တွင်းအခွန်​တံဆိပ်​​ခေါင်းသုံးခု ထပ်​ကပ်​​ငွေ ၈၀၀ ကျပ်​အပါအဝင်​
စုစု​ပေါင်းကျသင့်​ငွေ ၁၇၃၀၀ ကျပ်​ဆို​တော့။ ရှင်​လူကြီး အသက်​ ၆၄ နှစ်​ပြည့်တဲ့ မနှစ်​က စပြီး ဒီ၂၀၁၈ သြဂုတ်​
မှာ ည​စောင့်လုပ်​သက်​တနှစ်​ပြည့်ခဲ့ပြီးပြီ။
သူများ​တွေ ပင်​စင်​နာဖြစ်​ချိန်​မှာ ရှင်​လူက
​နေ့တဆိုင်းညတဆိုင်းလုပ်​သား​မောင်​ (ဝမ်းနှုတ်​​ဆေးနဲ့ မမှား​စေလိုပါ)၂၄နာရီဂျူတီ​မောင်​အလုပ်​သမားကြီး​ပေါ့ဗျာ။
ခု တည​နေတည်းတင်​ အခွန်​ ၈၀၀ ကျပ်​ကို
နိုင်​ငံ​တော်​အတွက်​ထမ်း​ဆောင်​ခဲ့တဲ့ အခွန်​ထမ်းပြည်​သူ။ ဒါ​တောင်​ မ​နေ့ကရယ်​
တ​နေ့ကရယ်​ ဟိုတ​လောတုန်းက​တွေရယ်​ ဘီယာ​သောက်​ခဲ့တာ​တွေ မပါ​သေးဘူး။
လွန်​ခဲ့တဲ့ ဆယ်​နှစ်​နီးပါးက ကွယ်​လွန်​ခဲ့တဲ့
ဇနီးသည်​ မမကိုသိရလိုက်​တာ..
``မမ​ရေ ..မမက​တော့ အခွန်​လွတ်​​ဈေး
​ရောက်​သွားပြီ၊​ဟောဒီက​မောင်​အလုပ်​သမားကြီးက
​တော့ အခွန်​​တွေ​ဆောင်​ဖို့ ဆက်​ကြိုးစားလိုက်​အုံးမယ်​ မမ​ရေ။ဒီအလုပ်​နှစ်​ခုအပြင်​ နှင်းခါးမိုးကမ်းလှမ်းထားတဲ့ website အတွက်​ စာမူ​တွေ​ရေး​ပေးရအုံးမယ်​။
``စာမူခရမှာပါ အကိုရ တဲ့´´
အင်း..​နောက်​ထပ်​ အလုပ်​​လေး​တွေလည်း
ရှာထားအုံးမှ၊ ​လေဘာလည်းသက်​တမ်းသွားတိုးရအုံးမယ်​။
၈၅နှစ်​ပြည့်မှနိုင်​ငံ​တော်​က​ထောက်​ပံ့​ကြေး​ပေးမှာ
ဆိိုု​တော့ ရှင်​လူ၆၅ ဆိုတာ လုင်​​ငယ်​​သွေး အားမာန်​​မွေးရမ​လေ¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
​ရှေ့သို့သာသွား ​သောကြာကြယ်​အလား
ဘဝဆိုတာများ ​နောက်​မပြန်​နဲ့​လေ....
story#observation #shinlhu

No comments:

Post a Comment