သို့မဟုတ်
အဋ္ဌကလာပ် စကြဝဠာ********
ညိုမြသွေး
က။.
သူကဝတ္ထုရေးသူ တယောက်ဖြစ်ခဲ့သည် ။
သူဘယ်အချိန်ကစပြီး ဝတ္ထုရေးခဲ့သလဲဆိုတာတောင်
ခုချိန်မှာ ဝေရီမှိန်ဝါးလို့နေခဲ့ပြီ ။ သူ့မှာရှေး အတိတ်
ကာလတွေကိုမှတ်မိနိုင်သော ဇာတိဿရခေါ် ဥာဏ်မျိုး
ရှိရင်သိတ်ကောင်းမှာပဲဟု ခါတရံသူတွေးကြည့်နေမိ
တတ်သည်။ ဒါပေမယ့်ဖြစ်မှမဖြစ်နိုင်တာပဲ။ ဒီအတွေးမျိုး
ကသူ့ရဲ့တည်ရှိမှုကိုသက်သက်မဲ့ဖျက်ဆီးပစ်နေသော
အရာသာဖြစ်ကြောင်းသူသိလိုက်ချိန်မှာတော့သူ၏
ခန္ဓာကြီးသည်ဝီစကီခွက်ထဲအကြာကြီးစိမ်ထားခဲ့တဲ့ရေခဲတုံးလေးတခုအဖြစ် ပါးလှပ်သေးငယ်နေခဲ့လေပြီ။
အဲဒီရေခဲတုံးပါးလှပ်လှပ်လေးက ခုလိုတွေး
ပြန်သည် ။ သူသာအနာဂတ်ကာလကိုကြို တင်သိမြင်
နိုင်သောအနာဂတံသခေါ်ဥာဏ်တမျိုးရရင်သိတ်
ကောင်းမယ်ပေါ့ ။ သူကသူ့ကိုယ်သူတွေးနေရင်း ဝီစကီ
ထဲမှာပျော်ဝင်သွားနေသည်ကိုပင်လုံးဝသတိမထားမိ
လိုက်။အားလုံးကို သူသတိထားမိလိုက်ချိန်မှာတော့သူ
သည်ဖန်ခွက်အပြင်ဖက်တွင်ချွေးအေးတို့သီးခိုနေသော အေးမြမြဝီစကီတခွက်အဖြစ်သို့လုံးလုံးလျားလျားရောက်
ရှိနေခဲ့ပြီဖြစ်သည်။
ခ။
အမှန်တော့လူများသည် လေဖြတ်ရောဂါဖြစ်
ပြီးဆွံ့ အ သွားသူမျိုးကိုသာတွေ့ခဲ့ဖူးကြပေမည်။
ဝတ္ထုရေးသူတယောက်၏စိတ်များလေဖြတ်ပြီး သူ၏
အက္ခရာစာလုံးများဆွံအသွားနိုင်သည်ကိုတွေ့ဖူး ကြားဖူး
သူရှိလိမ့်မည်မထင်။ ဟုတ်သည် ဝတ္ထုရေးသူ၏စကား
လုံးအက္ခရာများတကယ်ပင်ဆွံ့အသွားခဲ့သည်။သူလို
ဝတ္ထုရေးသူတယောက်ဒီကမ္ဘာပေါ်မှာရှိခဲ့ဖူးကြောင်း
မည်သူမှမှတ်မိနိုင်ကြမှာမဟုတ်။ဝတ္ထုဆိုတာမျိုးကလည်း
ကုန်ပစ္စည်းတမျိုးဖြစ်လေတော့ လူများများသိအောင်
လုပ်နိုင်မှလူသိများမည်။လူသိများမှလူသုံးများမည် ။လူသုံးများမှ ဈေးကွက်ထဲဝင်မည်။အဲဒီအဆင့်ရောက်
လျှင်တော့သူ့ကိုလူတွေကဝတ္ထုရေးသူလို့မခေါ်ဝေါ်ကြတော့ စာရေးဆရာဟုဆရာတပ်ခေါ်လာကြသည်။
အတော်နားအရသာရှိ မည်ထင်သည်။ဘာပဲဖြစ်ဖြစ်လေ။
လောကမှာဆရာဆိုတဲ့ဂုဏ်ပုဒ်ကအတော်အရေးပါသည်
မဟုတ်လား။
ခုဆို လူတွေက ကုန်ပစ္စည်းအမျိုးမျိုးအ
ထွေထွေကိုတီထွင်ရောင်းချလာနိုင်ပြီဖြစ်သည်။ အားလုံး
ကိုရေတွက်ပြနိုင်ဖို့ပင်မဖြစ်နိုင်တော့။ ထိုပစ္စည်းအားလုံး
၏ပစ်မှတ်က Customerခေါ်ဝယ်သူဖြစ်သည်။သူတို့
ပစ္စည်းများကိုလူအများ သိအောင်ဝယ်ယူသုံးစွဲအောင်
ဗျူဟာအမျိုးမျိုးချမှတ်ကာလုပ်ဆောင်လာကြသည်။
ဒီအခါမှာ Advertising ခေါ်ကြော်ငြာခြင်းက အရေးကြီးဆုံးအပိုင်းဖြစ်လာသည်။ ခုဝီစကီဘဝသို့
