Wednesday, December 10, 2014

အ​မေနှင့်​စကား​ပြောခြင်း

အားလုံးကိုချုပ်​ကိုင်​ထားလို့မရဘူးသား
တချို့လွှတ်​သင့်​တာ​တွေ လွှတ်​ရမယ်
တီဗွီဇာတ်​လမ်းထဲဝင်​ပြီး အ​မေ​ပြောလိုက်​တဲ့စကားက
ငါ့ကို အံ့အားသင့်​​စေတယ်
အ​ကောင်းကြိုက်​တတ်​တဲ့ သူ့သားကြီး
အ​ကောင်း​တွေ အများကြီးကိုင်​ထားပြီး ဒုက္ခ​တွေ့​နေတာ
အ​မေသိ​နေတယ်
အ​ကောင်း​တွေက သားကိုမ​ကောင်း​အောင်​လုပ်​​နေတယ်
အ​မေ ၊ ဒါ​ပေမယ့်​မ​ကောင်းတာ​တွေကသားကို​ကောင်း
အောင်​လုပ်​​ပေးမှာကိုလည်း သားမခံယူနိုင်​​သေးဘူး
ဟောဒီကမ္ဘာ​မြေ​ပေါ်မှာ သားကို
ကျော​ကောင်းလို့ တုတ်​​တောင်းတာလားလို့
အ​မေဆူဦးမှာလား ၊ ကျ​နော်​ဟာ မိ​ကောင်းဖခင်​သားတ​ယောက်​ပါအ​မေ ၊ဆော့ခ​ရေးတိ ဇာတ်လမ်း​​ထဲ​ပြေးဝင်​ပြီး
အ​မေ့အ​ပေါ် ​စောဒက​တွေတက်​နေမိပြန်​တယ်

