Saturday, October 4, 2025

story

စိတ်မေးစိတ်‌ဖြေ စာမေးပွဲ(၃)
💮🍂🍁🌼🌻🌸🌷🌵
           ဒီမနက် ဖွေးဖွေးသိမ့်တို့
တမိသားစုလုံး လှည်းကူး "မိချောင်းအိုင်"တောရကိုသွား ကြတယ်။
           မနေ့ညနေကထဲက ဖွေးအဖေ မောင်ဝင်း ရှင်လူ့ကိုမေးတယ်"ရှင်လူ လိုက်အုံးမလား"တဲ့။
ရှင်လူက ချက်ချင်းပဲ "မလိုက်တော့ဘူး"လို့ ပြန်‌ဖြေလိုက်တယ်။
          အရင်တခေါက် သူတို့ "မိချောင်းအိုင်တောရ"ကို ဇူလိုင် ၁၈
ရက်နေ့ကသွားတော့ ရှင်လူပါ
ကန့်လန့် ကန့်လန့် ပါသွားခဲ့တယ်။
အဲ့တုန်းက ရှင်လူ့ကိုတွေ့တွေ့ချင်း ဆရာတော်က အသက်မေးပြီး
"အသေမဦးခင်ဉာဏ်ဦးအောင်
လုပ်တော့ "လို့‌ပြောတော့ "တပည့်တော် ဝိပါက်တွေ မကုန်သေးဘူးဘုရာ့ "လို့ပြန်‌ဖြေခဲ့တယ်။အမှန်တော့ ခုမှတွေ့ဖူးတဲ့ ဒကာတယောက်ကို အလိုအပ်ဆုံး စကားမိန့် ကြားလိုက်တာပါပဲ။ ဒါပေမယ့် ရှင်လူ ကြီးက တရားဓမ္မအ‌ကြောင်းအတန်သင့် လေ့လာဖူးတော့ ကိုယ့်အ‌ကြောင်း ကိုယ် သိနေတယ်။
ရှင်လူဟာ လက်ရှိဘဝ လက်ရှိအချိန်မှာ ကျန်းမာရေးမကောင်း တာရော အသက်အရွယ်အရပါ
ဘာမှမလုပ်နိုင်တောင် ကျောင်းအလာ လယ်ကွင်းထဲ တွေ့ခဲ့ရတဲ့
စာ‌ခြောက်ရုပ် ကို အားကျနေပါသေးတယ်။ 
           လောကီနဲ့လောကုတ်ဆိုတာ လှေနံ နှစ်ဖက်နင်းလို့မရဘူးထင်ပါတယ်။ စာ‌ခြောက်ရုပ်က
တမဂ်တဖိုရဖို့တွေးရင် စိတ်ကူးယဉ်ပဲ ဖြစ်မှာပေါ့။ အဲ့နေ့က ဆရာတော့် ကျောင်းနေ သီလရှင် ဆရာ ကြီးကလည်း "ဒကာ ကြီး ၃ လစဉ်းစား ၊၃ လနေရင် အ‌ဖြေပေး ၊၃ လမဟုတ် ခုချက်ချင်းဆုံးဖြတ်နိုင်လည်း ဆုံးဖြတ်"ဆို ပြီး ရှင်လူ့ကို
တရားအားထုတ်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ လွန်ခဲ့တဲ့ ဇူလိုင်လကဆိုတော့ ခု အောက်တိုဘာမှာ ၃ လ အချိန် စေ့ ပြီ။ ဒီ စာ‌ခြောက်ရုပ်ကြီးရှင်လူ ကတော့ ဥပက တက္ကဒွန်း
ကြီးလို ဖြစ်နေ ပြီ။
(နောက်ဆက်တွဲသတင်းအရ
ဒိနေ့ မိကျောင်းအိုင် တောရ မှာ
ဘုရားထီးတင်ပွဲ လို့သိရပါတယ်)
story#observation #shinlhu

No comments:

Post a Comment