Monday, December 1, 2014

#TT NOTE#Comအားလုံးကို သနားတယ်mon Note ၂၀၀၉ ခု

#TT NOTE#Comအားလုံးကို သနားတယ်mon Note ၂၀၀၉ ခု ဇန်နဝါရီလထဲမှာ
အမှတ်ထင်ထင် တိုက်ဆိုင်မှုတခုဖြစ်ခဲ့တယ်
ငါက ဇနီးသည် ကွယ်လွန်လို့
စိတ်ကျရောဂါရခဲ့တယ်
ဟောလီးဝုဒ်က ကမ္ဘာကျော်မင်းသားဂျွန်ထရာဗိုလ်တာက
သူ့သား ကြီးဂျက်ဆုံးပါးသွားလို့
စိတ်ကျရောဂါဖြစ်ခဲ့တယ်
အဲဒီတုန်းက သူ့အသက်က ၅၆နှစ်
ငါကလည်း ၅၆နှစ်
သူက ညအချိန်မတော်ကြီးမှာ တင်းနစ်ရိုက်ချင်ရိုက်နေ
တတ်သလို
ငါကလည်း သူငယ်ချင်းတယောက်ရဲ့ကုမ္ပဏီရုံးခန်းမှာ
ညလုံးပေါက် အင်တာနက်ထိုင်ချင်ထိုင်နေလိုက်တယ်
သူရော ငါပါ သွေးလေခြောက်ခြား
အိပ်မရတဲ့ညအသင်္ချေကို ကိုယ်သန်ရာနည်းလမ်းနဲ့
ဖြတ်သန်းခဲ့ကြရတယ်
သူကဘုရားကျောင်းတွေသွား လိုသွား စိတ်ကုပညာရှင်တွေနဲ့ကုလိုကု
ငါက ဓမ္မာရုံတွေသွား အဘိဓမ္မာ သင်တန်းတွေတက်
သူ့မှာကိုယ်ပိုင်လေယာဉ်ကွင်းရှိတယ်
မြေဧကများစွာနဲ့ နန်းတော်တမျှ အိမ်ကြီးအိမ်ကောင်းတွေရှိတယ် ၊ ဒေါ်လာသန်းပေါင်း
များစွာနဲ့ ဇနီးသည်နဲ့ ကလေးတယောက်နဲ့အသိုင်းဝိုင်းတွေနဲ့
ငါ့မှာ BSA စက်ဘီးစုတ်ကလေးနဲ့
အိမ်လခက တလတခါ နှစ်သောင်းပေးရတဲ့ဆယ်ပေခန်း
လေးနဲ့ ၊ ကဗျာဆရာသူငယ်ချင်း၊ဓမ္မမိတ်ဆွေ လေးငါးယောက်နဲ့ အိမ်သုံးပစ္စည်းအဟောင်းမြင်းတချို့နဲ့
စာနာတတ်သူ အိမ်နီးချင်းတချို့နဲ့
ခုဆို သူရော ငါပါ အဖြစ်ဟောင်းတွေနဲ့ ငါးနှစ်ကွာခဲ့ပြီ
ဒီမှာထရာဗိုလ်တာ ခုမင်းဘာလုပ်နေသလဲ
Face off လိုကားမျိုး Sword fish လိုကားမျိုးတွေ
ထပ်ရိုက်ဖြစ်သေးလား
ငါတော့ Transitional period ဇာတ်ကားမှာ
ကဗျာဆရာခန်းကဝင်သရုပ်ဆောင်နေတယ်
Market economy ကတော့ ခရိုနီတွေဇာတ်ညွှန်းရေးနေတုန်း
သြော် ဒါနဲ့သူငယ်ချင်း ရော်ဘင်ဝီလျံအသုဘ
လိုက်ပို့ဖြစ်သေးလား
စိတ်ကျရောဂါနဲ့ဆွဲကြိုးချသေသတဲ့ကွာ
သူ့ အသက်က ၆၃ နှစ်ဆိုတော့ ငါတို့ထက် ၂နှစ်ကျော်
ကြီးမှာပေါ့ ၊ ငါလည်းတခါတခါ သူ့လိုအတွေးမျိုးဝင်ဖူးရဲ့
ဒါပေမယ့် တို့ဆီမှာသေချင်ရင် အလကားသေလိုက်မယ့်အစား အများအတွက်သေပေးလို့ရတဲ့ကိစ္စတွေကအများသားကွ။
အေးလေ မင်းတို့ဘဝနဲ့ ငါ့ဘဝကမိုးနဲ့မြေကွာသလို
အရမ်းကြီးကိုကွာပါတယ်
ဒါပေမယ့်ငါ့မှာမင်းတို့ထက်သာတာကတော့
အဆမတန်ဒုက္ခကို ကိုယ်ဖော့ပြီးနေတတ်တဲ့ပညာပဲကွ
ထရာဗိုလ်တာရေ မင်းကရုပ်ရှင်ထဲမှာသာဖိုက်တင်ပလေး
ပြီး ငါကတကယ့်ဘဝထဲမှာ ဖိုက်တင်ပလေးနေတာကွ
ရော်ဘင်ဝီလျံက ရုပ်ရှင်ထဲမှာဟာသဖောက်ပြီး
သူ့ဘဝသူတော့ဟာသမဖောက်နိုင်ခဲ့ဘူး
ငါကတော့ ငါ့ဘဝကို ဟာသတခုလိုရယ်မောပစ်နိုင်တယ်
နိုင်ငံခြားကပြန်လာတဲ့ ငါ့သူငယ်ချင်း တချို့ကငါစားသောက်နေကျဆိုင်ကလေးတွေကိုရွံသတဲ့
ရွှံဗွက်ထဲလမ်းလျောက်ရတာကိုမုန်းသတဲ့
ဘတ်စကားမစီးတတ်လို့တက္ကစီငှားစီးရသတဲ့
အဲဒါတွေကလူ့အခွင့်အရေးတွေပဲ
ငါ့မှာ သူတို့ကိုအပြစ်ပြောခွင့်မသာဘူး
အဲ ပြောနိုင်တာဆိုလို့ မင်းတို့အားလုံးထက်သာတဲ့
ငါ့အရည်အချင်းက လမ်းကြမ်းကြမ်းကိုလျောက်နိုင်တဲ့
ခြေထောက်တစုံနဲ့ ဒုက္ခတွေကိုဟာသဖြစ်အောင်လုပ်လိုက်နိုင်တဲ့
နှလုံးသားတခု
ငါ့မှာရှိတာမျိုး မင်းတို့မှာဘယ်တော့မှမရှိနိုင်ဘူးဆိုတာ
ဘဝချင်းထပ်ပြီးလောင်းရဲတယ်

ညိုမြသွေး

2014 ဒီဇင်္ဘာလထုတ်​ နှင်းဆီဖြူမဂ္ဂဇင်း
poem#observation#shinlhu

No comments:

Post a Comment