ညိုမြ​သွေး

Thursday, December 4, 2014

ငါတို့အားလုံးရဲ့ ဒီဇင်္ဘာ

ငါ့ အသက်​ ၂၇ နာရီနဲ့ ၁၅မိနစ်​တိတိမှာ ဒီဇင်္ဘာ​ရောက်​လာတယ်​ ၊ ငါက နိုဝင်္ဘာ ၂၉ ရက်​ ည​နေ ၈နာရီ ၄၅
မိနစ်​မှာ ​မွေးခဲ့တာ ဆို​တော့ ဒီဇင်္ဘာဟာ အသက်​ ၁ရက်​သားသာသာရှိ​သေးတဲ့ငါ့ရဲ့ ငယ်​​ပေါင်းသူငယ်​ချင်း။
အဲဒီအချိန်​တုန်းက ငါ့ကို​မွေးခဲ့တဲ့ က​လောမြို့က​လေး
ဟာ စစ်​​မြေပြင်​နဲ့​ဝေးရာမှာ နှင်းမိုး​တွေရွာ​ကောင်းရွာ​နေ
နိုင်​တယ်​ ၊ ငါ့အ​ဖေက​တော့ ``ရန်​ကြီး​အောင်​စစ်​ဆင်
ရေး´´တဲ့ ဟိုးအ​ဝေးတ​နေရာကိုစစ်​ထွက်​​နေရှာတယ်​၊
သူဘာ​ကြောင့်​ စစ်​ဆင်​​ရေးလုပ်​​သလဲ ငါမသိဘူး ၊ငါက​အေး​အေးချမ်းချမ်းအ​မေ့နို့ကိုစို့​နေရရင်​ အလိုပြည့်​တယ်​၊
မငိုတတ်​ဘူး ၊​ကျေနပ်​တယ်​ ငါ့မှာ ရန်​သူမရှိ၊မုန်းသူမရှိ ၊
စစ်​ပွဲမရှိ ။ ဒီဇင်္ဘာ​ရေ ..သူငယ်​ချင်း​ရေ ..အဲဒီအချိန်​က
မင်းလည်းသိ ငါလည်းသိ ၊ငြိမ်းချမ်း​​ရေးသာ တို့မှာရှိ။
ခု​တော့ ငါတို့မှာ ငြိမ်းချမ်းတာဆိုဘာမှ မရှိ၊ တို့ဝန်းကျင်​မှာစစ်​ပွဲ​တွေသာ မျိုးစုံရှိ။ အမျိုးသား​ရေးဆိုင်းဘုတ်​နဲ့
ဒီဇိုင်း​တွေ အထွင်​ပြိုင်​ပြီး အနိုင်​ကျင့်​သူကကျင့်​၊ ဘာသာ
ရေးအစွန်း​ရောက်​ပြီး ကမ္ဘာ​မြေ ​သွေးအိုင်​ထွန်း​အောင်​​ချောက်​တွန်းသူကတွန်း၊ နိုင်​ငံ​ရေး စီးပွား​ရေးအမြတ်​ထွက်​​အောင်​ ဥာဏ်​နီ ဥာဏ်​နက်​​တွေနဲ့ အကွက်​ဆင်​သူကဆင်​။
ဒီဇင်္ဘာ​ရေ ..သူငယ်​ချင်း ​ရေ မင်းနဲ့ငါက
မွေချင်း အ​ဖော်​ပဲကွယ့်​. ..ဒုတိယကမ္ဘာစစ်​တုန်းက
ဘာလင်​မြို့ကိုသိမ်းအပြီး မြို့စွန်​​ကျေးလက်​​တွေကိုမဟာ