ရောက်နေသောသူကိုယ်တိုင်ပင် တခါတုန်းက
ဘာဘွန်းဝီစကီတပုလင်းလက်ဆောင်ရခဲ့ဖူးသည်။
ထိုဘာဘွန်းဝီစကီပုလင်းပေါ်တွင်ထိုဝီစကီတံဆိပ်ကို
စတင်ထုတ်လုပ်သူနှင့်ထုတ်လုပ်သည့် သက္ကရာဇ်ကို
ရေးထိုးထားပြီး သူ့နောက် မြေးမြစ် တီတွတ် ကျွတ်စ
သည်ဖြင့်မျိုးဆက်ခြောက်ဆက်လောက်ကို ရုပ်ပုံများ၊
သက္ကရာဇ်များနှင့်တကွရေးထိုးကြော်ငြာထားသည်။
ဒါက သူတို့မျိုးရိုးဇာတိဟာ အရက်ချက်ရောင်းစားလာ
သည်မှာအဘယ်မျှကျွမ်းကျင်ပြီး အစဉ်အလာကြီးမား
ကြောင်း Customer များကိုဆွဲဆောင်ခြင်း ဖြစ်
သည်။ သူ့အနေဖြင့်သာဓကအဖြစ် ပုလင်းခွံကိုသိမ်း
ထားခဲ့လျှင်လက်တွေ့ပြနိုင်မည်ဖြစ်သည်။သို့သော်
အရာရာကို အကိုးအကားပြုရခြင်းအပေါ်သူသိတ်ပြီး
အယုံအကြည်မရှိ။ ထို့ကြောင့် ဝီစကီကိုယ်တိုင် တချိန်က ဘာဘွန်းလား ဘော်ဘွန်လားသေချာမသိရ
သောဝီစကီကိုသောက်ခဲ့ပြီးပုလင်းခွံကိုလွှင့်ပြစ်ခဲ့
လေသည်။အမှန်တော့ဝေါ ဟာရဖလှယ်တာတို့ အသံ
ဖလှယ်တာတို့ကိုဘာသာဗေဒပညာရှင်တို့ သဒ္ဒါဗေဒ
ပညာရှင်တို့ငြင်းခုံရမည့်ကိစ္စထင်သည်။ ဂိုထေး ၊
ဂွက်ထည်၊ဂိုသီ ၊ဂေါသစ် ကြိုက်သလိုသာခေါ် ၊ ခေါ်လို့
ရသည်။အခြေခံကအတူတူပဲဖြစ်သည်။ ဝတ္ထုရေးသူ
ကိုယ်တိုင်အစောပိုင်းကရေခဲတုံးဖြစ်ခဲ့ပြီး ၊ ခုဝီစကီ
ဖြစ်သွားပြီ။ထိုသို့အခိုင်အမာအတည်မပြုနိုင်ခြင်း
ကြောင့်ပင် ဆင်တူယိုးမှား အတု အပများ ပေါ်ပေါက်
နေကြခြင်းဖြစ်သည်။ အရက်တု၊ ဆေးဝါးတု၊ စားသုံး
ကုန်တု၊ ဘာမဆိုအတုရှိသည်။ နောက်ဆုံး လူတု
Clone တဲ့......
ဂ။
- ကောင်းလိုက်တဲ့ဝီစကီကွာ ၊ ဝီစကီကောင်းဆို
တာသောက်ပြီးရင်မူးဝေမလာပဲ မျက်စိတွေအမြင်ကြည်
လာပြီးလူကို တအားလန်းသွားတာပဲ - ။ ဝီစကီအတွေး
ကောင်းနေစဉ်မှာပင် Customer ရဲ့စကားသံကြောင့်
သူ့အတွေးများလန့်နိုးသွားခဲ့ရသည်။ဘေးဘီကိုကြည့်
လိုက်တော့မြင်ကွင်းအားလုံးကပြောင်းလဲနေပြီဖြစ်သည်။
သူနှင့်အတူပုံသဏ္ဍာန်အမျိုးမျိုးရှိသောအရာဝတ္ထုများ
ကအရောရောအနှောနှောဖြင့်ပြွန်ချောင်းကြီးအောက်
ဖက်ဆီသို့တဖြည်းဖြည်းလျှောကျနေခြင်းပင်။အခြေနေ
မှန်ကိုသူသိလိုက်ပါပြီ သူလည်းဝတ္ထုရေးသူဘဝတုန်းက
ရေးဖော်များနှင့်အတူအရက်ဘားများမှာထိုင်ဖူးခဲ့သည်
ပဲ။သူ့ကိုCustomer ကသောက်မြိုခဲ့ပြီ။
Customer ရဲ့အစာအိမ်ခန်းမထဲမှာတော့
သူနှင့်အတူရောက်ရှိလာသူများ လူစုံတက်စုံဖြစ်နေကြ
လေပြီ။အရောရော တွေထဲမှာအားလုံးကိုသူရေတွက်
