အာငူးကြော်ကို လွတ်လပ်ရေးပေးလိုက်ပြီ🎃👍☃️🎶🌞👻🥳
ဒီနေ့လည်ခင်း ဖွေးဖွေးသိမ့်တယောက် အာလူးကြော်မလို့တဲ့၊ အာလူးတွေပြုတ်ထားပြီး ကွန်ပျူတာရှေ့ YouTube ထိုင်ကြည့်နေတယ်။အချိန် အတန်ကြာတော့ သူ့အမေငမိုးရိပ်က
"ဟဲ့...ဖွေးဖွေး နင့်အာလူးတွေ ရနေပြီ ၊ပြုတ်ထားတာကြာလှပြီ" ဆိုတော့ ဖွေးက "ရတယ် နေပစေ၊ချေပြီးကြော်မှာ"ဆိုပြီး ကွန်ပျူတာပဲဆက်သုံးနေတယ်။ရှင်လူကြီးလည်းဘိုက်ထဲဆာသလိုလိုမို့ သူ့အာလူးကြော်ကိုနားစွင့်နေမိတယ်။ခဏနေတော့ ဖွေးကွန်ပျူတာပိတ်ပြီးထသွားတာတွေ့လိုက်တယ်။ငါးမိနစ်လောက်အကြာရှင်လူမီးဖိုချောင်ဘက် လိုက်ဝင်သွားတော့ ဖွေးက အာလူးပြုတ်တွေနယ်ဖတ်ပြီး အလုံးကလေးတွေလုံးနေတယ်။
"အဲ...ငါ့သမီးလေး အာလူးကြော်နေတာ ဓပုံရိုက်ချင်တယ်"
"ဟင့်အင်း...ရိုက်နဲ့"
"ဘာဖြစ်လို့လဲ၊ရိုက်ပြီး မောင်ဝင်းဆီပို့ပြီး သူ့သမီးလုပ်တတ်တာသိအောင်ပြရမယ်"
"ရိုက်နဲ့ ဘာဘာသိပြီးသား"
"ရှင်လူကတိပေးပါတယ်၊လိုင်းပေါ်မတင်ပါဘူး၊ရှင်လူမလိမ်တတ်တာသမီးသိရက်သားနဲ့"
"ဟင့်အင်း ယုံဘူး ၊ရိုက်နဲ့"
ဒီလိုနဲ့ပဲ ရှင်လူကြီး အိမ်ရှေ့ခန်းပြန်ထွက်လာခဲ့တယ်။သူ
၁၂ နှစ်သမီးအရွယ်ရောက်နေပြီ။သူမကြိုက်တာ ၊ဆန္ဒမပါတာကို ရှင်လူ ဇွတ်အတင်းလုပ်လို့မဖြစ်တော့ဘူး။ဒီလိုနဲ့အာလူးကြော်တွေကျက်တော့ ဖွေးပန်းကန်နဲ့ထည့်လာပြီးကွန်ပျူတာရှေ့ပြန်ထိုင်တယ်။ပြီးတော့ အာလူးကြော်တလုံးရှင်လူ့ကိုလာကျွေးတယ်။ရှင်လူကိုက်ဝါးလိုက်တော့ အရသာရှိလိုက်တာ။ဒါနဲ့ "ထပ်ပေးအုံးလေ ရှင်လူဘိုက်ဆာနေတာ"ဆိုတော့ သုံးလေးလုံးထပ်ပေးတယ်။ရှင်လူလည်း သူ့လက်ထဲက ဆော့ ပုလင်းယူပြီးဆော့နဲ့တို့စားပေါ့။ကောင်းလိုက်တာ။လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်းအန်တီမတင့်ဆိုင်နဲ့ မီနီစတိုးတွေရောက်ရင်ဖွေးအကြိုက်ဆုံးက အာငူးကြော်နဲ့ ရေခဲမုန့်ပဲ။အများအားဖြင့် Amigo Potato Chip ဘူးလေးတွေသူကြိုက်တတ်တယ်။တဖြည်းဖြည်းဈေးတက်လာတာတောင် ဖွေးအတွက်ဆို ရှင်လူမနှမျော။ခုတော့ ဖွေးတယောက် ကိုယ့်အာငူးကြော် ကိုယ်တိုင်ကြော်စားတတ်နေပြီ။ရှင်လူဖုန်းထိုင်ပွတ်နေတုန်းအနားကိုဖွေးရောက်လာလို့မော့ကြည့်လိုက်တော့ အာငူးကြော်တလုံးချဉ်ရည်နဲ့တို့ပြီးရှင်လူ့ပါးစပ်ထဲခွန့်ကျွေးသွားလေရဲ့။
နှစ်သစ်နဲ့အတူ လွတ်လပ်ပျော်ရွှင်ပါစေသမီးလေး ဖွေးဖွေးသိမ့်(ခေါ်) ချောစုရတီစံရေ🤩🥳🌞🥰🎈
No comments:
Post a Comment