မိတ်​တပ်​​တွေဝင်​​တော့ကျည်​ကပ်​ကုန်​​အောင်​ပစ်​ခဲ့တဲ့
ဟစ်​တလာလူငယ်​အဖွဲ့ဝင်​ ချာတိတ်​​လေး​တွေကို
စစ်​သုံ့ပန်းအဖြစ်​မထားပဲ သတ်​မိန့်​​ပေးခဲ့တယ်​ ၊အခု ငါတို့
အဲဒီက​လေး​တွေကိုကယ်​ရမယ် ။ အိုင်​အက်​စ်​ဆရာကြီး
တွေမှိုင်းတိုက်​လို့ အ​သေခံဗုံးခွဲ​တော့မယ့်​ လူငယ်​​လေး​တွေကိုအချိန်​မီ ကယ်​တင်​ရ​တော့မယ်​ ။စစ်​​မြေပြင်​ဆိုတာ
လူ​တွေတီထွင်​ခဲ့တဲ့အမှားတခုသာဖြစ်​ပြီး ၊ စာသင်​​ကျောင်း​တွေဟာ လူ​တွေလုပ်​ခဲ့သမျှကိစ္စ​တွေထဲမှာ အမွန်​မြတ်​ဆုံးနဲ့ အမှန်​ကန်​ဆုံးလုပ်​ရပ်​ဖြစ်​တယ်​ဆိုတာ ဒီက​လေး
လူငယ်​​တွေကို သိ​စေရမယ်​၊ ကမ္ဘာ​လောကကြီးအ​ပေါ်
တကယ်​အုပ်​ချုပ်​နိုင်​တဲ့အစိုးရဆိုတာ ကုလသမဂ္ဂလို
အဖွဲ့အစည်းမျိုးမဟုတ်​ဘဲ စာသင်​​ကျောင်း​တွေ ၊တက္ကသိုလ်​​ကျောင်း​တော်​​တွေသာဖြစ်​တယ်​ဆိုတာကို
သူတို့သိ​စေရမယ်​ ၊ယုံကြည်​​စေရမယ်​၊ အားကိုးနိုင်​ခွင့်
ရှိ​စေရမယ်​ ။ဒါ​ကြောင့်​ပညာ​ရေးဥပ​ဒေရဲ့ အနှစ်​သာရ
ဟာ ​ကျောင်းသားလူငယ်​​တွေရဲ့လက်​​တွေ့ကျတဲ့လိုအပ်​ချက်​​တွေထဲကပဲ ​ပေါက်​ဖွားလာရမယ်​ ၊ပညာ​ရေးဥပ​ဒေကို ​ကျောင်းသားလူငယ်​​တွေကသာ ကိုယ်​ပိုင်​ပြဌာန်း
နိုင်​ရမယ်​ ၊ဘာလို့လဲဆို​တော့သမိုင်းသင်​ခန်းစာအရ
ပညာ​ရေးကို ဟစ်​တလာပြဌာန်းသည်​ဖြစ်​​စေ ၊အိုစမာဘင်​လာဒင်​ပြဌာန်းသည်​ဖြစ်​​စေ ၊ဘယ်​ဘုရားသခင်​ ဘယ်
ဆရာသမားမှ အာမမခံနိုင်​ခဲ့ကြလို့ပဲ ။
ဒီဇင်္ဘာ​ရေ ...သူငယ်​ချင်း​ရေ...ငါတို့ရဲ့ငြိမ်း​ချမ်းမှုကို ငါတို့ရဲ့အ​သွေးအသား​တွေနဲ့ ငါတို့ကိုယ်​တိုင်​ထုဆစ်​ကြပါစို့ ။