ကြည့်နေမိသည် ။ မှိုကန်စွန်း ၊ ငါးမုန့်ကြော်၊ ဝက်ကလီ
စာ-----။မွန်းကြပ်ပိတ်လှောင်မှိုင်းမှောင်နေမှုကြောင့်
သူ့အတွေးများချော်နေပြီဖြစ်ကြောင်းသူ့ကိုယ်သူစတင်
သတိပြုမိသွားသည်။ ဒီလိုရေတွက်နေလို့ဘယ်ဖြစ်နိုင်
ပါ့မလဲ။အရာရာဟာလုံးထွေးရောယှက်နေပြီပဲ။သမူဟ
တွေကိုလိုက်မခွဲနေတော့ပဲ မူလအမည်အတိုင်းရေတွက်
ကြည့်ရတော့မှာပေါ့။
ပထဝီ ၁
တေဇော ၁
အာပေါ ၁
ဝါယော ၁
ဝဏ္ဍ ၁
ဂန္ဓ ၁
ရသ ၁
သြဇာ ၁
-------
စုစုပေါင်း ၈ ရှိလေသည်။
အားလုံးရဲ့မျက်နှာများကို သူကောင်းစွာမှတ်မိသွား
သည်။ထိုအခိုက်မှာပဲ Customer ထံမှချွဲခတ်သံတသံ
ထွက်ပေါ်လာသည် ။ ပြီး ထွီဆိုသောအသံနှင့်အတူ
သူနှင့်သူ့အပေါင်းပါအချို့၏ခန္ဓာအစိတ်အပိုင်းအချို့
ပဲ့ထွက်ကာအမှိုက်ပုံးထဲသို့ကျရောက်သွားခဲ့သည်။
သူတပါးခတ်ထုတ်လိုက်တဲ့သလိပ်ထဲမှာတောင်ငါ့
နာမည်မပါ ဆိုသောကဗျာတပိုဒ်ကိုသူသတိရလိုက်
မိသေးသည်။ခုချိန်မှာ သူ၏အာရုံတို့ကအထူးထက်မြက်
လာသည် ။သူ၏အတိတ်ရုပ်ပုံကားချပ်တို့သည် သူ့
မျက်စိရှေ့တွင် DVD ဆလိုက်ထိုးလိုက်သလို တခုချင်း
တခုချင်းပီပြင်စွာပြန်ပေါ်လာခဲ့သည်။ မိုးတိမ်တိုက်တခု
ကလေနှင့်အတူလွင့်မျောလာပြီးစိမ်းညို့တောင်တန်း
ကြီးအပေါ်မြားတန်များပမာထိုးစိုက်ခုန်ဆင်းလိုက်ကြ
သည်။သူကကြီးမားပြန့်ကားလှသောနှစ်ရှည်သစ်ပင်အို
ကြီး၏ထိပ်ဖျားပိုင်းသစ်ရွက်ကြီးတရွက်ပေါ်သို့ကျခဲ့ပြီး၊
ထိုမှတဆင့်လျောကျလာပြန်ကာ သစ်ပင်ခွကြားတွင်
တွယ်ကပ်ဖူးပွင့်နေသောရွှေရေးသစ်ခွပွင့်လေးရဲ့ပွင့်
ချပ်လွှာများအကြား စီးဝင်သွားခဲ့ပြန်သည် ။များမကြာမီ
မှာပဲ သူနှင့်သဟဇာတဖြစ်သူများနှင့်တွေ့ကြုံပေါင်းဖက်
မိကြပြီး ......သူသည်တိမ်ဖြစ်လိုက် ၊ မိုးရေစက်ဖြစ်
လိုက်၊ ကော်ဖီတခွက်ဖြစ်လိုက် ၊ ရေခဲဖြစ်လိုက် ၊ ဝီစကီ
ဖြစ်လိုက်၊သလိပ်ဖတ်ဖြစ်လိုက် ....သူ၏ အတိတ်
သံသရာတို့သည်သူမသိချင်မှသာရပ်တံ့ပေတော့မည်။
သူ၏အနာဂတ်ကရော ။ အရာရာကိုကြိုတင်ပြီးသူသိ
နေခဲ့ပြီဖြစ်သည်။ အဆုံးမဲ့စကြဝဠာဆိုတာရော ၊အကန့်အသတ်မဲ့ကာလဆိုတာရော ၊ အမည်နာမ
ပုဂ္ဂိုလ် သတ္တဝါ ၊ဝတ္ထု ပစ္စည်း ၊သက်ရှိသက်မဲ့အားလုံး
ပေါင်းလိုက်တော့ ၊အပိုအလိုမရှိ ကွက်တိ ။မနေ့က
လည်းသူတို့ ဒီနေ့လည်းသူတို့ မနက်ဖြန်လည်း
သူတို့မှတပါး ......သူသိလိုက်ပါပြီ အတိတ်ဆိုတာရော
အနာဂတ်ဆိုတာကိုပါ သိစရာအကြောင်းယုတ္တိကင်းမဲ့
ညိုမြသွေး
#story#observation
october 2014 နှင်းဆီဖြူမဂ္ဂဇင်း
No comments:
Post a Comment