ဓပုံလေးတွေ ပြောတဲ့စကား🎶🥸😎🤠🥰
ဒီနေ့ ပြီးခဲ့တဲ့ February လ မော်တင်စွန်းသွားတုန်းကရိုက်ခဲ့တဲ့ ဓပုံလေးတွေပြန်ကြည့်ရင်း ဓပုံလေးတချို့ကရှင်လူ့ကိုစကားပြောနေခဲ့ပါတယ်။ ဒီဓပုံတွေရိုက်တုန်းကတော့ သူတို့နဲ့မလှမ်းမကမ်းမှာမို့ သူတို့ဘာတွေပြောနေခဲ့ကြတယ်ဆိုတာ မကြားနိုင်ပါ။ခုမှ ပုံတွေကြည့်ရင်း စကားသံတွေအလိုလိုကြားလာမိပါတယ်။ပုံတွေတင်မယ်ကြံတိုင်း "တရားစွဲခံရမယ်နော်"ဆိုတဲ့ငမိုးရိပ်အသံကိုကြားယောင်မိပြီး ခပ်လန့်လန့်ရယ်။ဒါပေမယ့် ဓပုံအနုပညာဆိုတာသစ္စာရှိရပါတယ်။လောကရဲ့အလှတရားတွေကို အမှန်တိုင်း မှတ်တမ်းတင်ရတာ အနုပညာသစ္စာပါပဲ။
အမှန်တော့ မော်တင်စွန်းခရီးဟာ မောင်ဝင်း ပြည်ပထွက် အလုပ်လုပ်ပြီးပြန်ရောက်စ မိသားစုအပန်းဖြေခရီးလို့ဆိုနိုင်ပါတယ်။မောင်ဝင်းဆိုတဲ့ငနဲလေးဟာ သူ့မိန်းမနဲ့ သမီးကိုသိတ်ချစ်ပါတယ်။ပြည်ပရောက်နေတုန်းကလည်း အချိန်အားရတာနဲ့တပြိုင်နက် နေ့တိုင်း ဇနီးနဲ့သမီးကို Messenger ကအလွမ်းသည်လေ့ရှိပါတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ် သီတင်းကျွတ်လပြည့်နေ့ ဖွေးဖွေးသိမ့်ကိုမွေးဖို့ ငမိုးရိပ်ဘိုက်နာတော့ ကာတိုလိပ်ဆေးရုံပို့ပါတယ်။အဲဒါ တနေ့လုံးတညလုံးမမွေးနိုင်တော့ သက်ဆိုင်ရာဆရာဝန်တွေက ခွဲမွေးဖို့ဆုံးဖြတ်လိုက်ပြီး လူနာရှင်မောင်ဝင်းသဘောတူကြောင်းလက်မှတ်ထိုးခိုင်းပါတယ်။အဲဒီမောင်ဝင်းဆိုတဲ့ကောင် မိန်းမခွဲမွေးဖို့ လက်မှတ်ထိုးရင်းမျက်ရည်ကျပါတယ်။အရမ်း ရိုတဲ့ကောင်ပါ။ခုတော့ သူ့သမီးဖွေးဖွေးသိမ့်တောင်၁၂ နှစ်သမီးဖြစ်နေပါပြီ။ခု တင်ထားတဲ့ဓပုံလေးတွေရိုက်တုန်းက လှမ်းနေလို့ရှင်လူဘာသံမှမကြားပါ။ခု အသေချာပြန်ကြည့်မှ ဓပုံတွေက စကားပြောလာပါတယ်။ငမိုးရိပ် တခုခုစိတ်ကောက်နေပုံရပြီး မောင်ဝင်းက သူ့မိန်းမကို အကြေအလည် ချော့မော့နေတဲ့ပုံပါ။
နောင်တနေ့မှာ လင်မယားချင်းကတောက်ကဆ ဖြစ်တဲ့အခါ ဒီ ဓပုံလေးတွေပြန်ကြည့်ပြီး နာစရာရှိရင် လွမ်းစရာလေးတွေနဲ့ ဖြေနိုင်အောင်လို့......
story#osvertation#shinlhu
No comments:
Post a Comment