Wednesday, October 15, 2014

ရက်စွဲများ

ညိုမြသွေး

ဒီနေရာမှာ ငါတို့သွေးစစ်ခဲ့ကြ
ဗာဒံရွက်ကျင်တို့ လေဝဲကြွေဆင်းရာ
ငယ်ရွယ်ပျိုမြစ်ခြင်းတွေ မျှဝေသုံးစွဲခဲ့ကြပြီး
နာမည်သစ်တွေ တခုပြီးတခု ပြောင်းခဲ့တဲ့
ဟောဒီ ခွေးခြေပု လက္ဘက်ရည်ဆိုင်ကလေး
တယောက်ရီရင် အားလုံးလိုက်ရီကြ
တယောက်ငိုရင် အားလုံးလိုက်ငိုကြ
ငါ့ဘေးကခုံလွတ်ကလေး ခုတိုင်ပူနွေးနေသေး
လူကအထီးကျန်တာတောင် စိတ်က
အထီးမကျန်နိုင်သေး
အဲဒီအတိတ်တွေ ဆေးတခွက်လို ငါ
အကြိမ်ကြိမ် သောက်ခဲ့ရ
ရက်တွေ ကုန်လွန်ခဲ့တာတောင်
ရက်စွဲတွေက မကုန်လွန်နိုင်သေး
ဟေး သူငယ်ချင်းတို့ရေ
အားလုံး ငါ့လိုပဲလား

ညိုမြသွေး

#poem#observation

No comments:

Post a Comment