ငြိမ်းချမ်း​သော ရဟန်း၊ ရှင်​လူ ၊ပြည်​သူ.........
မြန်​မာနိုင်​ငံ၏ အ​ခြေခံအုတ်​မြစ်​ ၊

Monday, December 1, 2014

#TT NOTE#Comအားလုံးကို သနားတယ်mon Note ၂၀၀၉ ခု

#TT NOTE#Comအားလုံးကို သနားတယ်mon Note ၂၀၀၉ ခု ဇန်နဝါရီလထဲမှာ
အမှတ်ထင်ထင် တိုက်ဆိုင်မှုတခုဖြစ်ခဲ့တယ်
ငါက ဇနီးသည် ကွယ်လွန်လို့
စိတ်ကျရောဂါရခဲ့တယ်
ဟောလီးဝုဒ်က ကမ္ဘာကျော်မင်းသားဂျွန်ထရာဗိုလ်တာက
သူ့သား ကြီးဂျက်ဆုံးပါးသွားလို့
စိတ်ကျရောဂါဖြစ်ခဲ့တယ်
အဲဒီတုန်းက သူ့အသက်က ၅၆နှစ်
ငါကလည်း ၅၆နှစ်
သူက ညအချိန်မတော်ကြီးမှာ တင်းနစ်ရိုက်ချင်ရိုက်နေ
တတ်သလို
ငါကလည်း သူငယ်ချင်းတယောက်ရဲ့ကုမ္ပဏီရုံးခန်းမှာ
ညလုံးပေါက် အင်တာနက်ထိုင်ချင်ထိုင်နေလိုက်တယ်
သူရော ငါပါ သွေးလေခြောက်ခြား
အိပ်မရတဲ့ညအသင်္ချေကို ကိုယ်သန်ရာနည်းလမ်းနဲ့
ဖြတ်သန်းခဲ့ကြရတယ်
သူကဘုရားကျောင်းတွေသွား လိုသွား စိတ်ကုပညာရှင်တွေနဲ့ကုလိုကု
ငါက ဓမ္မာရုံတွေသွား အဘိဓမ္မာ သင်တန်းတွေတက်
သူ့မှာကိုယ်ပိုင်လေယာဉ်ကွင်းရှိတယ်
မြေဧကများစွာနဲ့ နန်းတော်တမျှ အိမ်ကြီးအိမ်ကောင်းတွေရှိတယ် ၊ ဒေါ်လာသန်းပေါင်း
များစွာနဲ့ ဇနီးသည်နဲ့ ကလေးတယောက်နဲ့အသိုင်းဝိုင်းတွေနဲ့
ငါ့မှာ BSA စက်ဘီးစုတ်ကလေးနဲ့
အိမ်လခက တလတခါ နှစ်သောင်းပေးရတဲ့ဆယ်ပေခန်း
လေးနဲ့ ၊ ကဗျာဆရာသူငယ်ချင်း၊ဓမ္မမိတ်ဆွေ လေးငါးယောက်နဲ့ အိမ်သုံးပစ္စည်းအဟောင်းမြင်းတချို့နဲ့
စာနာတတ်သူ အိမ်နီးချင်းတချို့နဲ့
ခုဆို သူရော ငါပါ အဖြစ်ဟောင်းတွေနဲ့ ငါးနှစ်ကွာခဲ့ပြီ
ဒီမှာထရာဗိုလ်တာ ခုမင်းဘာလုပ်နေသလဲ
Face off လိုကားမျိုး Sword fish လိုကားမျိုးတွေ
ထပ်ရိုက်ဖြစ်သေးလား
ငါတော့ Transitional period ဇာတ်ကားမှာ
ကဗျာဆရာခန်းကဝင်သရုပ်ဆောင်နေတယ်
Market economy ကတော့ ခရိုနီတွေဇာတ်ညွှန်းရေးနေတုန်း
သြော် ဒါနဲ့သူငယ်ချင်း ရော်ဘင်ဝီလျံအသုဘ
လိုက်ပို့ဖြစ်သေးလား
စိတ်ကျရောဂါနဲ့ဆွဲကြိုးချသေသတဲ့ကွာ
သူ့ အသက်က ၆၃ နှစ်ဆိုတော့ ငါတို့ထက် ၂နှစ်ကျော်
ကြီးမှာပေါ့ ၊ ငါလည်းတခါတခါ သူ့လိုအတွေးမျိုးဝင်ဖူးရဲ့
ဒါပေမယ့် တို့ဆီမှာသေချင်ရင် အလကားသေလိုက်မယ့်အစား အများအတွက်သေပေးလို့ရတဲ့ကိစ္စတွေကအများသားကွ။
အေးလေ မင်းတို့ဘဝနဲ့ ငါ့ဘဝကမိုးနဲ့မြေကွာသလို
အရမ်းကြီးကိုကွာပါတယ်
ဒါပေမယ့်ငါ့မှာမင်းတို့ထက်သာတာကတော့
အဆမတန်ဒုက္ခကို ကိုယ်ဖော့ပြီးနေတတ်တဲ့ပညာပဲကွ
ထရာဗိုလ်တာရေ မင်းကရုပ်ရှင်ထဲမှာသာဖိုက်တင်ပလေး
ပြီး ငါကတကယ့်ဘဝထဲမှာ ဖိုက်တင်ပလေးနေတာကွ
ရော်ဘင်ဝီလျံက ရုပ်ရှင်ထဲမှာဟာသဖောက်ပြီး
သူ့ဘဝသူတော့ဟာသမဖောက်နိုင်ခဲ့ဘူး
ငါကတော့ ငါ့ဘဝကို ဟာသတခုလိုရယ်မောပစ်နိုင်တယ်
နိုင်ငံခြားကပြန်လာတဲ့ ငါ့သူငယ်ချင်း တချို့ကငါစားသောက်နေကျဆိုင်ကလေးတွေကိုရွံသတဲ့
ရွှံဗွက်ထဲလမ်းလျောက်ရတာကိုမုန်းသတဲ့
ဘတ်စကားမစီးတတ်လို့တက္ကစီငှားစီးရသတဲ့
အဲဒါတွေကလူ့အခွင့်အရေးတွေပဲ
ငါ့မှာ သူတို့ကိုအပြစ်ပြောခွင့်မသာဘူး
အဲ ပြောနိုင်တာဆိုလို့ မင်းတို့အားလုံးထက်သာတဲ့
ငါ့အရည်အချင်းက လမ်းကြမ်းကြမ်းကိုလျောက်နိုင်တဲ့
ခြေထောက်တစုံနဲ့ ဒုက္ခတွေကိုဟာသဖြစ်အောင်လုပ်လိုက်နိုင်တဲ့
နှလုံးသားတခု
ငါ့မှာရှိတာမျိုး မင်းတို့မှာဘယ်တော့မှမရှိနိုင်ဘူးဆိုတာ
ဘဝချင်းထပ်ပြီးလောင်းရဲတယ်

ညိုမြသွေး

2014 ဒီဇင်္ဘာလထုတ်​ နှင်းဆီဖြူမဂ္ဂဇင်း
poem#observation#shinlhu